Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Global Anti-epidemic 0 Views

အာသီးရောင်ခြင်း

December 24, 20232 Mins Read
Share
Facebook Twitter

အာသီးက အာခေါင်ရဲ့အနောက်ဘက်မှာ အစုံလိုက်တည်ရှိပါတယ်။ အာသီးက ခန္ဓာကိုယ်ခုခံအားစနစ်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ပြီး အသက်ရှူလမ်းကြောင်းထဲကိုပိုးမွှားတွေမဝင်ရောက်နိုင်အောင်တားဆီးပေးပါတယ်။ တစ်ခါတစ်ရံမှာတော့ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ အာသီးထဲမှာစုမိပြီး အာသီးရောင်တာဖြစ်လာပါတယ်။ လည်ချောင်းနာတာနဲ့ အစာမျိုတဲ့အခါနာကျင်မှုတွေခံစားရနိုင်ပါတယ်။ ကျောင်းနေအရွယ်ကလေးတွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ အာသီးက နာကျင်မှုခံစားနေရတယ်ဆိုရင်သဘာဝနည်းလမ်းတွေ အသုံးပြုသင့်ပါတယ်။

အာသီးဆိုတာ လျှာရဲ့ဘယ်နဲ့ညာမှာ ကန့်လန့်ကာလေးလို ရှိနေတဲ့အထဲက ထွက်နေတဲ့ပန်းရောင်အလုံးလေး နှစ်လုံးပါ။ ဒါ့အပြင် မမြင်ရတဲ့အာသီးတွေကလည်း လည်ချောင်း နောက်နားမှာရှိပါတယ်။ အဆိုပါ အာသီးတွေကပြန်ရည်ကျိတ်တွေ (lymph Nodes) တွေဖြစ်ပြီး ကိုယ်ခန္ဓာထဲဝင်လာတဲ့ ရောဂါပိုးတွေကို ပထမဆုံးစပြီး ရင်ဆိုင်ထိတွေ့ကာ ရောင်ရမ်းပြီး နီမြန်းလာကြရပါတယ်။ အာသီးရောင်ခြင်းဖြစ်ရတာက ဗိုင်းရပ်နဲ့ ဗက်တီးရီးယားစထရပ်တို‌ကော့ကပ် (streptococcus) ပိုးတွေ လူ့အစာအိမ်လမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းကနေ ကူးစက် ဝင်ရောက်လာပါတယ်။ အာသီးရောင်တာ အဖြစ်များသူတွေက (၅-၁၅) နှစ်အတွင်းဖြစ်တဲ့ ကျောင်းနေတဲ့အရွယ်တွေဖြစ်ပြီး လူကြီးတွေမှာတော့ အဖြစ်နည်းနည်းသွားတတ်တယ်။ အကြောင်းက ငယ်ရွယ်စဉ် ကျောင်းစသွားချိန်မှာ အိမ်ပြင်ပကေ ရာဂါပိုးတွေနဲ့သိပ်မထိတွေ့သေးဘဲ ရောဂါပြီးခုခံမှုစနစ် (Immunity) ကောင်းကောင်း မရသေးတဲ့အပြင် အာသီးသဘာဝအရလည်း (၂-၁၂) အရွယ်မှစကာ တဖြည်းဖြည်း ပြန်သေးသွားလို့ ဖြစ်ပါတယ်။ကာကွယ်ဖို့အတွက်အစာလမ်းကြောင်းနဲ့ အသက်ရှူလမ်းကြောင်းတွေကနေ ပိုးတွေဝင်မလာအောင်အစာကိုကျက်အောင်ချက်ပြုတ်စားသောက်ပြီး ရေအတွက်လည်း ရေသန့် (သို့မဟုတ်) ရေကို ကျိုချက်သောက်သင့်တာ၊ လေကနေကူးစက်မခံရအောင်လူစည်ကားတဲ့နေရာတွေကိုရှောင်ကြဉ်ပြီး မဖြစ်မနေသွားရရင်လည်း နှာခေါင်းစည်း သုံးသင့်ပါတယ်။

ဒါအပြင် မူကြိုနဲ့ကျောင်းနေစအချိန်တွေမှာ အဖြစ်များလို့ ကလေးတွေအနေနဲ့ ပန်းကန်ခွက်ယောက်နဲ့ မျက်နှာသုတ်ပဝါ၊ လက်ကိုင်ပဝါ အပါအဝင် အသုံးအဆောင်တွေကိုအတူမသုံးဘဲ သီးသန့်ထားသုံးတာအပြင် အာသီးရောင်ပြီး ဖျားနေတဲ့ကလေးကိုကျောင်းမပို့သင့်ပါဘူး။ ဒါပြင်နှာချေ၊ချောင်းဆိုးရင်လည်းလက်ကိုင်ပဝါ သို့မဟုတ် တစ်ရှူးနဲ ့နှာချေ၊ ချောင်းဆိုးတာ၊ လက်မောင်းတစ်တောင်ဆစ်နဲ့ကာပြီးနှာချေ၊ ချောင်းဆိုးကာ လက်မကြာခဏဆေးတာပြုသင့်ပါတယ်။

ကိုယ်ခံအားကောင်းဖို့အတွက် ကလေးဘဝကာကွယ်ဆေးအားလုံး ထိုးနှံထားသင့်ပါတယ်။ အသက်နှစ်လ လေးလနဲ့ ခြောက်လမှာငါးမျိုးပါကာကွယ်ဆေး(pantavalid)ဖြစ်တဲ့ ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင် ရောဂါကာကွယ်ဆေးထိုးနှံပြီး ပါးစပ်မှပိုလီယိုအစက်ချသင့်ပါတယ်။ အသက် နှစ်လမှာအဆုတ်တီဆီကာကွယ်ဆေး (BCG) ထိုးနှံပါတယ်။ အသက်ကိုးလနဲ့ ၁၈ လမှာ ဝက်သက်ကာကွယ်ဆေးထိုးနှံပြီး အသက်ငါးလအရွယ်မှာ ရိုတာဗိုင်းရပ် (Rota virus) ဝမ်းရောဂါကာကွယ်ဆေးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကာကွယ်ဆေးထိုးနှံရပါတယ်။ အသက်(၅-၁၄)နှစ်မှာ ဝက်သက်နဲ့ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပြီး အသက်(၈-၁၂) နှစ်အမျိုးသမီးငယ်တွေမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးကို မိုးမကျခင် နှစ်စဉ်ထိုးနှံပေးသင့်တယ်။ ကိုဗစ်ကာလမှာ ကိုဗစ်ကာကွယ်ဆေးကိုအသက်(၅-၁၈) နှစ်မှာ နှစ်ကြိမ်ထပ်ဆင့်မြှင့်ကာကွယ်ဆေး(Booster dose)နှစ်ကြိမ်ထိုးနှံပေးဖို့လိုအပ်ပါတယ်။

အာသီးရောင်ရင်ပြလာမယ့်လက္ခဏာတွေက ဖျားတာ (၂-၃) ရက်အတွင်းပျောက်သွားတတ်တယ်။ လည်ချောင်းနာတာ၊ အစာမျိုရခက်တာ၊ အသက်ရှူရခက်တာ၊ အာသီးရောင်တာ၊ ပြည်တည်တာ၊ အာသီးမှာ အဝါရောင်အဖတ်လေးပါဝင်တာ၊ အိပ်စက်ချိန်ဟောက်တာဖြစ်တတ်ပါတယ်။ ကုသမှုအနေနဲ့အဖျားရှိရင်ပါရာစီတမော (Paracetand) အဖျားကျဆေးပေးပြီး ဗက်တီးရီးယားကြောင့်ဖြစ်ရင်ထိရောက်တဲ့ပဋိဇီဝဆေး (Amoxil 500 mg BD 5-10days) ပေးသင့်ပါတယ်။ ကလေးငယ်တွေဆိုရင်ပင်နဆလင်ဗီ (Pen.V200mgBD 5_10Days) ပေးသင့်ပါတယ်။ ပြင်းထန်တဲ့ ဗက်တီးရီးယားကြောင့်ဖြစ်တာကိုထိထိရောက်ရောက်မကုမိရင်နောက်ဆက်တွဲပိုဆိုးပြီးကုရလည်း ပိုခက်တဲ့နှလုံးလေးဖက်နာနဲ ့ကျောက်ကပ်ရောင်တာတို့အထိဖြစ်သွားနိုင်ပါတယ်။ အထွေထွေပြုစုမှုအနေနဲ့ အနားယူပြီး ရေများများသောက်တာ၊ ဆားရည်နဲ့ပလုပ်ကျင်းတာအပြင် နာတာရှည်သက်သာစေတဲ့ငုံဆေးငုံတာတွေလုပ်ပေးနိုင်ပါတယ်။ အာသီးရောင်တာများလွန်းတဲ့ကလေးတွေအတွက်အာသီးဖြတ်သင့်မသင့်ကလေးအထူးကုနဲ့ဆွေးနွေးတိုက်ပင်သင့်ပါတယ်။ မကြာခဏဖြစ်ရင်တော့ ခွဲစိတ်ကုသသင့်ပါတယ်။

အာသီးရောင်ခြင်း (sore throat) ကုသပျောက်ကင်းတဲ့သဘာဝနည်းအချို့ဖော်ပြပေးလိုက်ပါတယ်။ ပန်းသီးရှာလကာရှည်နဲ့ ပလုပ်ကျင်းသင့်ပါတယ်။ ပန်းသီးရှာလကာရှည်အနည်းငယ်ကိုရေနွေးနဲ့ရောပြီး ပလုတ်ကျင်းသင့်တယ်။ အာသီးရောင်တာကြောင့်ဖြစ်တဲ့နာကျင်မှုနဲ့ရောင်ရမ်းမှုတွေကိုသက်သာစေပါတယ်။ ဒါပြင်ပိုးမွှားတွေပေါက်ဖွားမှုကို လျော့နည်းစေပါတယ်။

ကျောက်ချဉ်သုံးသင့်ပါတယ်။ ကျောက်ချဉ်မှာ ပိုးမွှားတွေပေါက်ပွါးမှုကိုတားဆီးနိုင်တဲ့အာနိသင်ရှိပြီး ရောင်ရမ်းမှုကိုလည်းလျော့နည်းစေပါတယ်။ ကျောက်ချဉ်ကိုကြိတ်ခြေပြီး အာသီးများတိုက်ရိုက်လိမ်းနိုင်ပါတယ်။သို့မဟုတ် ရေနွေးနွေးထဲမှာပျော်ဝင်စေပြီး ပလုတ်ကျင်းပေးတာမျိုးလည်းပြုလုပ်နိုင်ပါတယ်။

မုန်လာဥ၊ သခွါးသီးနဲ့သကြားမုန်လာသုံးသင့်ပါတယ်။ သခွါးသီးနဲ့မုန်လာဥတွေကို အရည်ညှစ်ပြီး ဆတူရောတာ၊ လတ်လတ်ဆတ်ဆတ်မုန်လာဥအရည်ကိုရောထည့်ကာ နေ့စဉ်သောက်သုံးရင်ရောဂါပိုးမဝင်နိုင်အောင်ကာကွယ်ပေးတယ်။

စွပ်ပြုတ်နဲ့ ဆန်ပြုတ်သောက်သင့်ပါတယ်။ အာသီးရောင်တဲ့အချိန်မှာ အစားအသောက်တွေမျိုရခက်ရင်နာကျင်တာကြောင့်အစာသိပ်စားနိုင်မှာမဟုတ်ဘူး။ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်စတဲ့ပျော့ပျောင်းတဲ့အစာတွေစားပေးသင့်ပါတယ်။ ခန္ဓာကိုယ်တွင်းလိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေရရှိစေပြီး ခုခံစွမ်းအားကိုလည်းမြင့်မားစေတယ်။ စွပ်ပြုတ်သောက်ပေးတာကြောင့် နှာခေါင်းပိတ်တာကိုလည်း သက်သာစေပါတယ်။

ချမိုမိုင်းလက်ဖက်ရည်သောက်သင့်ပါတယ်။ ချမိုမိုင်းလက်ဖက်ရည်က လည်ချောင်းအတွက်ကောင်းမွန်စေပြီး အာသီးရောင်တာကိုလည်းသက်သာစေပါတယ်။ ချမိုမိုင်းလက်ဖက်ရည်အိုးကို အဖုံးပိတ်ထားဖို့ မမေ့သင့်ပါဘူး။ မရှိမဖြစ်အဆီတွေဆုံးရှုံးသွားနိုင်တာကြောင့်ဖြစ်ပါတယ်။ ချမိုမိုင်းလက်ဖက်ရည်ထဲကိုပျားရည်နဲ့သံပရာရည်အနည်းငယ်ထည့်ပြီး သောက်သုံးနိုင်ပါတယ်။ ချမိုမိုင်းလက်ဖက်ရည်က နာကျင်မှုကိုသက်သာစေပြီး ပျားရည်ရဲ့ပိုးသတ်အာနိသင်ကပိုးမွှားတွေမဝင်နိုင်အောင်တားဆီးပေးပါတယ်။

ဆားရည်နဲ့ ပလုတ်ကျင်းသင့်ပါတယ်။ ရေနွေးတစ်ခွက်ထဲ ဆားလက်ဖက်စားဇွန်းတစ်ဇွန်းထည့်ပြီး ပျော်ဝင်စေကာ အဆိုပါဆားရည်နဲ့ပလုတ်ကျင်းပေးပါက အာသီးကိုပိုးဝင်ရောင်ရမ်းတာမဖြစ်အောင်ကာကွယ်နိုင်တဲ့အပြင်ခံတွင်းကိုလည်း သန့်ရှင်းစေပါတယ်။

ချင်း (ဂျင်း) အရည်ထမင်းစားဇွန်းနှစ်ဇွန်း၊ ပျားရည်ထမင်းစားဇွန်းတစ်ဇွန်း၊ ရေ‌နွေးနွေးထမင်းစားဇွန်းနှစ်ဇွန်းတို့ကိုရောပြီး ပလုတ်ကျင်းသင့်ပါတယ်။အသီးရောင်ရမ်းတာနဲ့ နာကျင်တာတွေကိုသက်သာစေပါတယ်။

ကြက်သွန်နီအရည်လက်ဖက်စားဇွန်းနှစ်ဇွန်းကိုခပ်နွေးနွေးရေထဲထည့်ပြီး ပလုတ်ကျင်းတာ မကြာခဏလုပ်သင့်တယ်။

ရေခဲမုန့်(သို့မဟုတ်) ရေခဲချောင်းစားတာက အာသီးယားယံတာနဲ့ နာကျင်မှုတွေကိုခဏတာ သက်သာစေပါတယ်။ အေးသွားပြီး ထုံသွားလို့ အာသီးကခံစားမှုတွေ ယာယီသက်သာနည်းပါပဲ။

နွားနို့ကျိုထားပြီး နနွင်းမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်သောက်သင့်ပါတယ်။ ညအိပ်ရာမဝင်မီသုံးရက်ဆက်သောက်ပေးရင်အာသီးရောင်တဲ့လက္ခဏာတွေ သက်သာစေပါတယ်။

ရှောက်သီးတစ်ခြမ်းကို အစိတ်လေးခပ်သေးသေးလှီးထားပြီး ဆားနဲ့ငရုတ်ကောင်းအနည်းငယ်ကြိတ်ခြေကာဇွန်းတစ်ဇွန်းထဲကိုရှောက်သီးစိတ်လေးတွေထည့်ကာဆားနဲ့ငရုတ်ကောင်းကျိတ်ထားတဲ့အမှုန့်ကိုပြုလုပ်သင့်ပါတယ်။ ဇွန်းကိုမီးနဲ့အပူပေးကာ အအေးခံပြီး ရှောက်သီးအရပ်ကုန်သွားတဲ့အထိလျက်စားသင့်တယ်။

မုန့်ညင်းစေ့ကိုအမှုန့်ကျိတ်ပြီး ရေနွေးပူပူတစ်ခွက်ထဲထည့်သင့်တယ်။ ခပ်နွေးနွေးဖြစ်ရင်ပလုတ်ကျင်းပါက အာသီးများစုနေတဲ့ပိုးမွှားတွေကိုဖယ်ရှားပေးနိုင်တာကြောင့် ရောင်ရမ်းမှုတွေလျော့နည်းစေပြီး အနာကျက်မြန်စေတယ်။

သံပရာသီးကိုအရည်ညှစ်ပြီး ရေခပ်နွေးနွေးနဲ့ရောသင့်တယ်။ ဆားအနည်းငယ်နဲ့ပျားရည်ဆမ်းစားဇွန်းတစ်ဇွန်းထည့်သင့်တယ်။ နေ့စဉ်တစ်ကျိုက်ခြင်းသောက်သင့်တယ်။ နာကျင်မှုနဲ့မသက်မသာဖြစ်တာကို သက်သာစေပါတယ်။ ဗီတာမင်စီပါဝင်လို့ခုခံစွမ်းအားကိုလည်းမြင့်မားစေပါတယ်။

ပူဒီနာလက်ဖက်ရည်ကိုနေ့စဉ်သောက်ပေးတာကလည်းနာကျင်မှုကိုသက်သာစေပါတယ်။ ပူဒီနာလက်ဖက်ရည်ထဲကို ပျားရည်ထည့်သောက်နိုင်တယ်လို့သက်သာတဲ့အာနိသင်ရှိတာကြောင့် ဗက်တီးရီးယားပိုးတွေ ဆန့်ကျင်ပေးပါတယ်။

လတ်ဆတ်တဲ့သဖန်းသီးကိုပြုတ်ပြီးစစ်ချကာ ရလာတာကို အာသီးမှာ လိမ်းပေးနိုင်ပါတယ်။ လည်ချောင်းတစ်ဝိုက်နာကျင်မှုကိုသက်သာစေပြီး အာသီးနာတာနဲ့ နာကျင်တာကိုလည်း သက်သာစေပါတယ်။ သဘာဝစနစ်နဲ့ မပျောက်ရင်တော့‌ ဆေးရုံဆေးခန်းပြပြီး ဆရာဝန်ရဲ့ညွှန်ကြားမှုကုသခံယူသင့်ပါတယ်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအစိုးရငွေစက္ကူစနစ်၊ ရွှေသတ္တုနှင့် နိုင်ငံတကာ ငွေပေးချေမှုစနစ်အနာဂတ်
Next Article Money Heist တွင် ဘာလင်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်သည့် မင်းသား ပီဒရိုအလွန်ဆို Berlin ဇာတ်လမ်းတွဲ၌ ပြန်လည်ပါဝင်ခဲ့
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.