Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 0 Views

အီသီယိုပီးယား၊ ဆိုမာလီလန်းနှင့် ဆိုမာလီယာ အရှုပ်တော်ပုံ

January 21, 20242 Mins Read
Share
Facebook Twitter

အီသီယိုပီးယားနိုင်ငံအနေနှင့် ဆိုမာလီယာနိုင်ငံမှ ခွဲထွက်ဒေသတစ်ခုဖြစ်သည့် ဆိုမာလီလန်းနှင့် အငြင်းပွားဖွယ် ပင်လယ်ရေကြောင်းဆိုင်ရာ သဘောတူညီချက်ကို ဖျက်သိမ်းခြင်းမပြုပါက အီသီယိုပီးယားနှင့် ကြားဝင်စေ့စပ်မှုကို လုပ်ဆောင်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၁၈ ရက်က ပြောကြားခဲ့သည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် အီသီယိုပီယားသည် ပင်လယ်ထဲသို့ ဝင်ရောက်ခွင့်ရရှိရန် ဇန်နဝါရီ ၁ ရက်က ဆိုမာလီလန်းနှင့် နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုးခဲ့ပြီးနောက် အာဖရိကဦးချိုဒေသတွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။

အပြန်အလှန်အနေဖြင့် ၁၉၉၁ ခုနှစ်က တစ်ဖက်သတ်လွတ်လပ်ရေး ကြေညာထားသည့် ဆိုမာလီလန်းကို အီသီယိုပီးယားက တရားဝင် အသိအမှတ်ပြုရမည်ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အီသီ ယိုပီးယားအစိုးရက ထိုသတင်းများကို အတည်မပြုခဲ့ပေ။

“အီသီယိုပီးယားအနေနဲ့ ဆိုမာလီလန်းနဲ့ တရားမဝင် နားလည်မှု စာချွန်လွှာကို ့ပြန်လည်မရုတ်သိမ်းဘူးဆိုရင် ကြားဝင်စေ့စပ်မှုတွေပြုလုပ်မှာ မဟုတ်ပါဘူး။ ဆိုမာလီယာရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့ခိုင်မြဲရေးကို ထပ်လောင်းအတည်ပြုရပါတယ်”ဟု ဆိုမာလီယာ နိုင်ငံခြားရေးဝန်ကြီးဌာနက လူ မှုမီဒီယာတွင် ရေးသားခဲ့သည်။

အီသီယိုပီးယားနှင့် ဆိုမာလီယာတို့သည် နယ်မြေပိုင်ဆိုင်မှု ပြဿနာများဖြင့် ဆက်ဆံရေးကတောက် ကဆတ်ဖြစ်ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး ၂၀ ရာစုနှစ်ကုန်ပိုင်းတွင် စစ်ပွဲနှစ်ပွဲဖြစ်ပွားခဲ့သည်။

ဆိုမာလီလန်းအစိုးရကမူ ဆိုမာလီယာသည် လုံခြုံရေးကိစ္စများနှင့် လေပိုင်နက် အသုံးပြုမှုအပါအဝင် ဆိုမာလီလန်းနှင့် ပြုလုပ်ထားသည့် သဘောတူညီချက်အားလုံးတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ကတိဖျက် နေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ဆိုမာလီ ပြည်သူ့လေကြောင်း အာဏာပိုင်အဖွဲ့က ဆိုမာလီလန်းဒေသ၏ မြို့တော်ဟာဂီဆာ၏ လေ ပိုင်နက်အတွင်းသို့ အီသီယိုပီးယား လေကြောင်းလိုင်းကို ဝင်ရောက်ခွင့် ငြင်းဆိုခဲ့ပြီးနောက် ဆိုမာလီလန်းအ စိုးရ၏ စွပ်စွဲချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဆိုမာလီ ပြည်သူ့လေ ကြောင်း အာဏာပိုင်အဖွဲ့သည် ယူအေအီးနိုင်ငံမှ ဟာဂီဆာမြို့တော်သို့ ပျံသန်းလာသည့် ထိုင်းနိုင်ငံ မှတ်ပုံတင်ထားသည့် ကုန်တင်လေယာဉ်ကိုလည်း ဆိုမာလီလေပိုင်နက်အတွင်း ဝင်ရောက်ခွင့် ငြင်းဆိုခဲ့သည်။

အာဖရိကသမဂ္ဂ၏ ပဋိပက္ခများကို ဖြေရှင်းပေးသည့် အဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင် ကြားစေ့ရေးကောင်စီကမူ အီသီယိုပီးယားနှင့် ဆိုမာလီယာနိုင်ငံတို့ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ တင်းမာမှုကို လျှော့ချရန်၊ ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ရှေးရှုသည့် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အရှေ့အာဖရိက ကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် IGAD ကလည်း ဆူဒန်နိုင်ငံတွင်ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် အီသီယိုပီးယား-ဆိုမာလီယာ အငြင်းပွားမှုများကို ယူဂန်ဒါနိုင်ငံတွင် အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးခဲ့ကြသည်။

ကမ်ပါလာမြို့တော်တွင် ပြုလုပ်သည့် ထိုအစည်းအဝးကို ဆိုမာလီသမ္မတ ဟက်ဆန်ရှိတ် မိုဟာမက်လည်း အခြားဒေသတွင်း နိုင်ငံခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။

ဆိုမာလီလန်းနှင့် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုသည် အီသီယိုပီးယားရဲ့ ရန်လိုသည့် လုပ် ဆောင်ချက်ဖြစ်ကြောင်း ဆိုမာလီယာက ပြောကြားခဲ့သည်။

ထိုသဘောတူညီချက်အရ ဆိုမာလီလန်းသည် ၎င်း၏ ကမ်းရိုးတန်းဒေသ၏ ကီလိုမီတာ၂၀ (၁၂ မိုင်)ကို အီသီယိုပီးယားကို ငှားရမ်းအသုံးပြုခွင့်ပေးရန် သဘောတူခဲ့သည်။ အီသီယိုပီးယားကမူ ထိုကမ်း ရိုးတန်းပေါ်တွင် ရေတပ်စခန်းတစ်ခုနှင့် အရပ်ဘက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် ဆန္ဒရှိနေသည်။

လူဦးရေ ၄ ဒသမ ၅ သန်းနေထိုင်သည့် ဆိုမာလီလန်းဒေသ၏ လွတ်လပ်ရေးကြေညာမှုကို နိုင်ငံတ ကာအသိုင်းအဝိုင်းက အသိအမှတ်မပြုပေ။

ဆိုမာလီယာအစိုးရကလည်း ဆိုမာလီလန်းနိုင်ငံထူထောင်မှုကို ဆန့်ကျင်နေသော်လည်း တည်ငြိမ်မှုမရှိဘဲ ကျိုးပျက်လွယ်သည့် ဗဟိုအစိုးရသည် ကိုယ်ပိုင်အစိုးရ၊ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့နှင့် ကိုယ်ပိုင်ငွေကြေးရှိသည့် နိုင်ငံမြောက်ပိုင်းရှိ ဆိုမာလီလန်းခွဲထွက်ဒေသအပေါ် သြဇာအာဏာသက်ရောက်မှု အနည်းငယ်သာ ရှိသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမရမ်းကုန်းမြို့နယ်တွင် ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄၉ ဘီလျံ တန်ဖိုးရှိသော မူးယစ်ဆေးပြား ၁၄ ဒသမ ၉ သိန်း ဖမ်းဆီး ရမိ
Next Article ဆူဒန်၏ နိုင်းမြစ်ပြည်နယ်အထိ ကာလဝမ်းရောဂါ ကူးစက်ပျံ့နှံ့
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.