Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆားကွင်းများ ထိခိုက်ပျက်စီးမှုရှိ

January 29, 20241 Min Read
Share
Facebook Twitter

အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆားကွင်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဆားတောင်သူများ၏ ပြောကြားချက်များအရ သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ မိုးရွာသွန်းမှုများရှိခဲ့သည့်အပြင် နေရောင်လည်းမရကြောင်း ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင်လည်း မိုးရွာသွန်းမှုများရှိကြောင်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားတောင်သူတစ်ဦးဖြစ်သူ နိုင်ဟုက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ထိခိုက်ပျက်စီးမှုအနေနဲ့က မိုးကသည်းသည်းမရွာတော့ ကွင်းတွေ ပျက်စီးတာမျိုးတော့မရှိဘူး။ ဒါပေမဲ့ ဆားက နေရောင်ခြည်လည်းမရ၊ ဆားကွင်းတွေကလည်း စိုကုန်တော့ ကွင်းထဲက ဆားတွေလည်း အရည်ပျော်ကုန်တယ်။ အဲဒီတော့ ဆားအထွက်နောက်ကျသွားမယ်။ လတ်တလောမှာ ဆားမထွက်တော့တဲ့အတွက်ကြောင့် အလုပ်သမားစရိတ်နဲ့ စက်သုံးဆီစရိတ်တွေက လျော့လို့မရတော့ ဆားက ရက်သတ္တတစ်ပတ်လောက် မထွက်ဘူးဆိုရင် ကုန်ကျစရိတ်ကို ကိုယ့်အိတ်ထဲကနေ စိုက်ရတယ်။ အဲဒီတော့ ကုန်ကျစရိတ်တွေ ပိုများသွားတာပေါ့ဗျာ” ဟု ပြောကြားသည်။

လတ်တလောတွင် ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၁၇၀ ဝန်းကျင် ပေါက်စျေးရှိသော်လည်း ဆားတောင်သူများထံတွင် ဆားလက်ကျန်မရှိတော့သည့်အတွက် ဆားကြမ်းအရောင်းအဝယ်စျေးကွက် အေးနေကြောင်းလည်း ဆားတောင်သူများက ဆိုသည်။

“ပုံမှန်ရာသီဆိုရင် အခုအချိန်က ဆားအထွက်ကောင်းတဲ့အချိန်ပဲ။ ဒါပေမဲ့ ဒီရက်ပိုင်း မိုးထိတော့ ဆားတွေရော ဆားကွင်းတွေပါ အကုန်ပျက်စီးကုန်တယ်။ ဒီနေ့လည်း နေရောင်က မရသေးဘူး။ မိုးမရွာတော့မှဘဲ ဆားကွင်းတွေ ပြန်ပြုပြင်ရတော့မယ်” ဟု သံ ဖြူဇရပ်မြို့နယ် ကရုပ္ပိကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မိုးရွာလို့ ဆားကွင်းတွေ၊ ဆားတွေပျက်စီးသွားတော့ ထိခိုက်မှုတွေ အများကြီးရှိပါတယ်။ အဲဒီအပြင်ကို ဆားကလည်း မထွက်ဘူး။ အလုပ်သမားစရိတ်နဲ့ စက်သုံးဆီသုံးစွဲမှုစရိတ်က လျှော့လို့မရတော့ ထိခိုက်မှုတွေ ပိုများသွားတယ်” ဟု ပြောကြားသည်။

အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြား၌ မိုးထစ်ချုပ်ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က သတင်းထုတ်ပြန်ထားသည်။

ထိုအခြေအနေကြောင့် ဇန်နဝါရီ ၂၆ ရက်မှစတင်ကာ သံဖြူဇရပ်မြို့နယ်အပါအဝင် မွန်ပြည်နယ်အနှံ့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

နေလှန်းဆားကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲနှင့် ဝဲကလောင်းကျေးရွာတို့တွင်လည်း ဆားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ထို့ပြင် ရေးမြို့နယ်နှင့် ပေါင်မြို့နယ်များတွင်လည်း နေလှန်းဆားလုပ်ငန်းများရှိကြောင်း သိရသည်။

နေလှန်းဆားကွင်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့သည့်အပြင် နေရောင်မရသည့်အတွက် ဆားများ အရည်ပျော်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမိုးမိတ်မြို့အား တပ်မတော်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေဟု နစက ထုတ်ပြန်
Next Article ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် နိုင်ငံခြားငွေကြေး စျေးကွက်အတွင်း ဒေါ်လာ ကိုးသန်း ထပ်မံရောင်းချ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.