Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

တိပိဋကဓရ တိပိဋကကောဝိဒ (၁၆)ပါး မြောက် ဆရာတော် ထွက်ပေါ်လာ

January 28, 20241 Min Read
Share
Facebook Twitter

မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆)ပါး မြောက် ဆရာတော်ထွက်ပေါ်လာ ကြောင်းသိရသည်။

(၇၆) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင်ကျင်းပခဲ့ပြီး ယင်းစာမေးပွဲမှ ၁၆ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်ထွက်ပေါ်လာခြင်းဖြစ်သည်။

၁၆ ပါးမြောက် တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်အဖြစ် ပေါ်ထွန်းတော်မူလာသသည့် ဆရာတော်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိပိဋကနိကာယကျောင်းတိုက်မှ အရှင်ပညာသိရီလင်္ကာရ၊ သက်တော် ၅၉ နှစ်၊ သိက္ခာတော် ၃၉ ဝါ ဖြစ်သည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်)တွင် စတင်ကျင်းပခဲ့ရာ ယခုအချိန်ထိ (၇၆) ကြိမ်မြောက် ကျင်းပခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ပထမအကြိမ်မှ (၇၅) ကြိမ်အထိ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါး ပေါ်ထွန်းခဲ့ပြီးဖြစ်ကာ ပထမဆုံးပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်မှာ မင်းကွန်းဆရာတော်ဘုရားကြီးဖြစ်သည်။

(၇၂) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၅) ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ပေါ်ထွန်းခဲ့ပြီးနောက် ​လေးနှစ်အကြာ ယခုနှစ် ၁၃၈၅ ခုနှစ် (၂၀၂၄) ခုနှစ် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် (၁၆) ပါးမြောက်အဖြစ် တိပိဋကဓရတိပိဋကကောဝိဒ ဆရာတော်တစ်ပါး ထပ်မံပေါ်ထွန်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ယခင်ပေါ်ထွန်းတော်မူခဲ့သည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် ၁၅ ပါးအနက် သက်တော်ထင်ရှား ၁၀ ပါးရှိကြောင်းသိရသည်။

တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝိနယပိဋကဝိနည်းပထမပိုင်း နှစ်ကျမ်း၊ ဝိနယပိဋက ဝိနည်းဒုတိယ ပိုင်းသုံးကျမ်း၊ သုတ္တန္တပိဋက ဒီဃနိကာယ်သုံးကျမ်း၊ အဘိဓမ္မပိဋက အဘိဓမ္မာပထမပိုင်း ငါးကျမ်းနှင့်အဘိဓမ္မပိဋကအဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်းတို့ကို “တိပိဋကဓရ” ဘွဲ့အတွက် အာဂုံပြန်ဆိုရပြီး “တိပိဋကကောဝိဒ” ဘွဲ့အတွက် သဘောရေးဖြေစာမေးပွဲဖြေဆိုရကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Article၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကိုးလအတွင်း ကဏ္ဍအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ သန်းကျော်ဖြင့် အများဆုံးဖြစ်
Next Article အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းနှင့် သထုံမြို့ အမိုးအကာများ အရေးပေါ်လိုအပ်နေ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.