Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Boxing 0 Views

ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ်က ချီးမြှင့်သည့် ၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး စူပါဘင်တန်ဝိတ်တန်း ကစားသမားဆုကို မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော််နီကာ ရရှိ

January 6, 20242 Mins Read
Share
Facebook Twitter

ကမ္ဘာ့မွေထိုင်းအဖွဲ့ချုပ် (WMO) သည် ပြီးခဲ့သည့်ရက်ပိုင်းက ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးမွေထိုင်းကစားသမားများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ကယန်းတိုင်းရင်သူ မြန်မာ့ရိုးရာလက်ဝှေ့မယ် ဘရော်နီကာမှာ ၂၀၂၃ ခုနှစ် အမျိုးသမီး စူပါဘင်တန်ဝိတ်တန်း၏ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဘရော်နီကာသည် WMO က ထုတ်ပြန်ခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးမွေထိုင်းကစားသမား (၁၀)ဦး စာရင်းတွင်လည်း ပါဝင်ခဲ့သည်။ ကယန်းတိုင်ရင်းသူ ဘရော်နီကာသည် ၂၀၂၃ ခုနှစ်အတွင်း မွေထိုင်း (၇)ပွဲ ထိုးသတ်ခဲ့ရာ (၇)ပွဲစလုံးအနိုင်ရရှိခဲ့သည်။ ဘရော်နီ ကာသည် ယင်း (၇)ပွဲတွင် (၃)ပွဲကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး (၄)ပွဲကိုမူ အမှတ်ဖြင့်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက Thai Fight Queen’s Cup ဗိုလ်လုပွဲ အဖြစ် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုး ခဲ့ပြီး ချန်ပီယံခါးပတ် ကာကွယ်နိုင်ခဲ့သည်။ ဘရော်နီကာသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါ ရီတွင် ဘရာဇီးလ်နိုင်ငံသူ မွေထိုင်းမယ် ယူရီအဲလ်ဗတ်ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၃) ကီလို(ဘင်တန်ဝိတ်တန်း)၊ ၂၀၂၃ ခုနှစ်၊ ဧပြီတွင် အီတလီနိုင်ငံသူ မွေထိုင်းမယ် အက်စတာဗီအိုလာကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၃) ကီလို (ဘင်တန်ဝိတ် တန်း)၊ ၂၀၂၃ ခုနှစ် မေလတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် အွမ်ဆင်းဆရီထောင်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၃) ကီလို (ဘင်တန်ဝိတ်တန်း)၊ ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ဗီယက်နမ်နိုင်ငံသူ မွေထိုင်းမယ် ထရူရီသီဖောင်ကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၃) ကီလို (ဘင်တန်ဝိတ်တန်း)များ အဖြစ် (၄)ပွဲ ထိုးသတ်ခဲ့သည်။

ထို့နောက် ဘရော်နီကာသည် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၄) ကီလို(စူပါဘင်တန် ၀ိတ်တန်း)၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် အီရန်နိုင်ငံသူ မွေထိုင်းမယ် ဇဟာဆူခိုရီကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည့်ပွဲအား (၅၄) ကီလို(စူပါဘင်တန်ဝိတ်တန်း)၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံသူ မွေထိုင်းမယ် ဖာရာဆင်းဂါကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအား (၅၄)ကီလို(စူပါဘင်တန်ဝိတ်တန်း)များ ဖြစ် (၃) ပွဲ ထိုးသတ်ခဲ့သည်။

ဘရော်နီကာသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ထိုးသတ်ခဲ့သည့် (၂) ပွဲကို Thai Fight Queen’s Cup အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲအဖြစ် ထိုးသတ်ခဲ့ပြီး ချန်ပီယံ ခါးပတ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။ ဘရော်နီကာသည် ၂၀၂၃ ခုနှစ်အတွင်း ဘင်တန်ဝိတ်တန်း(၄) ပွဲ၊ စူပါ ဘင်တန်ဝိတ်တန်း (၃)ပွဲ ထိုးသတ်ခဲ့ခြင်းကြောင့် WMO အနေဖြင့် အမျိုးသမီး စူပါဘင်တန်ဝိတ်တန်း ၏ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ပေးခဲ့ဖွယ်ရှိကြောင်း သိရသည်။

ဘရော်နီကာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် မူ WMO က ရွေးချယ်ချီးမြှင့်သည့် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး မွေထိုင်းကစားသမားဆု ရရှိထားသူဖြစ်ပြီး ယခုနောက်ပိုင်းနှစ်များတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိထားခြင်းဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဇန်နဝါရီ ၅ ရက်က ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၆ သန်း ထပ်မံရောင်းချ
Next Article ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာ၏ လာမည့်ပွဲကို မတ်လ၌ ဆော်ဒီအာရေဗျနိုင်ငံတွင် ထိုးသတ်မည်ဟု ပွဲစီစဉ်သူ အက်ဒီဟန်း အတည်ပြု
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.