Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Global Anti-epidemic 0 Views

ဂါဇာကမ်းမြောင်ဒေသ၏ ကျန်းမာရေး အကျပ်အတည်း

December 24, 20231 Min Read
Share
Facebook Twitter

ဂါဇာကမ်းမြောင်ဒေသ၏ မြောက်ပိုင်းတွင်ရှိသည့် ဆေးရုံများသည် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားခဲ့ပြီး စွန့်ပစ်ခံထားရသည့် လူနာများသည် အစားအစာနှင့်ရေများကို တောင်းခံနေကြသည်ဟု ဆိုသည်။

WHO သည် ပြီးခဲ့သည့် သီတင်းပတ်က ဂါဇာမြောက်ပိုင်းရှိ ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေသည့် အယ်လ်ရှီဖာနှင့် အယ်လ်အလီ ဆေးရုံနှစ်ရုံကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။

“အဲဒီဆေးရုံတွေထဲက လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ အလွန်ဆိုးရွားတဲ့ အခြေအနေထက် ကျော်လွန်ပြီး စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်လောက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်”ဟု ဂါဇာဒေ သဆိုင်ရာ WHO ကိုယ်စားလှယ် ရစ်ချက်ပီပါကွန်းက ပြောကြားခဲ့သည်။

ဂါဇာဒေသတွင် အမျိုးသမီးများနှင့် ကလေးအများစုအပါအဝင် လူပေါင်း ၂၀၀၀၀ သေဆုံးခဲ့သည့် အစ္စရေး-ဟားမာ့စ်စစ်ပွဲကို ရပ်တန့်စေရန် သံတမန်ရေးအရ အားထုတ်ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ပီပါကွန်း၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးတွင် လူပေါင်း ၁၁၄၀ ခန့်သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည့် ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကြောင့် စတင်ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း အစ္စရေးသည် ဂါဇာဒေသတွင် ပြင်းထန်စွာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

ဂါဇာဒေသ၏ အကြီးဆုံးဆေးရုံဖြစ်သည့် အယ်လ်ရှီဖာဆေးရုံသည် ပြီးခဲ့သည့်လက အစ္စရေး၏ စီးနင်းမှု ကိုခံခဲ့ရပြီး ထိုဆေးရုံသည် သွေးကန်တစ်ခုဖြစ်သွားခဲ့ကြောင်း WHO က ပုံဖော်ပြောကြားခဲ့သည်။

ထိုအချိန်မှစပြီး အရွယ်အစားသေးငယ်သည့် အယ်လ်အလီဆေးရုံတွင် ခွဲစိတ်ကုသမှုများပြုလုပ်ပေးနိုင်သည့် တစ်ခုတည်းသော ဆေးရုံဖြစ်လာခဲ့သော်လည်း အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများအပြီးတွင် ဆေးဝါးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များ ရပ်တန့်ခဲ့သည်ဟု ထိုဆေးရုံ၏ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

အယ်လ်အလီဆေးရုံတွင် အရေးပေါ်ဆေးဝါးကုသမှုခံယူရန် လိုအပ်သည့် လူနာများဖြင့် ဝန်ပိနေသည်ဟု ပီပါကွန်းက ဂျေရုဆလင်မှ ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ဂျီနီဂျာရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

“လောင်စာ၊ လျှပ်စစ်ဓာတ်အား၊ ဆေးဝါးအထောက်အပံ့၊ ခွဲစိတ်ကုဆရာဝန်တွေနဲ့ အခြား အထူးကုဆရာဝန်တွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေမရှိတော့တာကြောင့် ခွဲစိတ်ခန်းတွေကို အသုံး မပြုနိုင်တော့ပါဘူး။ ဆေးဝါးကုသမှု လုပ်ငန်းစဉ်တွေ လုံးဝရပ်တန့်သွားပါပြီ” ဟု ပီပါကွန်းက ပြောကြားခဲ့သည်။

ဂါဇာတွင် ဆေးရုံပေါင်း ၃၆ ခု ရှိပြီး လက်ရှိတွင် ဆေးရုံ ၉ ခုသာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေး နိုင်တော့သည်။ ထိုဆေးရုံ ၉ ခုစလုံးသည် ဂါဇာဒေသ၏ တောင်ဘက်ခြမ်းတွင် ဖြစ်သည်။

“ဂါဇာမြောက်ဘက်မှာတော့ ဆေးကုပေးနိုင်တဲ့ ဆေးရုံတွေ မရှိ တော့ပါဘူး”ဟု ပီပါကွန်းက ပြောသည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ တိုက်ခိုက်မှုမှ အကာအကွယ်ရရှိထားသည့် ဆေးရုံများသည် စစ်ပွဲစတင် ဖြစ်ပွားခဲ့ပြီးကတည်းက ဂါဇာတွင် အစ္စရေး၏ တိုက်ခိုက်မှုများ မကြာခဏ ထိမှန်ခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ဟားမာ့စ်အဖွဲ့သည် ဆေးရုံများအောက်တွင် မြေအောက်လိုဏ်ခေါင်းများ တူးထားပြီး ဆေးရုံများကို စစ်ဘက်ဆိုင်ရာကွပ်ကဲရေးဌာနများအဖြစ် အသုံးချနေကြောင်း စွပ်စွဲခဲ့ပြီး ဟားမာ့စ်အဖွဲ့ကမူ အစ္စရေး၏ စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

WHO သည် ဂါဇာဒေသအတွင်း လောင်စာများ တင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးအာ မခံချက်မရှိမှုကြောင့် ဆေးဝါးအထောက်အပံ့များကိုသာ တင်ပို့နိုင်ကြောင်း ပီပါကွန်းက ပြောသည်။

“လောင်စာ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အခြားအခြေခံလိုအပ်ချက်တွေမရှိဘဲ ဆေးဝါးတွေပဲရှိနေမယ်ဆိုရင် အခြေအနေက သိပ်ပြီးထူးမသွားပါဘူး လူနာတွေအားလုံး တဖြည်းဖြည်းနဲ့ အသက်ဆုံးရှုံးသွားနိုင်ပါတယ်ဟု ပီပါကွန်းက ပြောကြားခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပင်လယ်နီအတွင်း ဟူရ်သီသူပုန်များ၏တိုက်ခိုက်မှုများတွင် အီရန်ပါဝင်နေကြောင်း အမေရိကန် စွပ်စွဲ
Next Article ကက်ရှ်မီးယားဒေသတွင် စစ်တပ်၏ ဖမ်းဆီးချုပ်နှောင်မှုခံထားရသူ သုံးဦးသေဆုံးခဲ့ပြီးနောက် ဒေသခံများအကြား ဒေါသများမြင့်တက်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.