Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Boxing 0 Views

ONE နှင့် စာချုပ်သဘောတူညီမှုရရှိပြီးနောက် ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် အဆင်သင့်ဖြစ်နေပြီဟု အောင်လအန်ဆန်ပြောကြား

January 29, 20241 Min Read
Share
Facebook Twitter

ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship နှင့် စာချုပ်ကိစ္စရပ် သဘောတူညီမှုရရှိပြီးနောက် မိမိ၏ ချန်ပီယံခါးပတ်ကို ပြန်လည်ရယူရန် အဆင်သင့်ဖြစ်နေပြီဟု ၎င်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။

အောင်လအန်ဆန်က ”ONE Championship က ကျွန်တော့်ရဲ့ MMA ခရီလမ်း စတင်လျှောက်လမ်းရာနေရာဖြစ်ပါတယ်။ ONE Championship က ကျွန်တော့်ရဲ့ MMA ခရီလမ်း ပြီးဆုံးမယ့်ပန်းတိုင်လည်းဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ချန်ပီယံခါးပတ်ကို ပြန်လည်ရယူဖို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်နှင့် ONE Championship တို့ အကြား စာချုပ်သက်တမ်းတိုးရေးကိစ္စရပ်အတွက် ဆွေးနွေးနေမှုမှာ ကာလအတော်ကြာခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ ၂၈ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သည့် ONE 165 ပြိုင်ပွဲအပြီးတွင် နှစ်ဖက်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ မာတင်ငုရင်၏ ထိုးပွဲအတွက် လိုက်ပါဝန်းရံကူညီလာခဲ့ပြီး ONE Championship CEO ချက်ထရီနှင့် တွေ့ဆုံကာ စာချုပ်ကိစ္စရပ်အတွက် အပြီးသတ်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် အောင်လအန်ဆန်သည် ONE Championship CEO ချက်ထရီနှင့် ပူးတွဲရိုက်ကူးထားသည့်ဓာတ်ပုံနှင့်တကွ ONE Championship နှင့် စာချုပ်ကိစ္စရပ် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ၎င်း၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့ သော် အောင်လအန်ဆန်သည် စာချုပ်သက်တမ်းတိုးကိစ္စရပ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာအတွင်းက ONE Championship အဖွဲ့အစည်းနှင့် ဆွေးနွေးနေမှုမှာ မပြီးပြတ်သေးကြောင်းနှင့် လာမည့်နှစ် ဧပြီတွင် မိမိပွဲကို မြင်တွေ့ရမည်ဟု သူ၏ လူမှုကွန်ရက် Facebook ဗီဒီယိုမှ ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ၂၀၁၄ ခုနှစ်ကတည်းက ONE Championship ၌ ထိုးသတ်ခဲ့သူ ဖြစ်သောကြောင့် ၉ နှစ်ကြာ လက်တွဲထားသူဖြစ်သည်။

အောင်လအန်ဆန်နှင့် ONE Championship တို့၏ စာချုပ်သက်တမ်းမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီကတည်းက ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် လက်တွဲခဲ့စဉ်အတွင်း MMA ပွဲပေါင်း (၁၉) ပွဲ ထိုးသတ်ခဲ့ရာ (၁၅) ပွဲနိုင်၊ (၄) ပွဲရှုံးနိမ့်ခဲ့ပြီး လိုက်ဟဲဗီးဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်းတို့၏ ကမ္ဘာ့ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

အောင်လအန်ဆန်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလအတွင်းက တရုတ်ဖိုက်တာ ဖန်ယုံနှင့် ထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဆော်ဒီကလပ် အယ်လ်ရှာဘတ်အသင်းနှင့် ဒီဟေးယား ဆွေးနွေးနေ
Next Article ယာဂန်ကလော့ပ်ကို စိတ်ဝင်စားသည်ဟု ဂျာမန်ဘောလုံးအဖွဲဲ့ချုပ် အတည်ပြု
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.