Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 2 Views

ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူအားလုံးကို တစ်ချိန် တည်း တစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ် ကျင့်သုံးမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ပြောကြား

February 17, 20242 Mins Read
Share
Facebook Twitter

ပြည်သူ့စစ်မှုထမ်းအဖြစ်ဆင့်ခေါ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူအားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း ခေါ်ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အ လိုက်၊လူဦးရေပေါ်မူတည်၍ အချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၄) ကို ဖေဖော်ဝါရီ ၁၆ ရက်က နေပြည် တော်တွင်ကျင်းပခဲ့ပြီး ယင်းအစည်းအဝေး တွင် ကာကွယ်ရေးဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးသို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ် ချုပ်ကြီးမောင်မောင်အေး၊ အတွင်းရေးမှူး စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဝင် များဖြစ်သည့် ပြည်ထောင်စုဝန်ကြီးများ၊ နေ ပြည်တော်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်သည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက် ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ များဖြစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဗဟိုဥက္ကဋ္ဌတိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ များအနေဖြင့် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့် ခေါ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းမှုကိုလည်း အ မြန်လျာထားတင်ပြရန် လိုအပ်ပါကြောင်း၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်း တာဝန်များနှင့်နည်းဥပဒေ(မူကြမ်း)တို့ ကိုလည်း ကြိုတင်လေ့လာနိုင်ရန် ဖြန့်ဝေထား ပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေး တွင်ဖြစ် စေ၊ သီးခြားဖြစ်စေ အကြံပြုချက်များ၊ ဖြည့် စွက်သင့်သည့်အချက်များကို တင်ပြပေး စေ လိုကြောင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်း ကျင့်သုံးသည့်နိုင်ငံအချို့၏ဖွဲ့စည်းဆောင် ရွက်မှုများကိုလည်း လေ့လာနိုင်ရန် ဖြန့်ဝေ ထားပြီးဖြစ်ကြောင်း၊ လက်ရှိ မိမိတို့နိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နိုင် သည့် လူဦးရေမှာ ၁၃ သန်းခန့်ရှိသည်ဟု သိရှိရကြောင်း ပြောကြားသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်း အဖြစ် ဆင့် ခေါ်ရာတွင် သတ်မှတ်ချက်နှင့်ကိုက်ညီသူ အားလုံးကိုတစ်ချိန်တည်း တစ်ပြိုင်တည်း ခေါ် ယူမည်မဟုတ်ဘဲ နေရာဒေသအလိုက်၊ မြို့နယ်အလိုက်၊ လူဦးရေပေါ်မူတည်၍ အ ချိုးအစားအလိုက် ခေါ်ယူသည့်စနစ်ကို ကျင့် သုံးမည်ဖြစ်ကြောင်း၊ သင်တန်း တစ်ပတ်စဉ် တွင် ရပ်ကွက်တစ်ခုကျေးရွာတစ်ခုမှ အများ ဆုံးပါဝင်နိုင်မည့် အရေအတွက်မှာ တစ်ဦး၊ နှစ်ဦးထက်ပိုနိုင်မည်မဟုတ်ကြောင်း၊ အကျုံး ဝင်သူများအနက် နှစ်စဉ်တက်ရောက်ရမည့် အရေအတွက်မှာ တစ်-ရာခိုင်နှုန်းအောက်ပင်ရှိကြောင်းကိုလည်း ပြောကြားလိုကြောင်း၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ရာတွင် သတ်မှတ် Time Frame အတွင်း အချိန်မီပြီးစီးနိုင်ရန်အတွက် လိုအပ်သည့်လုပ်ငန်းအဖွဲ့များကိုလည်းဖွဲ့စည်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် တပ်မ တော်ဆေးစစ်ရေးဘုတ်အဖွဲ့၊ အုပ်ချုပ်-ထောက်ပံ့မှု ဖြည့်တင်းရေးဆိုင်ရာလုပ်ငန်း အဖွဲ့၊စစ်မှုထမ်းမည့်သူများအား စိစစ် ရေး လုပ်ငန်းအဖွဲ့၊ စာရင်းဇယားများမှတ်ပုံတင်ရေးလုပ်ငန်းအဖွဲ့၊ သင်တန်းဖွင့်လှစ်နိုင်ရေး အထောက်အကူ ပြုလုပ်ငန်းအဖွဲ့၊ အလုပ်အကိုင်ပြန်လည် နေရာချထားရေးလုပ်ငန်းအဖွဲ့စသည်ဖြင့် ဖွဲ့စည်းရန်ဖြစ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ထို့အတူ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင် မောင်အေးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ် သက် သည့် သတင်းမှားဝေဖန်ပြောဆို ချက်များအား နိုင်ငံပိုင်မီဒီယာများမှ တဆင့် ပြည်သူလူထုသတင်းမှန်များသိရှိနိုင်ရေး တုန့် ပြန်ဆောင်ရွက်ရမည့်အခြေအနေ၊ ပြည်သူ့ စစ်မှုထမ်းခြင်း လုပ်ငန်းစဉ်များအား ပြည်သူ လူထုကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိ ပညာပေးဆောင်ရွက်ရမည့် အခြေအနေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးနှင့်သတ်မှတ်ကာလအပိုင်းအခြားအလိုက် မှန်ကန်တိကျစွာ ဆောင်ရွက်နိုင်ရေး အဖွဲ့များအလိုက် ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေ တို့ နှင့်စပ်လျဉ်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးများနှင့်တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများက ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူများ စစ်ပညာသင်ကြားရန်နှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်ရွက်နိုင်ရေးဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ၊ SOP ရေးဆွဲရေးတို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့် စွက်သင့်သည့်အကြောင်းအရာများ၊ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးလုပ်ငန်းစဉ်များ မှန် ကန်တိကျစွာဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ နှင့်စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍများ အ လိုက် ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

ထို့နောက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌများဖြစ်သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဝန်ကြီးချုပ် များက နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ပြည် သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်း ၍ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ဆောင် ရွက်သွားမည့် အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းနောက် အစည်းအဝေးသို့ တက် ရောက်လာသူများက ပြည်သူ့စစ်မှု ထမ်းဆင့် ခေါ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ထရန်စဖော်မာ ပုံးများမှ မိန်းကြိုးများဖြတ်ကာ ခိုးယူခံရမှုများရှိနေ
Next Article ရုရှားနိုင်ငံ၏ အထင်ကရ အတိုက်အခံခေါင်းဆောင် နာဗာညီ သေဆုံးမှု၌ ပူတင်နှင့် အပေါင်းပါများတွင် တာဝန်ရှိကြောင်း ဘိုင်ဒင် ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.