Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာအား မွန်အမျိုးသားတစ်ရပ်လုံး၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သည့် ‘၀ီရဟံသာ’ ဆုတံဆိပ် ချီးမြှင့်ခဲ့

February 16, 20241 Min Read
Share
Facebook Twitter

မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာအား မွန်အမျိုးသားတစ်ရပ်လုံး၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သည် “ဝီရဟံသာ” ဆုတံဆိပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

“ရဲစွမ်းသတ္တိရှိခြင်း၊ ဇွဲလုံ့လဝီရိယ ပြည့်ဝခြင်းနှင့် အလေးအမြတ်ပြုအပ်သော ဟင်္သာ” အဓိပ္ပာယ်ရှိသည့် “ဝီရဟံသာ” ဆု တံဆိပ်အား နိုင်ငံတကာဆက်ဆံရေးမွန်အသင်းအဖွဲ့ကြီးမှ ဦးဆောင်ကမကထပြုလုပ်၍ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်တည်ရှိရာ ရေးချောင်းဖျားဒေသ၌ ဖေဖော်ဝါရီ ၁၅ ရက်က အခမ်းအနားက ယင်းဆုတံဆိပ်အား ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ထိုအခမ်းအနားသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မွန်ပြည်သူများနှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နိုင်ဟံသာသည် ၁၉၆၈ ခုနှစ် အသက် ၂၀ အရွယ်မှစတင်၍ မွန်ပြည်သစ်ပါတီသို့ ဝင်ရောက်လာပြီး ၁၉၇၁ခုနှစ်တွင် အရန်ဗဟိုကော်မတီဝင်၊ ၁၉၇၂ခုနှစ်တွင် ဗဟိုကော်မတီဝင်၊ မြို့နယ်ဥက္ကဋ္ဌ/အတွင်းရေးမှူး၊ ၁၉၇၈ ခုနှစ်တွင် ခရိုင်အတွင်းရေးမှူး၊ ၁၉၈၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု NDF အထွေထွေ အတွင်းရေးမှူးအဖြစ် ငါးနှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (နိုင်နွန်လာအဖွဲ့) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ၁၉၈၆ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ (နိုင်နွန်လာအဖွဲ့) တွဲဖက်အတွင်းရေးမှူး၊ ၁၉၈၈ နှစ်ကုန်ခါနီး မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် DAB ဖွဲ့စည်းသောအခါ တွဲဖက်အတွင်းရေးမှူး၊ မွန်ပြည်သစ်ပါတီ ပြန်လည်ပေါင်းစည်း၍ ၁၉၈၉ နှစ်ကုန်ပိုင်းတွင် ကျင်းပသော မွန်ပြည်သစ်ပါတီ ပထမအကြိမ်ဗဟိုညီလာခံ၌ တွဲဖက်အတွင်းရေးမှူးနှင့် ၁၉၉၃ ခုနှစ် တွင် DAB အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းခဲ့သူတစ်ဦးဖြစ်သည်။

၁၉၉၅ ခုနှစ် ဇွန် ၂၉ ရက်တွင် နဝတနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲမှု သဘောတူညီလိုက်သဖြင့် မွန်ပြည်သစ်ပါတီမှာ DAB မှခဲ့ရကြောင်း သိရသည်။

၁၉၉၇ ခုနှစ် မယ်သရောထာ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သည့်အတွက် မွန်ပြည်သစ်ပါတီတွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်အဖြစ်မှ ဗဟိုကော်မတီဝင်အဖြစ်သို့ တစ်နှစ်တိတိ တာဝန်တစ်ဆင့် လျှော့ချဆိုင်းငံ့ခံခဲ့ရပြီး ၂၀၀၀ ခုနှစ် စတုတ္ထအကြိမ် မွန်ပြည်သစ်ပါတီဗဟိုညီလာခံမှ ပါတီတွဲဖက်အတွင်းရေးမှူး ပြန်လည်ရွေးချယ်ခံခဲ့ရကြောင်း၊ ၂၀၀၃ ခုနှစ်တွင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ရွှေကျင်ကွယ်လွန်ပြီး မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ နောက်ပိုင်းတွင် ဒုဥက္ကဋ္ဌဖြစ်လာပြီး၂၀၁၇ ခုနှစ်တွင် ဥက္ကဋ္ဌဖြစ်လာခဲ့သူဖြစ်သည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပသည့် မွန်ပြည်သစ်ပါတီ (၁၀)ကြိမ်မြောက်ညီလာခံ၌ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌဖြစ်လာကာ အသက် ၇၆ နှစ်ကျော်အရွယ်တွင် ကျန်းမာစွာဖြင့် ယနေ့တိုင်တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ “ဝီရဟံသာ” ဆုတံဆိပ်အား ၂၀၂၁ ခုနှစ်က ယခင်မွန်ပြည်သစ်ပါတီ၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌဟောင်းဖြစ်သူ နိုင်ထောမွန်အား ပထမဆုံးချီးမြှင့်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် နိုင်ဟံသာအား ဒုတိယမြောက် ချီးမြှင့်ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleထိုင်းဗီဇာ လျှောက်ထားရာတွင် လိုအပ်သည့် တိုကင်နံပါတ်များကို သုံးရက်စာအတွက် ထိုင်းသံရုံးက ထုတ်ပေးနေ
Next Article အစ္စရေးနှင့် ဂါဇာ၌ အသုံးပြုရန်အတွက် အီလွန်မက်စ်၏ စတားလင့်ခ် အင်တာနက်ကို အစ္စရေးအစိုးရက အတည်ပြု
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.