Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Boxing 0 Views

အောင်လအန်ဆန်နှင့် လက်တွဲမည့် တိုက်ခိုက်ရေးအဖွဲ့အစည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ One Championship အပြင် အခြားအဖွဲ့အစည်းနှစ်ခုနှင့်လည်း ဆွေးနွေးနေဟု သတင်းများထွက်ပေါ်

December 27, 20231 Min Read
Share
Facebook Twitter

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်နှင့် လက်တွဲမည့် တိုက်ခိုက်ရေးအဖွဲ့အစည်း အတည်ပြုနိုင်ခြင်းမရှိသေးဘဲ One Championship အဖွဲ့အစည်းအပြင် အခြားအဖွဲ့အစည်း နှစ်ခုနှင့်လည်း ဆွေးနွေးနေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အောင်လအန်ဆန်သည် ကာလရှည်လက်တွဲခဲ့သည့် One Championship နှင့် စာချုပ်သက်တမ်းတိုးရန် ကြန့်ကြာနေသဖြင့် အခြားအဖွဲ့အစည်းများနှင့်ပါ ဆွေးနွေးနေခြင်းဖြစ်သည်။ One Championship အဖွဲ့အစည်းနှင့် အောင်လအန်ဆန်တို့ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ယခုနှစ်ဝက်မတိုင်မီကတည်းက ကုန်ဆုံးနေပြီဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ယခုနှစ်ကုန်ပိုင်းအထိ သဘောတူညီမှုမရသေးခြင်းဖြစ်သည်။

ထို့ကြောင့် အောင်လအန်ဆန်သည် အခြားအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသလို ယခုနောက်ပိုင်း ထွက်ပေါ်လာသည့် သတင်းများအရ One Championship အဖွဲ့အစည်းကလည်း ပြန်လည်သက်တမ်းတိုးရန် ဆွေးနွေးနေကြောင်း သိရသည်။ အောင်လအန်ဆန်သည် နောက်ပိုင်းထိုးသတ်သည့်ပွဲများတွင် နိုင်ပွဲရယူနိုင်သော်လည်း One Championship အဖွဲ့အစည်းအနေဖြင့် အသက်အရွယ်ရလာသည့်အပြင် မြန်မာနိုင်ငံတွင် ပြိုင်ပွဲများကျင်းပနိုင်ရန် လတ်တလောမဖြစ်နိုင်သေးသဖြင့် အောင်လအန်ဆန်ကို စာချုပ်သစ် ချုပ်ဆိုရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်းသိရသည်။

အောင်လအန်ဆန်သည် One Championship အဖွဲ့အစည်းအပြင် PFL (professional Fighters League) ၊ UFC အဖွဲ့အစည်းတို့နှင့်လည်း ဆွေးနွေးနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်ကတည်းက One Championship ၌ ထိုးသတ်ခဲ့သူဖြစ်ပြီး (၉)နှစ်ကြာ လက်တွဲခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်မှ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်အထိ ရပ်တည်နိုင်ခဲ့ပြီး ONE လိုက် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် ဧပြီ ၂၇ ရက်အထိ ရပ်တည်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် ယင်းချန်ပီယံခါးပတ် နှစ်ခုစလုံးကို နယ်သာလန်နိုင်ငံသား ဒီရစ်ဒါကို အရေးနိမ့်ကာ လက်လွှတ်ခဲ့ရခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းထိုးသတ်သည့် ငါးပွဲတွင် လေးပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

အောင်လအန်ဆန်သည် နောက်ဆုံး သုံးပွဲဆက်တိုက်အနိုင်ရပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်မည့် အနေအထားရှိခဲ့သော်လည်း One Championship အဖွဲ့အစည်းက စာချုပ်သက်တမ်း တိုးရန် ကြန့်ကြာနေသဖြင့် ၎င်း၏မျှော်လင့် ချက်များ အကောင်အထည်မဖော်နိုင်သေးခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ဧပြီ တွင် ပွဲထိုးသတ်ရမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအော်စကာဆုရ Parasite ဇာတ်ကားမှ သရုပ်ဆောင် လီဆန်းဂျွန် ရုတ်တရက်ကွယ်လွန်
Next Article ခရစ္စမတ်နေ့တွင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံး ရပ်တည်နိုင်သည့် ယခင်သုံးကြိမ်စလုံး အာဆင်နယ်အသင်း ဗိုလ်စွဲခြင်းမရှိဟု မှတ်တမ်းများဖော်ပြ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.