Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ရန်ကုန်မြို့ရှိ လူမှုကူညီရေးအသင်းများ အခက်အခဲဖြစ်ပေါ်နေ

February 4, 20242 Mins Read
Share
Facebook Twitter

စက်သုံးဆီစျေးမြင့်တက်မှုကြောင့် ရန် ကုန်မြို့ရှိ လူမှုကူညီရေးအသင်းများ အခက် အခဲဖြစ်ပေါ်နေကြောင်း အဆိုပါအသင်းများ ထံမှ သိရသည်။

“ဆီစျေးက အခုတစ်လီတာကို ၂၈၀၀ နားကပ်နေပြီလေ။ အရင်လို မလိုက်နိုင်တော့ ဘူး။ အရမ်းကို အရေးကြီးမှ သွားနိုင်တဲ့အ ခြေအနေဖြစ်နေတယ်” ဟု ရန်ကုန်မြို့ ဆက် ခြေဖုံးမြို့နယ်ရှိ ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူမှုကူညီရေးအသင်းအများစုမှာ ပြည်သူများ၏ လှုဒါန်းမှုများဖြင့် စက်သုံးဆီများကို ဝယ်ယူသုံးစွဲနေရသည့်အခြေအနေဖြစ်ပြီး စက်သုံးဆီစျေး မြင့်တက်မှုကြောင့် အခြား သောလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိကြောင်း ပရဟိတအသင်းအချို့က ပြော ကြားသည်။

“ကျွန်တော်တို့အသင်းက အခမဲ့လိုက်ပို့ တာ။ ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့။ အလှူရှင်တွေ က ဆီဖိုးလှူတာကိုပဲ ပြန်ယူတယ်။ တချို့က တတ်နိုင်တော့ လှူကြပေမဲ့ အများစုက ပြန် မလှူနိုင်တာများတယ်။ ရပ်တည်ရတာက ကိုယ့်ရပ်ကွက်ထဲက အမာခံအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ ရပ်တည်ရတာပေါ့” ဟု ပရဟိတ အသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ယင်းသို့ စက်သုံးဆီစျေးမြင့်တက်မှု ကြောင့် ပရဟိတအသင်းများအနေဖြင့် ချိတ် ဆက်ကာ လုပ်ဆောင်နေရသည်ဟု ပရဟိတ အသင်းများထံမှ သိရသည်။

“ဥပမာ မြို့နယ်ခြားနေပြီဆိုရင် အဲဒီ မြို့နယ်မှာရှိတဲ့ အသင်းကို ချိတ်ပေးလိုက်တာ ပေါ့။ အရင်ကလို အဝေးကြီးကို သိပ်မသွား နိုင်တော့ဘူး။ အရင်က မီးလောင်မှုဖြစ်ပြီဆို ရင်လည်း မြို့နယ်အစုံက ပရဟိတအသင်း တွေ တန်းစီသွားကြတာ။ အခုကတော့ အဲဒီ လို သွားဖို့ဆိုတာက မလွယ်တော့ဘူး။ ကား တွေကလည်း အင်ဂျင်ပါ၀ါကြီးတဲ့ကားတွေ ဖြစ်နေတော့ သိပ်မထွက်နိုင်တော့ဘူး” ဟု ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ရန်ကုန်မြို့တွင် စက်သုံးဆီစျေးနှုန်း ၉၂ တစ်လီတာလျှင် ကျပ် ၆၀ ထပ်မံမြင့်တက်ခဲ့ပြီး ၉၂ တစ်လီတာ ၂၇၆၅ ကျပ်သို့ ရောက်ရှိလာ ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့် ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် စက်သုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီ၏ စျေးနှုန်းများအရ ၉၂ တစ် လီတာလျှင် ၂၇၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၈၉၀၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅၅၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ကျပ် ၂၆၀၀ ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီစျေးနှုန်းသည် ဇန်နဝါရီ ၂၆ ရက်တွင် စတင်ပြောင်းလဲခဲ့ပြီး ၉၂ တစ်လီတာ လျှင် ကျပ် ၂၇၀၀ ကျော်သို့ စတင်ရောက်ရှိလာ ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက်တွင် ထုတ်ပြန်သည့် စျေးနှုန်းများအရ ၉၂ တစ်လီတာလျှင် ၂၇၀၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၈၄၅ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာလျှင် ကျပ် ၂၄၅၀၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။

ယင်းစျေးနှုန်းများသည် ပြီးခဲ့သည့်ရက် ပိုင်းများတွင် ငြိမ်သက်နေရာမှ ဖေဖော်ဝါရီ ၂ ရက်တွင် စျေးနှုန်းများ ထပ်မံမြင့်တက်လာ ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၂၆ ရက် မတိုင်မီက စျေးကွက် အတွင်း ရောင်းချသည့် စျေးနှုန်းများအနေဖြင့် ၉၂ တစ်လီတာလျှင် ၂၅၈၅ ကျပ်၊ ၉၅ တစ်လီ တာလျှင် ကျပ် ၂၇၂၀၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင် ကျပ် ၂၄၃၀၊ ပရီမီယံဒီဇယ်တစ်လီတာ လျှင် ၂၄၉၅ ကျပ်ဖြစ်သည်။ ထို့ကြောင့် တစ် ပတ်ကျော်ကာလအတွင်း ၉၂ တစ်လီတာ လျှင် ကျပ် ၁၈၀ ကျော် မြင့်တက်ခဲ့သည်။

စက်သုံးဆီစျေးနှုန်းများ မြင့်တက်ရခြင်း သည် စင်ကာပူ စက်သုံးဆီစျေးနှုန်းများမြင့် တက်လာခြင်းကြောင့်ဖြစ်သည်ဟု စျေးကွက် အတွင်းမှ သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော် တော်ယာဉ်များ စက်သုံးဆီဝယ်ယူရန် တန်းစီ ခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ ယင်း ကာလအတွင်း CNG တပ်ဆင်ထားသည့်မော် တော်ယာဉ်များကို စက်သုံးဆီ ဝယ်ယူခွင့်မပြု ကြောင်း ဆီဆိုင်များတွင် တားမြစ်ကြေညာခဲ့ သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous ArticleNetflix က ၂၀၂၄ ခုနှစ်ကို် Game of Thrones ဖန်တီးသူများက ပုံဖော်သော သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြင့် စတင်လောင်းကြေးထပ်
Next Article ရတနာတောင် ဝင်းစိန်တောရ ဆရာတော်ဘုရားကြီး ၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ သို့ ဘုရားဖူးပြည်သူ အများအပြား လာရောက်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.