Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလကုန်အထိ ၁၁ လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၅၉၀ ဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်အထိ ကုန်သတ္တာတင်သင်္ဘော ၄၅ စင်း ဝင်ရောက်ထား

December 27, 20231 Min Read
Share
Facebook Twitter

၂၀၂၃ ခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလကုန်ထိ ၁၁ လတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာ သင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘောစင်းရေ ၅၉၀ ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက်ထိ ကုန်သတ္တာတင်သင်္ဘော ၄၅ စင်းဝင်ရောက်ထားကြောင်း သိရသည်။

ယခု ဒီဇင်ဘာလတွင် ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်းဝင်ရောက်ရန် လျာထားခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် အေးရှားဝေါလ်ဆိပ်ကမ်းသို့ စံချိန်တင်အကြီးဆုံးကုန်သေတ္တာတင်သင်္ဘော ဆိုက်ကပ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သည်။

ရေလမ်းကြောင်းတိုးတက်ကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်း ဧရိယာရှိဆိပ်ကမ်းတံတားများမှ အရွယ်အစားကြီးမားသော ကုန်သေတ္တာသင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှုပေးလာနိုင်ခြင်း ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ရန်ကုန်ဆိပ်ကမ်းဒေသသို့ နေ့ညမရွေး ဝင်ထွက်သွားလာနိုင်သည့် ရေလမ်းကြောင်း Kings Bank Channel အား ရှာဖွေခဲ့ပြီးနောက် ရေလမ်းကြောင်းတိုးတက်ကောင်းမွန် ရေးအတွက် သောင်တူးဖော်ထိန်းသိမ်းခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရေလမ်းကြောင်းကောင်းမွန်လာသည်နှင့်အမျှ ရန်ကုန်အတွင်း ဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားများသို့ ယခင်လက်ခံနိုင်သည့် သင်္ဘောအရွယ်အစားထက် ပိုမိုကြီးမားသည့် သင်္ဘောကြီးများကို လက်ခံဝန်ဆောင်မှု ပေးလာနိုင်ခဲ့ပြီး ဇွန် ၂၂ ရက် နံနက်က အေးရှားဝေါလ်ဆိပ်ကမ်းတံတားသို့ ဟောင်ကောင်အ ခြေစိုက် SITC Shipping line မှ LOA ၁၈၅.၉၉ မီတာ GRT ၂၉၂၃၁ တန်နှင့် ကုန်သေတ္တာ ၂၆၉၈ TEU တင်ဆောင်နိုင် သည့် MV SITC Zhoming ကုန်သေတ္တာ သင်္ဘောကြီးသည် ပထမဆုံးခရီးစဉ်အဖြစ် ဝင်ရောက်ဆိုက်ကပ်နိုင်ခဲ့သည်။

ပြီးခဲ့သည့်၂၀၂၃ မေလ အတွင်း ကုန်သေတ္တာတင်သင်္ဘော ၅၆ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ခုနှစ်အတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင် သင်္ဘော ၆၅၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီတွင် သင်္ဘော ၅၂ စင်း၊ ဖေဖော်ဝါရီတွင် ၅၁ စင်းဝင်ရောက်၍ ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၀၊ စက်တင်ဘာတွင်သင်္ဘော ၅၅ စင်း၊ သြဂုတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅၅ စင်း၊ ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံ တကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာ တင်သင်္ဘော ၄၉ စင်းဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀၊ ဧပြီလ တွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင် သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Article၃၃ ရက်ကြာပြုလုပ်သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ ကျင်းပလျက်ရှိပြီး စာဖြေသံဃာ ၄၉၈ ပါး ဝင်ရောက်ဖြေဆို
Next Article ရန်ဘီကပူးနှင့် အလီယာဘတ် ဇနီးမောင်နှံက သမီးဖြစ်သူကို မီဒီယာနှင့် ပထမဆုံးအကြိမ်မိတ်ဆက်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.