Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 1 Views

အန္တရာယ်ရှိသောမြူများ အုံ့ဆိုင်းကာ လေထုညစ်ညမ်းနေသည့် ဘန်ကောက်မြို့

February 18, 20242 Mins Read
Share
Facebook Twitter

ဖေဖော်ဝါရီ ၁၅ ရက်တွင် ဘန်ကောက်မြို့၌ အန္တရာယ်ရှိသော မြူများအုပ်စိုင်းနေခဲ့သောကြောင့် ဆိုးရွားသည့် လေထုညစ်ညမ်းမှုကို ရှောင်ရန် ယင်းမြို့ရှိ ဝန်ထမ်းများကို နေအိမ်မှပင် အလုပ်လုပ်ကြရန် ပြောထားရသည်။

လေထုညစ်ညမ်းမှုကို ရှောင်ရန် ပြည်သူ ၁၁ သန်းခန့်ရှိသော ဘန်ကောက်က အလုပ်သမားများကို အကူအညီပေးရေးအတွက် မြို့အာဏာပိုင်များက အလုပ်ရှင်များ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံထားသည်။ အဆိုပါ မြူများသည် ရက်အတန်ကြာ အုပ်စိုင်းနေမည်ဟု ခန့်မှန်းထားသည်။

လေထုညစ်ညမ်းမှုကို စောင့်ကြည့်နေသော IQAir ဝက်ဆိုက်ကမူ ဖေဖော်ဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် ဘန်ကောက်ကို ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံး ၁၀ မြို့ထဲမှာ ထည့်သွင်းခဲ့သည်။

အန္တရာယ်အများဆုံးဖြစ်သော PM2.5 အမှုန်များ၏ အဆင့်များသည် ကမ္ဘာ့ကျန်းမာရေးအဖဲဲွ့၏ နှစ်စဉ်လမ်းညွှန်ချက်တွင် ၁၅ ဆ ကျော်ရှိနေသည်ဟု IQAir ဝက်ဆိုက်က ဖော်ပြခဲ့သည်။

ထို့ကြောင့်လည်း မြို့ထဲက အလုပ်သမားအားလုံး ဖေဖော်ဝါရီ ၁၅ နှင့် ၁၆ ရက်တို့တွင် နေအိမ်မှ သာ အလုပ်လုပ်ကြရန် ဘန်ကောက်မြို့တော် ဝန်ချက်ချာ့ဆစ်တီပွန့်က ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီနှင့်အဖွဲ့အစည်း ၁၅၁ ခုခန့်ရှိသော BMA ကွန်ရက်၊ အစိုးရရုံးများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ပူးပေါင်းဆောင်ရွက်ရန် ၎င်းက မေတ္တာရပ်ခံခဲ့သည်။ ထို့ကြောင့် လူ ၆၀,၀၀၀ ကျော်ကို သက်ရောက်ခဲ့သည်ဟု ဆိုသည်။

BMA သည် Bangkok Metropolitan Administration ၏ အတိုကောက်ဖြစ်ပြီး ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။

ဘန်ကောက်မြို့၏ ခရိုင် ၅၀ အနက် အနည်းဆုံး ခရိုင် ၂၀ သည် ကျန်းမာရေးကို ထိခိုက်စေခဲ့သော PM2.5 အမှုန်များရှိနေမည်ဟု ဘန်ကောက်မြို့တော်ဝန်က ပြောကြားခဲ့သည်။ ငြိမ်သက်နေသော မိုး လေဝသအခြေအနေကြောင့် ယင်းပြဿနာသည် ကြာနေလိမ့်မည်ဟု ဆိုသည်။ အဆိုပါအမှုန်များသည် သွေးထဲကို ဝင်ရောက်နိုင်လောက်အောင် သေးငယ်လွန်းသော အမှုန်များဖြစ်သည်။

လယ်သမားများက လယ်ကွင်းများထဲတွင် ရိုးပြတ်များကို မီးရှို့ခြင်းကြောင့် ထွက်လာသော မီးခိုးများအပြင် ကားအိတ်ဇောများနှင့် စက်ရုံများမှထွက်သော မီးခိုးများကြောင့် ၂၀၂၄ ခုနှစ်အစပိုင်းတွင် ထိုင်းနိုင်ငံ၏ လေထုအရည်အသွေးသည် မှန်မှန် ကျဆင်းနေသည်။

ဘန်ကောက်နှင့်မြောက်ပိုင်းမြို့ကြီး ချင်းမိုင်တို့သည် လွန်ခဲ့သောနှစ်က ကမ္ဘာ့လေထုအညစ်ညမ်း ဆုံးမြို့များထဲတွင် ရက်အတော်များများ ပါဝင်နေခဲ့သည်။

ဘန်ကောက်မြို့ခံများအတွက် အိမ်မှအလုပ်လုပ်ရခြင်းသည် ရွေးစရာ နည်းလမ်းတစ်ခုမဟုတ်။

အငှားဆိုင်ကယ်မောင်းသူ ဂျာရူကစ်ဆင်ကွန်ရွန်(အသက် ၅၇ နှစ်) က လေထုညစ်ညမ်းမှုသည် မ ကောင်းဟုပြောနေသည့်တိုင် အလုပ်လုပ်နေရသူဖြစ်သည်။

“ကျွန်တော်က အိမ်မှာ နေ,နေ ရမယ်ဆိုရင် ငတ်သွားပါလိမ့် မယ်။ ကျွန်တော့်လို လူတွေဟာ ဝင်ငွေ ထွက်ငွေ အလျဉ်မီစေဖို့ အပြင်ထွက်ကြရတာပါ”ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

PM2.5 အမှုန်များ လျှော့ချရေးကိစ္စကို ဝန်ကြီးချုပ ်ဆရတ်သာထားဝီဆင်းက တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့ဟာ လောလောဆယ်မှာ လေထုညစ်ညမ်းမှု ပြဿနအများအပြား ရှိနေပါတယ်။ ဒါကြောင့် ပြည်သူတွေအပေါ်သက် ရောက်နေတာတွေကို လျှော့ချဖို့ ကျွန်တော်တို့ အခုချက်ချင်း ကိုင်တွယ် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရေရှည်တွင် ဘန်ကောက်၌ လေထုညစ်ညမ်းမှု မြင့်တက်စေသော ဒီဇယ်ကားများကို ကန့်သတ်ခြင်းသည် နည်းလမ်းတစ်ခု ဖြစ်လာနိုင်ပြီး လျှပ်စစ်ကားများ အသုံးပြုရန် အားပေးမြှင့်တင်ခြင်းကိုလည်း လုပ် ဆောင်မည်ဟု ဆိုသည်။

ပြည်သူ့ကျန်းမာရေး အကျပ်ကတည်းသည် ပြဿနာတစ်ရပ် ဖြစ်လာနေသည်။ ထို့ကြောင့် လေထု ညစ်ညမ်းမှုကြောင့် ၂၀၂၃ ခုနှစ်တွင် ထိိုင်းနိုင်ငံ၌ အနည်းဆုံးပြည်သူ နှစ်သန်းသည် ဆေးဘက်ဆိုင်ရာ ကုသမှုများ လိုအပ်ခဲ့သည်။

လယ်သမားများ ရိုးပြတ်မီးရှို့ခြင်းကို ရပ်တန့်ရန် ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူးလ်က တိုက်တွန်းခဲ့သည်။ လယ်ကွင်းများကို အခြားနည်းလမ်းများဖြင့် ရှင်းလင်းရန်နှင့် မြေဆီကို သြဇာကောင်း အောင်လုပ်ရာတွင် အခြားနည်းလမ်းများသုံးရန် ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် သြဂုတ်လထဲတွင် စတင်တာဝန်ယူခဲ့သော ဆရတ်သာ၏ အစိုးရအဖွဲ့သည် လေထုညစ်ညမ်းမှုကို အမျိုးသားရေးလုပ်ငန်းစဉ် အဖြစ်ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ကတိပေးထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleခရီးသွားအများအပြား ဝင်ရောက်လာခြင်းနှင့်အတူ ဖရိုဖရဲဖြစ်လာသော သမိုင်းဝင် လာအိုမြို့
Next Article ထိပ်ဆုံး(၄)နေရာပြိုင်ပွဲအတွင်း မိမိတို့အသင်း ပြန်လည်ရောက်ရှိလာပြီဟု မန်ယူနည်းပြ တန်ဟက်ဂ် ကြုံးဝါးခဲ့ပြီး လက်ကျန်ပွဲတိုင်း ဗိုလ်လုပွဲဟု ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.