Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Sunday, June 29
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Soccer 0 Views

နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရရှိသည့်အသင်းအဖြစ် ချယ်လ်ဆီး ဦးဆောင်ခဲ့ပြီး အာဆင်နယ် အဆင့်(၄၃)နေရာတွင်သာ ရပ်တည်

January 22, 20241 Min Read
Share
Facebook Twitter

ချယ်လ်ဆီးအသင်းသည် ဥရောပဘောလုံးလောကတွင် နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရရှိသည့်အသင်းအဖြစ် ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိအချိန်တွင် ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက်၌ ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို(၁)ဘီလီယံကျော် သုံးစွဲထားခြင်းကြောင့် ငွေသုံးကြမ်းသည့်အသင်းအဖြစ် သတ်မှတ်ခံနေရသော်လည်း နောက်ဆုံး(၁၀)နှစ်အတွင်းတွင် ကစားသမားရောင်းချမှုမှ ငွေအများဆုံးပြန်ရှာနိုင်သည့်အသင်းအဖြစ် ရပ်တည်နေကြောင်း Transfermarkt ဝက်ဘ်ဆိုက်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

Transfermarkt က ၂၀၁၄-၁၅ ရာသီမှ ပြီးခဲ့သည့်နွေရာသီအထိ အပြောင်းအရွှေ့အချက်အလက်များကို အခြေခံကာ ယခုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းသည် နောက်ဆုံး(၁၀)နှစ်အတွင်းတွင် ကစားသမားရောင်းချမှုမှ ယူရို(၁.၃၂) ဘီလီယံ ရရှိခဲ့ခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အဆိုပါ(၁၀)နှစ်အတွင်း ကစားသမားသစ်ခေါ်ယူမှုအတွက် ယူရို(၂.၃၃)ဘီလီယံ သုံးစွဲခဲ့ပြီး ငွေကြေးအများဆုံးသုံးစွဲသည့်အသင်းအဖြစ်လည်း ဦးဆောင်ခဲ့ကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် နောက်ဆုံး(၁၀)နှစ်အတွင်း၌ ယူရိုသန်း (၁၀၀)အထက် ပေးချေရသည့် အန်ဇို၊ ကိုင်စီဒို၊ လူကာကူ တို့အပါအဝင် တန်ဖိုးကြီးကစားသမားခေါ်ယူမှုများစွာ ပြုလုပ်ခဲ့သည့်နည်းတူ ဟာဇက်အား ရီးယဲလ်အသင်းထံ ယူ ရို(၁၁၅)သန်းဖြင့် ရောင်းချခြင်းအပါအဝင် တန်ဖိုးကြီးကစားသမားရောင်းချမှုများစွာလည်း ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နှစ်မျိုးစလုံး၌ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

Transfermarkt သည် နောက်ဆုံး(၁၀)နှစ်အတွင်း ကစားသမားရောင်းချမှုမှ ဝင်ငွေအများဆုံးရရှိသည့် ကလပ်အသင်း(၅၀)စာရင်းကို ထုတ်ပြန်ခဲ့ရာ ထိပ်ဆုံး(၁၀) သင်းစာရင်းတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများထဲမှ ချယ်လ်ဆီးတစ်သင်းသာ ပါဝင်ခဲ့သည်။

မန်စီးတီးအသင်းက အဆင့်(၁၃)နေရာ၊ လီဗာပူးလ်အသင်းက အဆင့်(၁၅) နေရာသာရရှိခဲ့ပြီး ပရီးမီးယားလိဂ် Big Six စာရင်းဝင် ကျန်အသင်းများ၌ စပါးက အဆင့်(၂၆)နေရာ၊ မန်ယူက အဆင့်(၃၄)နေရာ၊ အာဆင်နယ်က အဆင့်(၄၃)နေရာအထိ ရောက်ရှိခဲ့သည်။

ချယ်လ်ဆီး၏နောက် ဒုတိယနေရာတွင် ဘင်ဖီကာ၊ တတိယနေရာတွင် မိုနာကို၊ စတုတ္ထနေရာတွင် ဂျူဗင်တပ်စ်၊ ပဥ္စမနေရာတွင် ဘာစီလိုနာအသင်းတို့ ရပ်တည်ခဲ့သည်။

အဆိုပါထိပ်ဆုံး(၅)သင်းစလုံးမှာ ကစားသမားရောင်းချမှုမှ ယူရို(၁)ဘီလီယံကျော် ရရှိခဲ့ကြပြီး ကျန်အသင်းများမှာ ယူရို(၁)ဘီလီယံအောက်သာ ရရှိခဲ့ကြသည်။

လက်ရှိအချိန်၌ လိဂ်ချန်ပီယံရှစ်သို့ ရောက်ရှိနေသည့် ဆောက်သမ်တန်အသင်းသည် PSG ၏အထက် အဆင့်(၁၉)နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

ဆောက်သမ်တန်အသင်းသည် ၎င်းတို့၏ ကစားသမားကောင်းများကို ပရီးမီးယားလိဂ်ထိပ်သီးအသင်းများထံ မြင့်မားသည့်တန်ဖိုးဖြင့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမြန်မာ့လက်ရွေးစင် နောက်ခံလူ စိုးမိုးကျော် ကမ္ဘောဒီးယားလိဂ်ကလပ် ဖနွမ်းပင်ခရောင်းအသင်းအတွက် သုံးပတ်ဆက်တိုက် ဂိုးသွင်းယူ
Next Article ခံစစ်ပြဿနာကြုံတွေ့နေရသည်ဟု ဘာစီလိုနာနည်းပြ ဇာဗီ ညည်းတွားခဲ့ပြီး အသင်းအတွက် မိမိတို့ အကောင်းဆုံးကြိုးစားတည်ဆောက်သွားမည်ဟုဆို
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.