Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

မွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်း လူကြီးရောဂါဖြင့် ကွယ်လွန်

January 24, 20242 Mins Read
Share
Facebook Twitter

မွန်ညီညွတ်ရေးပါတီနာယက နိုင်ငွေသိန်း သည် ဇန်နဝါရီ ၂၃ ရက် မွန်းတည့်ချိန်၌ ရန်ကုန်မြို့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ ကြောင်း ၎င်း၏မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

အသက် ၈၉ နှစ်အရွယ်ရှိ နိုင်ငွေသိန်းမှာ ရန်ကုန်မြို့ရှိ အာရှတော်ဝင်ဆေးရုံတွင် ဆေး ကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းင်း၏ ရုပ်အလောင်းအား မော်လမြိုင်မြို့ သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက် (ကြာသပတေးနေ့) မွန်းလွဲ ၁ နာရီတွင် မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက် ရှင်စောပုလမ်းရှိနေအိမ်မှ ကျိုက်မ ရောမြို့နယ် ပိန္နဲကုန်းကျေးရွာရှိ သုသာန်သို့ ပို့ဆောင်ကာ စျာပနအခမ်းအနားပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ဥက္ကဋ္ဌဟောင်း နိုင်ငွေသိန်းမှာ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့တွင်လည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည့်အပြင် မွန်ကဗျာ၊ ဂန္ထဝင်နှင့် ခေတ်ပေါ်မွန်သီချင်းရေးဆရာအဖြစ်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန အထက်မြန် မာပြည် မန္တလေး ညွှန်ကြားရေးမှူး (စီမံ) ဖြင့် လည်းကောင်း၊ မွန်အမျိုးသားတို့၏ ထင်ရှားသည့်တတ်သိပညာရှင်တစ်ဦးအဖြစ်လည်း ကောင်း ထင်ရှားသူတစ်ဦးဖြစ်သည်။

နိုင်ငွေသိန်းကို ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထိုစဉ်က တနင်္သာရီတိုင်း သထုံခ ရိုင် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာတွင် မွေး ဖွားခဲ့ကြောင်း သိရသည်။

အသက် ၁၃ နှစ်အရွယ်တွင် ကိုရင်ဝတ်၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပြီး မွန်/မြန်မာ ပရိယတ္တိစာပေများကို ပေါင်မြို့၊ မန္တလေးမြို့ နှင့် ဘီလူးကျွန်းရှိ စာသင်တိုက်အသီးသီးတို့ တွင် ပညာဆည်းပူးခဲ့ကြောင်း၊ ရာမညတိုင်းလုံး ဆိုင်ရာမွန်အဖွဲ့ချုပ်မှ ၁၉၅၃ ခုနှစ်တွင် ဦးစီး ကျင်းပသော မွန်ပရိယတ္တိစာမေးပွဲတွင် အကြီး တန်းကို ကိုရင်ဘဝဖြင့် ပထမအထူးဆုနှင့် အောင်မြင်ခဲ့၍ ဝန်ကြီးချုပ်ဦးနုက ဆုငွေတစ် ထောင်ကျပ်ချီးမြှင့်ခဲ့ကြောင်း၊ ထိုဆုငွေဖြင့် သီရိလင်္ကာနှင့် ထိုင်းနိုင်ငံသို့ ဘုရားဖူးသွား ရောက်ရန် ဓာတုဗေဒမင်းကြီး နိုင်ချစ်သောင်း ထံအပ်နှံထားကြောင်း၊ သို့သော်လည်း ဖခင် ဖြစ်သူမှာ မမျှော်လင့်ဘဲ ရုတ်တရက်ဆုံးပါး သွားခဲ့သဖြင့် ဘုရားဖူးအစီအစဉ် ပျက်သွားရ ကြောင်း၊ ထို့နောက် သာသနာ့ဘောင်မှ ထွက် လိုက်ရကာ ကျန်ရစ်သူမိခင်ထံသို့ ပြန်လာ၍ ထုံးအိုင်မူလတန်းကျောင်း၌ လေးတန်းမှစ၍ ပညာသင်ကြားခဲ့ကြောင်း သိရသည်။

ပညာထူးချွန်သူဖြစ်သောကြောင့် နောက် ပိုင်းတွင် အတန်းကျော်တက်ခွင့်ရခဲ့ပြီး တက္က သိုလ်ဝင်တန်းအောင်မြင်ခဲ့ရာ ၁၉၅၈ ခုနှစ် တွင် မော်လမြိုင်ကောလိပ်နှင့် ရန်ကုန်တက္က သိုလ်တို့တွင် ပညာသင်ကြားခဲ့ပြီးနောက် နိုင် ငံတကာဆက်ဆံရေး IR, B.A Dip.Ed.ဘွဲ့ ရရှိခဲ့သည်။

ထို့နောက် မူလတန်းကျောင်းဆရာဘဝမှ ကျောင်းအုပ်၊ မြို့နယ်၊ ပြည်နယ်ပညာရေးမှူး အဆင့်ဆင့်ဖြင့် မွန်၊ ကရင်၊ ပဲခူး၊ ကချင်ပြည် နယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ပြီး အ မှတ် (၂) အခြေခံပညာဦးစီးဌာနတွင် ညွှန်ကြား ရေးမှူးတာဝန်ဖြင့် ၂၀၀၀ ပြည့်နှစ်တွင် မန္တလေး တိုင်း၌ အငြိမ်းစားယူခဲ့သည်။

နိုင်ငွေသိန်းသည် မွန်ကဗျာ၊ ဂန္ထဝင်နှင့် ခေတ်ပေါ်သီချင်းပေါင်းများစွာကို ၁၉၇၄ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်ဝန်းကျင်အထိ ရေးစပ်သီကုံး ခဲ့သူဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘဝတွင် မွန် ကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သည့်အပြင် ၁၉၆၄ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မွန်ပြည်သစ် ပါတီ၏ ထိပ်တန်း UG တစ်ဦးဖြစ်ခဲ့ကြောင်း သိရသည်။ ၂၀၁၀ ပြည့်နှစ်တွင် မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီ (AMDP) ပါတီတည် ထောင်သူတစ်ဦးအဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ဆရာကြီး နိုင်ငွေသိန်း ရွေးကောက်ပွဲဝင်ခဲ့သည်။

ဆရာကြီးနိုင်ငွေသိန်း ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူဆရာမကြီး မိအေးသန်းနှင့် သမီး သုံးယောက် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ဘိုဘိုမြင့်

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမော်လူး မြို့မစျေးတွင် မီးလောင်မှုဖြစ်ပွားပြီး စျေးဆိုင်အခန်းပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီး
Next Article ဇန်နဝါရီ ၂၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၄၆၀ ဝန်းကျင်ရှိနေကြောင်း သိရ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.