Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Global Anti-epidemic 5 Views

ကိုဗစ်-၁၉ နောက်ဆက်တွဲရောဂါများနှင့် ကမ္ဘာ့စီးပွားရေး

December 17, 20231 Min Read
Share
Facebook Twitter

၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်က တရုတ်နိုင်ငံဝူဟန်မြို့မှကပ်ရောဂါအသွင်နဲ့ ကမ္ဘာတစ်ဝန်းပျံ့နှံ့ခဲ့တဲ့ကိုဗစ်-၁၉ ဟာတစ်ကျော့ပြန်ဖြစ်လာနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်ဒီဇင်ဘာ ၁၄ ရက်အထိကမ္ဘာပေါ်မှာကိုဗစ်ကူးစက်သူ ၆၉၉ သန်းနဲ့ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၉ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာကိုဗစ်-၁၉ ဖြစ်ပွားသူ ၆၄၁၃၈၃ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၅ ဦးရှိခဲ့ပြီပဲဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်စင်ကာပူ ကိုဗစ် -၁၉ သတင်းအရကိုရိုနာဗိုင်းရပ် (covid-omicronXBB) ဗားရှင်းအသစ်ဟာ ကွဲပြားသလို လူကိုသေစေနိုင်ပြီး ကောင်းစွာသိရှိဖို့မလွယ်ကူတာကြောင့် လူတိုင်းနှာခေါင်းစည်းတပ်ဆင်ဖို့ အကြံပြုလာပါတယ်။

အိုမီခရွန်(omicronXBB)မျိုးကွဲအသစ်ရဲ့လက္ခဏာတွေကချောင်းဆိုးတာမရှိ၊ အဖျားမရှိလို့ပေါ့ဆကြပါတယ်။ အများအားဖြင့်အဆစ်နာခြင်း၊ခေါင်းကိုက်ခြင်း၊လည်ပင်းနာခြင်း၊အပေါ်ပိုင်းပါနာခြင်း၊နမိုးနီးယား၊ အစာစားချင်စိတ်မရှိခြင်းတို့ဖြစ်ကြပါတယ်။ကိုဗစ်အိုမီရွန်(XBB)မျိုးကွဲဟာငါးဆပြင်းထန်ပြီးဒယ်တာ(Delta)မျိုးကွဲထက်သေဆုံးနူန်းပိုမိုမြင့်မားပါတယ်။ ရောဂါဟာပြင်းထန်မှုရောက်ရှိဖို့ အချိန်တိုပြီး တစ်ခါတစ်ရံမှာထင်ရှားတဲ့လက္ခဏာများမပြတတ်ပါဘူး။ အဆိုပါဗိုင်းရပ်အမျိုးအစားဟာအာခေါင်(nasopharynx)ခံတွင်းဝမှာမနေထိုင်ဘဲ အချိန်တိုအတွင်းအဆုတ်ကိုတိုက်ရိုက်သက်ရောက်ပါတယ်။ ကိုဗစ်အိုမီခရွန်(XBB)နဲ့ရောဂါအမည်တပ်ထားတဲ့လူနာအများအပြားကိုနောက်ဆုံးမှာအဖျားမရှိ၊နာကျင်မှုမရှိလို့ခွဲခြားသတ်မှတ်ခဲ့ပေမဲ့ ဓာတ်မှန်ရလဒ်များကအပျော့စားရင်ခေါင်းအဆုတ်ရောင်ခြင်းပြသခဲ့ပါတယ်။

နှာခေါင်းတို့ဖတ်(Nasal swab)စမ်းသပ်မှုများဟာ ကိုဗစ်အိုမီခရွန်(XBB)အတွက်အချက်လက္ခဏာရလဒ်များမကြာခဏပေးပြီးတိုးပွားလာပါတယ်။အဆိုပါဗိုင်းရပ်ဟာရပ်ရွာအတွင်းပျံ့နှံ့နိုင်ပြီးအဆုတ်ကိုတိုက်ရိုက်ကူးစက်နိုင်ကာပြင်းထန်တဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာဖိစီးမှုဖြစ်စေနိုင်တဲ့ဗိုင်းရပ်အဆုတ်ရောင်ရောဂါဖြစ်စေပါတယ်။ ကိုဗစ်(covid omicron XBB) ဟာအလွန်ကူးစက်လွယ်တယ်။ အလွန်ပြင်းထန်ပြီးသေစေနိုင်တဲ့အကြောင်းဖြစ်ပါတယ်။ လူစုလူဝေးရှိတဲ့နေရာများကိုရှောင်ကြည်ခြင်း၊ ပွင့်လင်းရာသီတွေမှာယူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွာခြင်း၊နှာခေါင်းစည်းတပ်ခြင်း၊ လက်ကိုရေ၊ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာပွတ်တိုက်ဆေးကြောခြင်း၊လူစုလူဝေးရှောင်ခြင်း၊လေဝင်လေထွက်ကောင်းအောင်စီမံခြင်းတို့လိုအပ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်နဲ့ထပ်ဆင်မြှင့်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံဖို့လိုပါတယ်။

ကိုဗစ်ဖြစ်စဉ်ကိုကြည့်ရင် ရောဂါပိုးဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ၊ တုပ်ကွေးလက္ခဏာများခံစားရပြီးတစ်ပတ်နှစ်ပတ်အတွင်းသက်သာသွားပေမဲ့ ဗိုင်းရပ်ပိုးကို(PCR)နည်းနဲ့တစ်လအတွင်းဆက်လက်တွေ့ရှိနိုင်တယ်။ အချို့လူနာတွေဟာ ကိုဗစ်ဖြစ်ပြီး သုံးလ၊ခြောက်လကြာအောင်ရောဂါပိုးမတွေ့ရှိပေမဲ့ ရောဂါလက္ခဏာများခံစားနေရတာကိုတွေရှိရတယ်။ တစ်ကိုယ်လုံးနုံးချည့်နေခြင်း၊ အဆစ်အမြစ်များနာကျင်ခြင်း၊ကြွက်သားများအားနည်းခြင်း၊မောပန်းနွမ်းနယ်ခြင်း၊ချောင်းဆိုးခြင်း၊အောက်ဆီဂျင်ရှူဖို့လိုအပ်ခြင်း၊ရင်တုန်ခြင်း၊ဆံပင်ကျွတ်ခြင်း၊သွေးကြောပိတ်ဆို့ခြင်းနဲ့ နာတာရှည်ကျောက်ကပ်များအားနည်းခြင်းကိုခံစားရပါတယ်။ဦးနှောက်အာရုံကြောနဲ့စိတ်ကျန်းမာရေးဆိုင်ရာဝေဒနာတွေဖြစ်တဲ့ခေါင်းကိုက်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အိပ်မပျော်ခြင်း၊စိတ်ပူပင်သောကများပြီးစိတ်ဓာတ်ကျခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းဆုံးရူံးမှုများအတွက်စိတ်ဖိစီးမှုများခြင်းတို့ခံစားရကြောင်း တွေ့ရှိရပါတယ်။

ကိုဗစ်-၁၉နောက်ဆက်တွဲလက္ခဏာများမှာ ဦးနှောက်အာရုံကြောဆိုင်ရာအသိဉာဏ်အားနည်းမှုကိုတရုတ်နိုင်ငံမှာပြုလုပ်တဲ့သုတေသနစာတမ်းမှာ ကိုဗစ် – ၁၉ရောဂါဖြစ်ပွားပြီးအသက်ရှင်ကျန် ရစ်သူသုံပုံတစ်ပုံမှာ‌တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။ သုတေသနများရဲ့ ဦးနှောက်စွမ်းရည်ကျဆင်းမှု ၃၂ ရာခိုင်နှုန်း၊မှတ်ဉာဏ်ချို့ယွင်းမှု ၃၅ ရာခိုင်နှုန်း၊ အာရုံမစူးစိုက်နိုင်မှု ၂၁ ရာခိုင်နှုန်းတွေ့ရှိရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ထားတဲ့လူတစ်သန်းကို ရောဂါကူးစက်ခံစားရခြင်းမရှိတဲ့သူများနဲ ့နှိုင်းယှဉ်စမ်းသပ်ရာမှာ အသိဉာဏ်ချို့ယွင်းမှုဆိုင်ရာရောဂါဖြစ်ပြီး ခြောက်လနှစ်နှစ်မှာဖြစ်လာတာကိုတွေ့ရှိရကြောင်းဖော်ပြခဲ့ပါတယ်။

ကိုဗစ်ရောဂါဖြစ်စေတဲ့ဆားကိုဗီတူးဗိုင်းရပ်ဟာမကြာခဏမျိုးဗီဇပြောင်းလဲတာကိုကြုံရပါတယ်။ ဒါကဗိုင်းရပ်ရဲ့သဘောသဘာဝဖြစ်တယ်။ကိုဗစ်ဗီဇမျိုးကွဲတွေဖြစ်လာရတာက ကာကွယ်ဆေးမထိုးတာနဲ့ လက်ရှိကုသနေတဲ့ကုထုံးတွေ မတိုးတာတွေဖြစ်တတ်ပါတယ်။ လောလောဆယ်အိတ်ဘီဘီတူးပွိုင့်အိတ်စစ်(XBB2.86)နဲ့အီးဘီဖိုက်(EB.5)မျိုးကွဲခေါင်းထောင်လာလို့အမေရိကန်ကအသစ်ခွင့်ပြုထားတဲ့ကိုဗစ်ကာကွယ်ဆေးကိုထပ်ဆင့်မြှင့်ကာကွယ်ဆေးအနေနဲ့နိုင်ငံနဲ့အဝန်းထိုးနှံသွားဖို့ဆော်ဩထားတယ်။

လူတို့ဖန်တီးတဲ့ပဋိပက္ခများ၊ စစ်ပွဲများနဲ့ပြည့်နှက်နေတဲ့ယနေ့ကမ္ဘာကြီးရဲ့နေရာအတော်များများမှာ မျက်နှာမွဲလူအများမျက်ရည်ရွှဲစို၊ သောကပိုကြရတယ်။ ကြီးနိုင်ငယ်ညှဉ်းကမ္ဘာကြီးထဲမှာအင်အားကြီးနိုင်ငံများရဲ့အုပ်စုဖွဲ့မှုအောက်မှာ အင်အားကြီးနိုင်ငံများရဲ့နိုင်ငံအလတ်တို့ဟာ မြေစာပင်ဖြစ်ခဲ့ကြတယ်။ သူတို့လိုချင်တဲ့ငြိမ်းချမ်းသာယာဝပြောတဲ့ကမ္ဘာသစ်ကြီးကို မျှော်လင့်နေကြဆဲဖြစ်တယ်။

ကမ္ဘာကြီးရဲ့ကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးခွင့်အရှိဆုံး၊ ပြဿနာအရှာနိုင်ဆုံး၊ အကောင်းအဆိုးနှစ်ရပ်စလုံးကိုပြုလုပ်နိုင်စွမ်းရှိတဲ့အင်အားကြီး သုံးနိုင်ငံပဲရှိတယ်။ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ဖြစ်ပါတယ်။ ရုရှားက ယူကရိန်းမှာ စစ်ပန်းနေတယ်။ ပါဝါကြီးသုံးနိုင်ငံခေါင်းဆောင်များ၊ သူတို့ရဲ့အဖွဲ့အစည်းများ၊ သူတို့မိတ်ဖက်နိုင်ငံများအနေနဲ့ကမ္ဘာကြီးကောင်းကျိုးအတွက်သူတို့ရဲ့နှလုံးသားများ၊ ဦးနှောက်များကိုဘယ်လိုအသုံးချကြမလဲ။ ဆင်းရဲချမ်းသာ လူ့အဖွဲ့အစည်းအားလုံးငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်မယ့် ကမ္ဘာသစ်ကိုဖန်တီးနိုင်လိမ့်မယ်လို့ ယနေ့ထိတိုင်လူမွဲများ ယုံကြည်နေကြဆဲဖြစ်တယ်။

အတိတ်ကာလလူ့သမိုင်းတစ်လျှောက်အပြိုင်ဖြစ်ပေါ်လာတဲ့အင်ပါယာများ၊နိုင်ငံများဟာအပြန်အလှန်စိုးရိမ်မှုတွေနဲ့အင်အားဖြည့်တင်းတည်ဆောက်ရင်းနောက်ဆုံးမှာနှစ်ဖက်ပျက်စီးစေနိုင်တဲ့ သူဝီဒီးထောင်ချောက်ထဲ ရောက်ရှိပိတ်မိသွားခဲ့ကြတဲ့အခြေအနေအတွေ့အကြုံများကို သိရှိခဲ့ကြပြီးဖြစ်တယ်။ သူဝီဒီးထောင်ချောက်ဟာ အတိတ်ကိုကိုယ်စားပြုတယ်။ အနာဂတ်အတွက်မဟုတ်။ အင်အားကြီးနိုင်ငံကြီးတွေမှာ အတိတ်ကကြုံတွေ့သိရှိခဲ့ပြီးဖြစ်တဲ့အမှားများထပ်မံပြုလုပ်ကြဦးမှာလား။ သမိုင်းက အမေရိကန်နဲ့တရုတ်သူစီဒီဒီးစ်ထောင်ချောက်ထဲကို ထပ်မံပို့ဆောင်ပေးဦးမှာလား။ ထပ်မံဖန်တီးခွင့်ပြုတော့မှာ မဟုတ်လို ့တွေးမိတယ်။ သမိုင်းတစ်လျှောက် အချိန်ပေးရယူခဲ့ကြတဲ့ လူတို့ရဲ့ယဉ်ကျေးမှုများကိုပြန်လည်ဖျက်ဆီးခြင်းနဲ့ ကမ္ဘာမြေကိုထိခိုက်စေခြင်း သဘောသာရှိတယ်။

နိုင်ငံတစ်နိုင်ငံဟာ နှစ်ကြိမ်မစဉ်းစားဘဲ စစ်ပွဲတစ်ပွဲကိုစတင်လိုက်ခြင်းဟာ ရူးမိုက်ခြင်းသာဖြစ်ကြောင်း ဦးဆောင်သူကာယကံရှင်ကိုယ်တိုင်နဲ့ သူ့ရဲ့နောက်လိုက်များ၊ သူ့ရဲ့နိုင်ငံသားများ၊ လူသားများအားလုံးနဲ့သူ့ရဲ့ရန်သူများအပေါ်ကိုပါ ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့အပြုအမူဖြစ်တာကို ရုရှား-ယူကရိန်းပဋိပက္ခနဲ့အစ္စရေး၊ ပါလက်စတိုင်းစစ်ပွဲတို့ကအနီးကပ်ဆုံးသရုပ်ဖော်သတိပေးခဲ့ပြီလို့ဆိုရပါမယ်။အဆိုပါအခြေအနေများဟာလက်တွေ့ကျတဲ့ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုလူသားတို့မျက်မြင်တွေးခဲ့ကြပြီး ဆက်လက်လည်းသတိပေးနေသလိုဖြစ်တယ်။ သေချာတာကကမ္ဘာကြီးဟာ အောင်နိုင်သူမရှိဘဲ အမှောင်ထဲကျရောက်သွားနိုင်မယ်လို့ သတိပေးနေသလိုဖြစ်တယ်။

တရုတ်နဲ့အမေရိကန်နိုင်ငံဟာစီးပွားရေးနဲ့ပတ်သက်လို့ကိုဗစ်မဖြစ်ခင်သမ္မတဒေါ်နယ်ထရန့်လက်ထက်ကထိပ်တိုက်ရင်ဆိုင်ဖူးခဲ့ကြပြီး စဉ်းစားသင်ခန်းစာယူသင့်ပြီဖြစ်ပါတယ်။ ဒါမှပဲသဟဇာတရှိရှိအတူယှဉ်တွဲနေထိုင်ရေးနဲ့နှစ်ဖက်အကျိုးပြုဖြစ်ထွန်းစေတဲ့ရလဒ်ကောင်းများဆီ ဦးတည်သွားနိုင်မှာပဲဖြစ်တယ်။နှစ်နိုင်ငံဟာတစ်နိုင်ငံနဲ့တစ်နိုင်ငံပံ့ပိုးမှု၊အင်အားဖြစ်စေမှုတို့နဲ့ယဉ်ကျေးမှုဖလှယ်မှုတွေမှာအပြန်အလှန်သင်ယူနိုင်တယ်။ရုပ်ကြွင်းစွမ်းအင်အသုံးပြုခြင်းကိုကျော်လွန်နိုင်ရေး၊နည်းပညာသစ်နဲ့စွမ်းအင်သစ်များအတွက်ဆန်းသစ်တီထွင်မှုများပြုလုပ်ခြင်းဟာလူသားတို့အတွက်လမ်းကြောင်းသစ်များဖောက်လုပ်ပေးခြင်းဖြစ်တယ်။

တရုတ်နဲ့အမေရိကန်တို့ဟာ တစ်ဖက်နိုင်တစ်ဖက်ရှုံးကိုဦးတည်တဲ့ဇီးရိုးဆန်းဂိမ်း(Zero sun games)နဲ့သံယံဇာတအရင်းအမြစ်များအတွက်ယှဉ်ပြိုင်ဖို့လိုအပ်နေသေးသလားဆိုတော့၊အင်အားကြီးနိုင်ငံဆီဦးတည်နေပေမဲ့ တရုတ်ဟာဖွံ့ဖြိုးဆဲနိုင်ငံကြီးဖြစ်တယ်။တရုတ်ဟာပြည်တွင်းဝယ်လိုအား၊ရောင်းလိုအားအခြေအနေကောင်းလျက်၊စီးပွားရေးအင်အားကလည်းလျင်မြန်စွာတိုးချဲ့လာနေတယ်။အနာဂတ်ကာလမှာတရုတ်နိုင်ငံဟာအမေရိကန်နဲ့ဥရောပဒေသများဆီစက်မှုလုပ်ငန်းများနေရာပြောင်းရွှေ့စရာမလိုဘဲ၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်သူ့ရဲ့ပြည်တွင်းအခြေအနေနဲ့လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်တယ်။ ကမ္ဘာ့အကြီးဆုံးစျေးကွက်ဖြစ်လာနိုင်တယ်။ တရုတ်နဲ့အမေရိကန်တို့ဟာနှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်မက်လုံးများဖန်တီးကာနှစ်နိုင်ငံလိုအပ်ချက်ကိုအပြန်အလှန်အင်အားဖြည့်နိုင်မယ်လို့ယူဆကြတယ်။ အဆိုပါအခြေအနေဟာနိုင်ငံစလုံးကို သူဝီဒီးဒီးထောင်ချောက်မှလွတ်မြောက်သွားဖို့အထောက်အကူပေးပါလိမ့်မယ်။

တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံရှိပညာရပ်ဆိုင်ရာအသိုင်းအဝိုင်းများကလည်းနှစ်နိုင်ငံကြား၊နိုင်ငံရေး၊စီးပွားရေး၊သိပ္ပံပညာ၊လူမှုရေးနဲ့အခြားနယ်ပယ်များမှာအပြန်အလှန်ဖလှယ်မှုများပြုလုပ်ကာ၊ပညာရပ်ဆိုင်ရာပံ့ပိုးကူညီမှုများအပြန်အလှန်ပြုလုပ်ဖို့လိုအပ်လာပါတယ်။နှစ်နိုင်ငံဆက်ဆံရေးကိုပြန်လည်အဆင်ပြေစေရေးအတွက်အမြော်အမြင်ရှိမှု၊ခိုင်မာတည်ကြည်မှုနဲ့အတူချဉ်းကပ်ဖို့လိုအပ်ပါတယ်။

တစ်ဦးနဲ့တစ်ဦး၊တစ်ဖွဲ့နဲ့တစ်ဖွဲ့၊တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားယှဉ်ပြိုင်တိုက်ခိုက်မှုများနေရာမှာပူးပေါင်းဆောင်ရွက်မှု၊တစ်ဖွဲ့တစ်အုပ်စုတစ်နိုင်ငံကိုသာအထူးအလေးပေးရမှာအားလုံးတန်းတူပါဝင်မှု၊စိန်ခေါ်မှုများနေရာမှာအခွင့်အလမ်းများစသဖြင့်အစားထိုးရောက်ရှိလာမယ်လို့ထစ်ထစ်ချယုံကြည်နေကြတယ်။

တရုတ်အမေရိကန်ဆက်ဆံရေးပါရာဒိုင်းအရွေ့၊အသစ်ဖော်ဆောင်နိုင်မယ့်အခြေအနေသစ်တစ်ရပ်ဖြစ်လာတဲ့အချိန်မှာ(၂၁)ရာစုရဲ့ကျန်ရှိတဲ့လေးပုံသုံးပုံအချိန်ကာလများမှာကမ္ဘာကြီးတစ်ခုလုံးတည်ငြိမ်အေးချမ်းတဲ့လမ်းကြောင်းပေါ်မှာပြန်လည် လျှောက်လှမ်းခွင့်ရပါ့မလား။တရုတ်သမ္မတရွှီကျင့်ဖျင်ကတော့အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဖိတ်ကြားမှုနဲ့အမေရိကန်ရောက်ရှိသွားခြင်းဟာအကောင်းဖက်ကမျှော်လင့်နေသူများစောလွန်းနေပါသေးတယ်။

အားလုံးမှာတူညီတဲ့မျှော်လင့်ချက်၊ပြင်းပြတဲ့ဆန္ဒများရှိနေတယ်။ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကိုတည်ငြိမ်တဲ့ဆက်ဆံမှုများရရှိခံစားစေလိုတယ်။နှစ်နိုင်ငံနိုင်ငံသားများကြရင်းနှီးကျွမ်းဝင်တဲ့ဆက်သွယ်ခင်မင်မှုများထိန်းသိမ်းစေလိုတယ်။ဖြစ်ပေါ်လာတဲ့အပေါင်းလက္ခဏာဆောင်တဲ့အကျိုးဆက်များကိုကမ္ဘာ့နိုင်ငံအားလုံးရရှိခံစားစေချင်ကြတယ်။ဆုံးဖြတ်ချက်များအတွက်အနာဂတ်မျိုးဆက်၊နောင်လာနောင်သားများပေးဆပ်လို့ရန်လိုမုန်းတီးမှု၊မနာလိုဝန်တိုမှုကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးဆက်များကိုလက်ဆင့်ကမ်းအမွေအဖြစ်မခံစားစေလိုတော့ကြပါဘူး။အကောင်းမြင်သဘောရှုမြင်ကြပါတယ်။ ။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအမေရိကန် အင်ဖလေးရှင်း ခြေရာကောက်
Next Article မစိုက်ပျိုးနိုင်တဲ့ အခြေအနေ၊ ရောင်းရေးဝယ်တာ အခက်အခဲ၊ လုံခြုံမှုအားနည်းခြင်းတွေနဲ့ အညာမြေတောင်သူတွေ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.