Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 28
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 0 Views

၂၀၂၃ လျှပ်တစ်ပြက် သမင်လည်ပြန်

January 14, 20243 Mins Read
Share
Facebook Twitter

အနီးဆုံးအတိတ်ကာလ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့ကိုကြည့်မိသည်။ ကမ္ဘာ့နိုင်ငံများအားလုံးကို ထိခိုက်ပျက်စီး၍ အခက်အခဲအကျပ်အတည်းများ ဖြစ်စေခဲ့သည်မှာ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို တွေ့ရသည်။ ၂၀၂၂ ခုနှစ်တွင်လည်း  လူဖန်တီးသည့်သောကတစ်ခု နောက်ထပ်ဖြစ်လာခဲ့ပြန်သည်။ ရုရှားနိုင်ငံ၏ ယူကရိန်းကို ကျုးကျော်မှုဖြစ်၏။ 

၂၀၂၂ ခုနှစ်အကုန်တွင် အဆိုးများလွန်၍ အကောင်းများဖြစ်ပေါ်လာနိုင်ရေး အားလုံးဆုတောင်းမျှော်လင်ခဲ့ကြ၏။ ၂၀၂၃ ခုနှစ်တွင်ဆိုးရွားသော အခြေအနေများကို ချိုးဖောက်ဖြတ်သန်း၍ စီးပွားရေး၊ ပထဝီနိုင်ငံရေး၊ နည်းပညာတိုးတက်မှု စသဖြင့် အကောင်းဘက်ဆီသို့ဦးတည်သော မျှော်လင့်ချက်ရောင်နီများ သန်းလာစေချင်သည့်စိတ်ဆန္ဒ အားလုံးတွင်ရှိနေသည်။  သို့သော်ကံမကောင်း အကြောင်းမလှခဲ့ပေ။ စိုးရိမ်စရာကောင်းသောအခြေအနေများကို ဆက်လက်ကြုံတွေ့ခဲ့ရ၏။ စီးပွားရေးတွင် အဓိကကျသည့် ငွေကြေးဖောင်းပွမှုနှုန်း လမ်းကြောင်းမှာ အဆင်းဘက်သို့  ဦးတည်နေသည်ဟုဆိုရသော်လည်း အခြေအနေသည်ဆိုးရွားနေဆဲ။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ၌ ၎င်းတို့မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှုမျှော်မှန်းချက် (အင်ဖလေးရှင်းနှုန်း နှစ်ရာခိုင်နှုန်း) သို့လည်း မရောက်ရှိခဲ့ပေ။ 

စားသုံးသူ  အများစု၏ နေ့စဉ်ဘဝရပ်တည်မှုအတွက်လိုအပ်သော သုံးစွဲမှုများ၊ ငွေကြေးပေးချေမှုများစသဖြင့် ကုန်ကျစရိတ်မှန်သမျှသည် မြင့်မားသောစျေးနှုန်းများ၏ ဖိအားများအောက်တွင် ဆက်လက်ရှိနေပြီး မြင့်မားလာသော အတိုးနှုန်းများသည်လည်း စီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်လာကာ အခြားသောအခက်အခဲများနှင့် ပေါင်းစပ်၍  ပိုမိုရုန်းကန်ရမှုများဖြစ်စေခဲ့သည်။ 

ငွေကြေးမူဝါဒကိုင်တွယ်ကျင့်သုံးမှုကို လေ့လာလျှင် နိုင်ငံသားတို့ နေ့စဉ်ဘဝရပ် တည်မှုအတွက် ပံ့ပိုးအထောက်အကူပေးခဲ့သည့် အစိုးရများ၏  ဆယ်စုနှစ်တစ်ခုကျော်  ငွေကြေးအလွန်အကျွံသုံးစွဲခဲ့မှုများသည်လည်း ကာလကြာရှည်လာသောအခါ လူတစ်ဦးတစ်ယောက်ချင်းကိုသာမက စီးပွားရေးလုပ်ငန်းများကိုပါ ပြင်းထန်ကြီးမားသောဖိအားများဖြစ်လာခဲ့သည်ကို ၂၀၂၃ ခုနှစ်၌ ပို၍ မြင်တွေ့လာရသည်။ ကာလရှည် ရပ်တည်နိုင်ရေးအတွက် မလွယ်ကူသည့် အခြေအနေမျိုး  အားလုံး ကြုံတွေ့လာနေကြပြီ။     

အကျပ်အတည်းဖြစ်နေခဲ့သည့် စီးပွားရေးအခြေအနေများထဲ၌ ဘဏ်များသည် စဉ်းစားဆင်ခြင်မှုအားနည်းလျက် စွန့်စားမှုများပြုလုပ်ခဲ့ကြသည်ဟုသုတေသီအချို့က ကောက်ချက်ချခဲ့ကြသည်။ ၂၀၂၃ ခုနှစ်အတွင်း  အမေရိကန်စီးပွားရေးအဆောက်အအုံအတွင်း ဒေသဆိုင်ရာဘဏ် သုံးခု ထိခိုက်ပျက်စီးခဲ့သည်။ ထိုဖြစ်ရပ်နောက်တွင်ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း ခရက်ဒစ်ဆွိ (Credit Suisse) သည်လည်း တုန်လှုပ်ချောက်ချားဖွယ် ပြိုလဲသွားခဲ့ရပြန်သည်။ ကပ်ရောဂါသဖွယ်ကူးစက်ဖြစ်ပွားလာသော ဘဏ်ပြိုလဲမှုဘေးအန္တရာယ်နှင့်အတူ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းများဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်းစနစ်များ၏ ခိုင်မာမှုအပေါ်တုန့်လှုပ်ချောက်ချားမှုများဖြစ်ခဲ့ကြ၏။   

ဘဏ်များ ဒေဝါလီခံမှုများနှင့် နောက်ဆက်တွဲဖြစ် ပေါ်လာသည့် အခြေအနေများအပေါ် ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်စိတ်ဖြစ်ပေါ်သည်မှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် ထင်မှတ်မထားခဲ့ သည့်အခြေအနေများကို တွေ့ခဲ့ရ၏။ စီးပွားရေးခက်ခဲမှုများကြားမှာပင်ရင်းနှီးမြှုပ်နှံသူအများစုသည် ဘဏ်လုပ်ငန်းအကျပ်အတည်းကို ဂရုမပြုဘဲ ရင်းနှီးမြုပ်နှံမှုများကို လွယ်လွယ်ကူကူပြုလုပ်ရန် စိတ်အားထက်သန်နေကြခြင်းဖြစ်သည်။ တစ်ကမ္ဘာလုံးသည် ဘဏ်လုပ်ငန်းစနစ်၏ အားနည်းချက်များကို အမှန်တကယ်ဖြေရှင်းပြီးသကဲ့သို့ပင် အခက်အခဲအကျပ်အတည်းများကို မေ့ပစ်လိုက်ကြသည်။ အခြေခံကျကျဖြစ်ပေါ်လာသော ဈေးကွက်ဘေးအန္တရာယ်များကိုလည်း လျှော့တွက်ခဲ့ကြ၏ ။  

အမှန်တွင် ပြောင်းလဲဖြစ်ပေါ်လာသော စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများအရလည်းကောင်း၊ နည်းပညာများအရလည်းကောင်း ဘဏ်လုပ်ငန်းများကို လက်တွေ့ကျကျပြောင်းလဲပြင်ဆင်မှုများမလုပ်ခဲ့ကြပေ။ ယခင်ကကဲ့သို့ ပင် အားနည်းမြဲ အားနည်းလျက်ရှိခဲ့၏ ။ 

ပထဝီနိုင်ငံရေးရှုထောင့်မှ ကြည့်ပါကလည်း ၂၀၂၃ ခုနှစ်ကို ကြမ်းတမ်းခက်ခဲမှုရှိခဲ့သော နှစ်တစ်နှစ်ဟုမြင်ကြလိမ့်မည်။ အသက်ပေါင်းများစွာဆုံးရှုံးခဲသည့် ရုရှား-ယူကရိန်းစစ်ပွဲ၏ ဖျက်ဆီးမှု မဆုံးမသတ်သေးခင်မှာပင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့၌  ဒုတိယမြောက် သွေးထွက်သံယိုစစ်ပွဲတစ်ခု အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့သည်။ လူသားချင်းစာနာ ထောက်ထားမှုရှုထောင့်မှကြည့်လျှင် ပဋိပက္ခနှစ်ခုစလုံးသည်အပြစ်မဲ့ကလေးငယ်များ ထောင်နှင့်ချီသော အရပ်သားများ သေဆုံးခဲ့သည်ကိုတွေ့မြင်ခဲ့ကြရပြီး စစ်နှင့်ပတ်သက်မှုမရှိသော တွေးဆ၍မရနိုင်သည့်ပျက်စီးဆုံးရှုံးမှုများသည့် နှစ်တစ်နှစ်ဟုလည်း ဆိုရမည်။ ပျက်စီးဆုံးရှုံးမှုများသည် ထိုအခြေအနေမှာပင် ရပ်တန့်မသွားခဲ့။ အခြားသော ကမ္ဘာ့နိုင်ငံများတွင်ပါ ပြင်းထန်သော အကျိုးဆက်များအဖြစ် ဆက်လက်ဖြစ်ပေါ်နေတော့ သည်။   

အနောက်အုပ်စုနှင့် တရုတ်-ရုရှားတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်နှင့်ပတ်သက်၍ ကမ္ဘာနှင့်ချီသည့် ကွဲပြားမှုမှာ ပိုမိုကျယ်ပြန့်ကြီးမားလာခဲ့ကြပြီး အခြားဒေ သများကိုပါ ကူးစက်ဖြစ်ပေါ်မှု အရှိန်အဟုန်ကြီးထွားလာခဲ့သည်။ ကမ္ဘာနိုင်ငံ့များအကြား ငြိမ်းချမ်းစွာပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်သည့် အခြေအနေများသို့  ပြန်လည်ရောက်ရှိနိုင်ရေးအခွင့်အလမ်းများမှာ မှေးမှိန်လာခဲ့သည်။ စစ်အေးကာလများကတည်းက ကိန်းအောင်နေခဲ့သော အယူဝါဒမတိုက်ဆိုင်မှုများ၊ နယ်မြေကြီး စိုးလိုမှုများနှင့်ပတ်သက်သည့် ခံစားမှုများသည် ၂၀၂၃နှစ်အကုန်တွင် ပိုမိုကြီးထွား လွှမ်းမိုးလာခဲ့သည်ဟု ရှုမြင်မှုများလည်းရှိနေသည်။    

 ပထဝီဝင်နိုင်ငံရေးအခြေအနေအပြောင်းအလဲများ၌ နိုင်ငံများသည် အမျိုးသားလုံခြုံရေးအန္တရာယ်များအတွက် စိုးရိမ်မှုများမြင့်တက်လာခဲ့ကြသည်။ အနီးစပ်ဆုံးကြုံတွေခဲ့ရသည့် စစ်ပွဲပဋိပက္ခနှစ်ခုစလုံးသည် ယခင်ကာလများနှင့်မတူ ခေတ်မီအိုင်တီနည်းပညာများ အသုံးပြုမှုရှိလာသောကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့သကဲ့သို့ ဖြစ်ပွားမှုအခြေအနေများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် တိုက်ရိုက်လွှင့်ထုတ်ပြသသည့် အခြေအနေမျိုးအထိဖြစ်လာခဲ့သည်။ ဆိုရှယ်မီဒီယာ ကွန်ရက် များ ပေါ်လာခြင်းတွင် အကျိုးဖြစ်ထွန်းစေသည့် အချေအတင်ဆွေးနွေးမှုများရှိလာစေသကဲ့သို့ ဆန့်ကျင်ဘက်အမြင်များ ပိုမိုဖြစ်ပေါ်လာစေကာ ပဋိပက္ခများကို ပိုမိုဦးတည်သည့်အခြေအနေများလည်း ပိုမိုတိုးပွားလာခဲ့သည်။   

ဆိုရှယ်မီဒီယာများကပေးသည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများသည် များသောအားဖြင့် အစစ်အမှန်များမဟုတ်ဘဲ ဖန်တီးထားသော ကတိပြုချက်များဖြစ်သည်ဟု သုံးသပ်ကြသည်။ ဆိုရှယ်မီဒီယာ အွန်လိုင်းစာမျက်နှာများတွင် အကျိုးအမြတ်ရရှိနိင်သည့်ကိစ္စများ၊ အဆင့်သင့်အသုံးပြုနိုင်သည့်အခြေအနေများလည်းရှိသည်။ တစ်စုံတစ်ရာအပေါ်တွင်ဖြစ်ပေါ်နေသည့် သုံးစွဲသူများ၏ ယုံကြည်မှုကို အထောက်အပံ့ဖြစ်စေသော၊ ခိုင်မာစေသောအချက်အလက်များလည်း ရှိသကဲ့သို့  အကျင့်စာရိတ္တ၊ သီလသမာဓိနှင့် လူသားဆန်မှုတိုနှင့် သက်ဆိုင်သည့် မေးခွန်းများနှင့်လည်း ပြည့်နှက်လျက်ရှိနေသည်။ 

ဆိုရှယ်မီဒီယာပေါ်တွင်အသိအမြင်ဖလှယ် မေးမြန်းဆွေးနွေးခြင်း၊ မိမိတို့၏ယုံကြည်ချက်များ၊ အသိအမြင်များကို ယဉ်ကျေးစွာ ဖလှယ်ခြင်း၊ အပြန်အလှန်သင်ယူခြင်း၊ လူ့အဖွဲ့အစည်းအတွက် အထောက်အကူဖြစ်စေသော အယူအဆသစ်များပေါ်ထွက်လာခြင်း စသည့်ကောင်းမွန်သော အရာများ ရှိနေသကဲ့သို့  သုံးစွဲသူအချင်းချင်းကြား အထင်အမြင်လွဲမှား၍ အပြန်အလှန်ပုတ်ခတ်ပြောဆိုခြင်း၊ ရင့်သီးသောစကားလုံးများဖြင့် ချေပတိုက်ခိုက်ပြောဆိုခြင်း စသည့်နှစ်ဖက်နှစ်အုပ်စုကြား အနိုင်အရှုံး၊ အကောင်းအဆိုး၊ ငါနှင့်သူ လုံးဝမတူဟူသော ဆန့်ကျင်ဘက်အခြေအနေများ၊ ရန်စရန်ကြွင်းများ ကျန်ရစ်သောအခြေအနေများလည်း ရှိနေသည်။ လူသားတို့သည် လျင်မြန်သော အပြောင်းအလဲအခြေအနေများကို  တွေ့ကြုံမြင်တွေ့နေရသည့် တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်  ထိခိုက်နစ်နာမှုများစွာဖြစ်စေသည့်ကိစ္စများနှင့် ကြုံတွေ့နေရသည်။

၂၀၂၂ ခုနှစ်၏ နောက်ပိုင်းကာလတွင် ပိုမိုတွင်ကျယ်လာသော အေအိုင်နည်းပညာသည်လည်း ၂၀၂၃ ခုနှစ်မှစ၍  တိုးတက်ပြောင်းလဲမှု၏ ပင်မရေစီးကြောင်းထဲသို့ အလုံးအရင်း စီးဝင်လာခဲ့ကာ နယ်ပယ်ကဏ္ဍစုံ ၌ အံ့အားသင့်ဖွယ် အေအိုင်အက်ပလီကေးရှင်းများ တွေ့မြင်နေကြပြီဖြစ်သည်။          

အေအိုင်၏အံ့ဩစရာကောင်းသောစွမ်းရည်ကြောင့် လူသားတို၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အပံ့ ဖြစ်စေသည်မှာသေချာ၏။ သို့သော်   အခြားတစ်ဖက်တွင် ကြောက်မက်ဖွယ်ရာအခြေအနေများရှိနေသည်။ လူသားတို့ကျင်လည်လှုပ်ရှားနေရသည့်နယ်ပယ်စုံ၊ ကဏ္ဍစုံတွင် အလွဲသုံးစားလုပ်ရပ်များပေါ်လာခြင်း၊ လိမ်လည်လှည့်ဖြားမှုများဖြစ်လာခြင်း၊ လူသားတို့ပြန်လည်ထိန်းချုပ်မှုကိုခံရနိုင်ခြင်း စသည့်အန္တရာယ်များ၊ မငြိမ်မသက်မှုများနှင့် ကသောင်းကနင်းအခြေအနေအလားအလာများလည်း ရှိသည်ဟု ခန့်မှန်းနေကြ၏။ 

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံများသည်ကိုဗစ်ကပ်ရောဂါ၏ အကြွင်းအကျန်  နောက်ဆက်တွဲ ပြဿနာများထဲမှ ကြိုးစားရုန်းထနေဆဲမှာပင် စစ်ပွဲများကို မြင်တွေ့ခဲ့ရ၏။ အမေရိကန်ဒေါ်လာအသုံးပြုမှု နှင့် ပတ်သက်၍လည်းကောင်း၊ နိုင်ငံတကာငွေပေးချေးမှုနည်းလမ်းသစ်များနှင့်လည်းကောင်း လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ကြ၏။     အေအိုင်နည်းပညာ၏ အကောင်းအဆိုးများကို  ထည့်သွင်းစဉ်းစားလာရ၏။ ဆိုရပါလျှင် ပြန်၍လှည့်ကြည့်မိသော၂၀၂၃ ခုနှစ်အချိန်ကာလများသည်ကား  လောဘများ၊ ဒေါသများနှင့် ပူပူလောင်လောင်ဖြစ်ခဲ့သောအချိန်ကာလများဟုသာ ဆိုရပေလိမ့်မည်။ 

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleယနေ့ကိုဗစ်နှင့် ကမ္ဘာ
Next Article မြောက်ဒဂုံမြို့နယ်ရှိ ပင်လုံဆေးရုံ နှစ်လယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း သိရ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.