Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရှစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၃၀၄ ဒသမ ၀၅၉ သန်းရရှိ

December 25, 20232 Mins Read
Share
Facebook Twitter

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဒီဇင်ဘာ ၈ ရက်အထိ ၈ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၂၃၀၄ ဒသမ ၀၅၉ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၈၄၁ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၆၇ သန်းကျော်လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရရှိခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ဒေါ်လာ ၉၀၉ ဒသမ ၅ သန်းရရှိခဲ့သည်။ အဆိုပါကာလတူ နှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ်မှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ဒေါ်လာ ၆၇ ဒသမ ၈ သန်းလျော့ကျခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ ဒသမ ၅ သန်း၊ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၀၅၅ ဒသမ ၁ သန်းနှင့် တတိယသုံးလပတ်အတွင်း ဒေါ်လာ ၁၁၀၇ ဒသမ ၅ သန်း၊ စတုတ္ထ သုံးလပတ်အတွင်း ဒေါ်လာ ၉၂၀ ဒသမ ၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၉၉၂ ဒသမ ၉ သန်းရရှိခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာတွင် သ ဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပ သို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေရရှိမှု အနေဖြင့် ဇန်နဝါရီတွင် ဒေါ်လာ ၂၃၂ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၂၃၆ ဒသမ ၇ သန်း၊ မတ်တွင် ဒေါ်လာ ၂၅ရဒသမ ၇ သန်း၊ ဧပြီတွင် ဒေါ်လာ ၂၂၉ ဒသမ ၂ သန်း၊ မေတွင် ဒေါ်လာ ၂၄၅ ဒသမ ၁ သန်း၊ ဇွန်တွင် ဒေါ်လာ ၂၄၆ ဒသမ ၂ သန်း၊ ဇူလိုင်တွင် ဒေါ်လာ ၂၇၈ ဒသမ ၄ သန်း၊ သြဂုတ်တွင် ဒေါ်လာ ၂၈၄ဒသမ ၀ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၂၈၅ ဒသမ ၆ သန်း၊ အောက်တိုဘာတွင် ဒေါ် လာ ၂၈၀ ဒသမ ၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာ ၃၀၀ ဒသမ ၈ သန်း၊ ဒီဇင်ဘာတွင် ဒေါ်လာ ၂၇၄ ဒသမ ၂ သန်းဖြင့် စုစုပေါင်းဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်း ရရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ် လာ ၃ ဒသမ ၅ ဘီလျံကျော်ရရှိခဲ့ပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာသန်း ၄၂၀ ခန့် လျော့ကျခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့၊ သတင်းအချက်အလက်ယူနစ်မှ ထုတ်ပြန် ထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့် နှစ် စက်တင်ဘာအထိ ပြည်ပသို့ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၀၆ ဘီလျံ (ဒေါ်လာ ၃၅၀၆ ဒသမ ၆၂ သန်း) ရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၌ သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသ မ ၉၂၄ ဘီလျံ (ဒေါ်လာ ၃၉၂၄ ဒသမ ၉၂ သန်း) အထိရရှိထားသည်။

ထို့ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်ထက် ဝင်ငွေဒေါ်လာ ၄၁၈ ဒသမ ၃ သန်း လျော့ကျခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သဘာဝ ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၃ ဒသမ ၅၁၃ ဘီလျံ (ဒေါ်လာ ၃၅၁၃ ဒသမ ၂၁ သန်း) ရရှိခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleကိုင်ရိုဆွေးနွေးပွဲ ကျင်းပနေချိန် အစ္စရေးက ဂါဇာတွင် ဆက်လက်တိုက်ခိုက်မည်ဟု ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု ပြောကြား
Next Article ဆီမီကက်စ် ဒဏ်ရာထပ်မံရရှိသွားသဖြင့် ဂျိုးဂိုးမက်ဇ်ကို ဘယ်နောက်ခံလူအဖြစ် အသုံးပြုရမည်ဟု ယာဂန်ကလော့ပ် ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.