Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Entertainment 0 Views

၂၀၂၃ ခုနှစ်အတွင်း အလှမယ်ပြိုင်ပွဲကျင်းပမှု များပြားလာခြင်းနှင့်အတူ Miss Grand International ပြိုင်ပွဲတွင် 1 st Runner Up ရရှိသည်အထိ အောင်မြင်ခဲ့သော အလှမယ် နီနီလင်းအိမ်

January 3, 20242 Mins Read
Share
Facebook Twitter

၂၀၂၃ ခုနှစ်အတွင်း အလှမယ် ရွေးချယ်ရေး Miss ပြိုင်ပွဲများကျင်းပမှု များပြားလာခဲ့သည်။

ထိုသို့များပြားလာခြင်းနှင့်အတူ နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြရာ Miss Grand International 2023 ပြိုင်ပွဲတွင် အလှမယ် နီနီလင်းအိမ်သည် 1 st Runner Up ရရှိသည့်အထိ အောင် မြင်မှုရရှိကာ ပရိသတ်အားပေးမှုလည်း များပြားခဲ့ပြီး ယခုနှစ်အတွက် ထင်ရှားသည့်ဖြစ်ရပ်တစ်ခုဟု ဆိုရ မည်ဖြစ်သည်။

၁၁ ကြိမ်မြောက် ကျင်းပခဲ့သည့် Miss Grand International 2023 ပြိုင်ပွဲကို ဗီ ယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ တွင် အောက်တိုဘာ ၃ ရက်မှ စတင်ကျင်းပခဲ့ပြီး Grand Final ကို အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပ ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ် နီနီလင်းအိမ်သည် Country!s Power of the Year 2023၊ Miss Popular Vote Winner ၊ Miss Grand International Pageant Insider Winner-MGI 2023၊ Global Beauties Miss Photogenic 2023 ဆုများ အသီးသီးရရှိခဲ့သည်။

ထို့ပြင် Best National Costume၊ Best in Swimsuit ဆုတို့တွင်လည်း Top Ten 10 စာရင်းဝင်ခဲ့ပြီး အလှမယ်နီနီလင်းအိမ်သည် Country!s Power of the Year 2023ဆုကို အိမ်ရှင် ဗီယက်နမ်အလှမယ် ဖြစ်သူ LE HOANG PHUONG နှင့် နောက်ဆုံးယှဉ်ပြိုင်ခဲ့ရပြီး Top 20 စာရင်းဝင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် Miss Popular Vote winner ဆု ဆုထပ်မံရရှိခဲ့ပြီး Grand Final တွင် Top Ten 10 စာရင်းဝင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ Top Ten 5 Finalist သို့ ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် ပီးရူးနိုင်ငံအလှမယ် Luciana Fuster နှင့်ယှဉ်ပြိုင်ခဲ့ပြီး 1 st Runner Upဆုရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ အလှမယ်ပြိုင်ပွဲများ ပြန်လည်ကျင်းပလာခဲ့ပြီး လူသိများထင်ရှားသည့် Miss Universe၊ Miss World၊ Miss International၊ Miss Earth၊ Miss Grand International၊ Miss Intercontinental စသည့် အလှမယ်ရွေး ချယ်ရေးပြိုင်ပွဲများ အသီးသီးကျင်းပခဲ့ကြသည်။

ထိုသို့ပြိုင်ပွဲများမှ Winner ဆုရှင် အလှမယ်များကိုလည်း နိုင်ငံတကာတွင် ကျင်းပသည့် အဆိုပါ အလှ မယ်ပြိုင်ပွဲများကို သွားရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

EI Salvador နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၇၂ ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲတွင် Miss Universe Myanmar 2023 ဆုရှင် အလှမယ် အမရာဘိုက မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ၆၁ ကြိမ်မြောက် Miss International 2023 ပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်မည့် အလှမယ် အိအိမြင့်အောင်သိန်းက လည်းကောင်း၊ အီဂျစ်နိုင်ငံတွင် ကျင်း ပခဲ့သည့် ၅၁ ကြိမ်မြောက် Miss Intercontinental 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အလှမယ် နန်းစံဖောင်ကလည်းကောင်း သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleရုံတင်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများ ပိုမိုများပြားလာမှုနှင့်အတူ ပရိသတ်အားပေးမှု ပြန်လည်မြင့်တက်ခဲ့သည့် ၂၀၂၃ မြန်မာ့ရုပ်ရှင်လောက
Next Article ၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အနုပညာရှင်များ၏ မင်္ဂလာပွဲများ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.