Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 0 Views

ဂါဇာကမ်းမြောင်တွင် အစ္စရေး-ဟားမာ့စ်ဖြစ်ပွားနေသော စစ်ပွဲသည် နိုင်ငံတကာအသိုက်အဝန်း၏ ကိုယ်ကျင့်တရားပျက်ကွက်မှုဟု ICRC ဥက္ကဋ္ဌ ဝေဖန်

December 22, 20231 Min Read
Share
Facebook Twitter

နိုင်ငံတကာ ကြက်ခြေနီကော်မတီ (ICRC) အကြီးအကဲက ဂါဇာပဋိပက္ခကို နိုင်ငံတကာအသိုက်အဝန်း၏ ကိုယ်ကျင့်တရား ပျက်ကွက်မှုအဖြစ် ဒီဇင်ဘာ ၁၉ ရက်တွင် ဝေဖန်လိုက်ပြီး စစ်ပွဲရပ်ရေးအတွက် သဘော တူညီချက်အသစ်ရရှိအောင်လုပ်ဆောင်ရန် အစ္စရေးနှင့်ဟားမာ့စ်တို့ကို တိုက်တွန်းလိုက်သည်။

“ ကျွန်မက ကိုယ်ကျင့်တရား ပျက်ကွက်မှုကို ပြောနေတာဖြစ်ပါတယ်။ နေ့တိုင်း ဒါဆက်ဖြစ်နေတာဟာ နောက်နေ့မှာလည်း ဆက်ဖြစ်နေတာဆိုတော့ နိုင်ငံတကာအသိုက်အဝန်းက ဒီလိုမျိုးကြီးမားတဲ့ ဒုက္ခ အဆုံးသတ် သွားအောင်လုပ်ဆောင်နိုင်ခြင်းမရှိပါဘူး။ ဒါဟာ ဂါဇာက မျိုးဆက်တွေကိုသာ သက် ရောက်တာမဟုတ်ပါဘူး” ဟု ICRC ဥက္ကဋ္ဌ မာဂျာနာစပိုလ်ဂျာရစ်က ဂါဇာကမ်းမြောင် နှင့်အစ္စရေးတို့ကိုသွားခဲ့ပြီးနောက် ဂျီနီဗာတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ နှစ်ဖက်စလုံးဟာ သဘောတူညီချက် မရစရာအကြောင်းမရှိပါဘူး။ ဒါကြောင့် ဆွေးနွေးတာတွေ ဆက်လုပ်ဖို့ သူတို့ကို ကျွန်မတိုက်တွန်းပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ဟားမာ့စ်တိုက်ခိုက်ရေးသမားများ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အစ္စရေးဓားစာခံများ ပြန်လွှတ်ရေးကို ၄င်းကရည်ညွှန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဓားစာခံတွေ လွှတ်ပေးတာဟာ အလွန်ရှုပ်ထွေးပါတယ်။ အလွန်ထိရှ လွယ်တဲ့မစ်ရှင်တွေဖြစ်ပါတယ်”ဟု ICRC ဥက္ကဋ္ဌ မာဂျာနာစပိုလ်ဂျာရစ်ကပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၄ ရက်တွင် လေးရက်ကြာ အပစ်ရပ်စဲမှု စတင်ပြီးနောက်ပိုင်းရက်တိုင်း တွင် ဟားမာ့စ်က ဓားစာခံများကို ပြန်လွှတ်ပေးခဲ့ပြီး အစ္စရေးကလည်း ၎င်းထိန်းသိမ်းထား သောပါလက်စတိုင်းအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်တွင် အစ္စရေးက ဆယ်ကျော်သက် ပါလက်စတိုင်း အကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့ရာ ယာယီအပစ်ရပ်စဲမှု စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေး ပြန်လွှတ်ပေးခဲ့သော ပါလက်စတိုင်းအကျဉ်းသား အရေ အတွက် စုစုပေါင်းသည် ၁၁၇ ဦးရှိသည်။

အပစ်ရပ်စဲရေးသဘောတူညီချက်တွင် ပါဝင်သောအချက်များအရ ဟားမာ့စ်သည် ဂါဇာတွင် ထိန်းသိမ်းထားသော အစ္စရေးအမျိုးသမီးများနှင့်ကလေးစုစုပေါင်း ၅၀ ကို ပြန်လွှတ်ပေးရန်ဖြစ်သည်။ ပြန်လွှတ်ပေးနိုင်သော နိုင်ငံခြားသားအရေအတွက်ကို သဘောတူညီချက်တွင် ကန့်သတ်ထားခြင်းမရှိပေ။

နိုဝင်ဘာ ၂၇ ရက်တွင် ဂါဇာ၌ ထိန်းသိမ်းခံထားရဆဲ ဓားစာခံအရေအတွက်သည် ၁၈၄ ဦးရှိသည်ဟု အစ္စရေးကပြောကြားသည်။

ကာတာနှင့်အီဂျစ်တို့ကြားဝင်ဆောင်ရွက်ပေးခဲ့သော ယာယီအပစ်ရပ်စဲရေးသည် နိုဝင်ဘာလကုန်ပိုင်းတွင် သီတင်းတစ်ပတ် ကြာမြင့်ခဲ့သည်။ ယာယီအပစ်ရပ်စဲထားသော ကာလတွင် ဂါဇာ၌ ဟားမာ့စ်ထိန်းသိမ်းထား သော ဓားစာခံ ၁၁၀ ပြန်လည်လွတ်မြောက်လာခဲ့သည်။ အစ္စရေးဓားစာခံများပြန်လည် လွတ်မြောက်လာခြင်းနှင့်အတူ အစ္စရေးအကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရသော ပါလက်စတိုင်းအမျိုးသမီးများနှင့်ပါလက်စတိုင်း ဆယ်ကျော်သက် ၂၄၀ လည်း လွတ်မြောက်လာခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Article၂၀၂၃ ခုနှစ်မကုန်မီ ယူကရိန်းအတွက် အကူအညီကို အတည်ပြုပေးမည်မဟုတ်ဟု အမေရိကန် ဆီးနိတ်ခေါင်းဆောင်များ ထုတ်ပြန်
Next Article ဆူဒန်တွင် ကာလဝမ်းရောဂါတိုက်ဖျက်ရေးအတွက် ယူရို ၈၀၀၀၀၀ ကူညီထောက်ပံ့ပေးမည်ဟု ဥရောပသမဂ္ဂ ကြေညာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.