Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

၂၀၂၂ ကမ္ဘာ့ဖလားတွင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီခြောက်ထည်ကို ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင် ရောင်းချ

December 17, 20231 Min Read
Share
Facebook Twitter

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဝတ်ဆင်ခဲ့သည့် ဂျာစီများအနက် ခြောက်ထည်ကို ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင် ရောင်းချခဲ့ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ဂျာစီခြောက်ထည်ကို ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Sotheby’s အနုပညာကုမ္ပဏီ ရုံးချုပ်၌ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

လေလံတင်ရောင်းချခဲ့သည့် ဂျာစီများမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်နှစ်ပွဲ၊ ၁၆ သင်း အဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များ၏ ပထမပိုင်းတွင် မက်ဆီ ဝတ်ဆင်ခဲ့သည့် ဂျာစီများဖြစ်သည်။

အဆိုပါ ဂျာစီခြောက်ထည်ကို စုစုပေါင်း ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် လေလံတင်ရောင်းချခဲ့ရပြီး ယခုနှစ်အတွင်းရောင်းချသည့် အားကစားအမှတ်တရပစ္စည်းများနှင့် မက်ဆီ၏ အမှတ်တရပစ္စည်းများအနက် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

သို့သော် ယခုရောင်းချမှုမှာ ၂၀၂၂ ခုနှစ် မေလတွင် ဘောလုံးလောက၏ တန်ဖိုးအမြင့်ဆုံး လေလံတင်ရောင်းချမှုအဖြစ် ဒေါ်လာ ၉ ဒသမ ၂၈ သန်းဖြင့် စံချိန်တင်ခဲ့သည့် အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ၏ “Hand of God” ဂိုးသွင်းယူစဉ် ဝတ်ဆင်ခဲ့သည့် ဂျာစီတန်ဖိုးထက် နည်းပါးခဲ့ကြောင်း သိရသည်။

အားကစားလောကသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်ဆုံး ပွဲအတွင်းဝတ်ဆင်သည့် ဂျာစီ စံချိန်တင်ရောင်းချရမှုမှာ ၁၉၉၈ NBA Finals ပွဲစဉ် (၁) တွင် အမေရိကန်ဂန္ထဝင် ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်ဝတ်ဆင်ခဲ့သည့်ဂျာစီကို ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဒေါ်လာ ၁၀ ဒသမ ၁ သန်း ဖြင့် ရောင်းချခဲ့ရခြင်းဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအသင်းကစားသမားများအနေဖြင့် နည်းပြ တန်ဟက်ဂ်အပေါ် ယုံကြည်မှု အပြည့်အဝရှိကြောင်း မန်ယူဝါရင့်နောက်ခံကစားသမား အီဗန်စ်ပြောကြား
Next Article အက်သလက်တီကိုမက်ဒရစ်အသင်းသည် ဥရောပတွင် မိမိကစားသည့် နောက်ဆုံးကလပ်အသင်းဖြစ်လိမ့်မည်ဟု ၀ါရင့်တိုက်စစ်ကစားသမား ဂရီးဇ်မန်း ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.