Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ခရီးလမ်းသွားလာရေးခက်ခဲမှုကြောင့် မြဝတီနယ်စပ်မြို့တွင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာ

February 19, 20241 Min Read
Share
Facebook Twitter

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် လမ်းသုံးသွယ်ရှိသော်လည်း ယခုအခါ မြဝတီ -ထို့ကော်ကိုး-နဘူးတောင်ကျော်လမ်းပိုင်းမှသာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များ သွားလာရခြင်းကြောင့် ပြည်တွင်းထွက် အခြေခံစားကုန်ဆန်နှင့် အခြားကုန်ပစ္စည်းများ၊ လူသုံးကုန်များ စျေးနှစ်ဆကျော်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက် စားကုန်ဆန်၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ ပဲမျိုးစုံ၊ ကွမ်းသီး ကွမ်းရွက်တို့မှာ ယခင်ထက် နှစ်ဆကျော်မြင့်တက်နေပြီး အမွှေးတိုင်၊ ဖယောင်းတိုင်နှင့် လူသုံးကုန်ပစ္စည်းများလည်း များစွာစျေးမြင့်တက်နေကြောင်း၊ ယင်းကဲ့သို့ ကုန်ပစ္စည်းများစျေး မြင့်တက်နေရခြင်းမှာ လမ်းခရီးအခြေအနေ၊ သယ်ယူခစရိတ်မြင့်မားခြင်းကြောင့်ဟု သုံးသပ်မှုများရှိသည်။

“ပစ္စည်းသယ်ယူခအနေနဲ့ အရင်က ၁၀၀၀၀ လောက်ပေးရတဲ့ အထုပ်မျိုးဆိုရင် အခု ၂၀၀၀၀ ကျော်ပေးရတယ်။ လူတစ်ဦးအရင် မြဝတီ -မော်လမြိုင် ၂၀၀၀၀ ကျပ်၊ အခု ၆၀၀၀၀ ကျပ်၊ မြဝတီ-ရန်ကုန် အရင်က နှစ်သောင်းခွဲ၊ သုံးသောင်း၊ အခုကတော့ ခြောက်သောင်း၊ ရှစ်သောင်းအထိဖြစ်နေတော့ ကုန်စျေးနှုန်းတွေက တက်ရပြီလေ” ဟု ဘုရင့်နောင်စျေးအတွင်းမှ ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောကြားသည်။

မြဝတီ-ထို့ကော်ကိုး တောင်ကျော်လမ်းတွင် မြဝတီ-ကျော်ခို့မှ တောင်ထိပ်အထိ လမ်းပိုင်းကို လမ်းချဲ့ခြင်းများရှိသော်လည်း ဖုန်ထူခြင်း၊ အကောက်ဂိတ်များခြင်းကြောင့် အဆင်းနေ့တိုင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

တောင်ထိပ်မှ ထို့ကော်ကိုးလမ်းပိုင်းတွင် ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုကြောင့် ယာဉ်သွားလာမှု အနည်းငယ်အဆင်ပြေသည်ဟု ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြဝတီ-မော်လမြိုင် ယာဉ်မောင်းတစ်ဦးက “ကျွန်တော်တို့ မြဝတီဘက်မှာဆိုရင် မဲ့ပလဲ့ရွာကစပြီး ဂိတ်ကြေးပေးရပြီ။ တောင်ခြေအထိ ဂိတ်တွေ အရမ်းများတယ်။ တောင်ခြေရောက်တော့ လက်မှတ်ဖြတ်ရတယ်။ တောင်ပေါ်မှာတော့ မပေးရတော့ဘူး။ ထို့ကော်ကိုးရောက်မှ လက်မှတ်ပြရတယ်။ ဂိတ်ကြေးပေးရတယ်ပေါ့။ ထို့ကော်ကိုး-နဘူး-အာရှလမ်းဆုံ အထိဂိတ်တွေများတော့ ကားလေးတွေက တံခွန်တိုင် ဒေါ်လမ်းဘက်ကနေ သွားနေကြရတယ်။ လမ်းကတော့ သိပ်မကောင်းပါဘူး” ဟု ပြောကြားသည်။

ကော့ကရိတ် မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့်၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစတင်ကာ အာရှလမ်းသစ်မှ သွားလာခွင့်ရပ်ဆိုင်းသွားပြီး မြဝတီ -ကော့ကရိတ် ယခင်ဒေါနတောင် ကျော်လမ်းဟောင်းမှာလည်း သွားလာခွင့်ပိတ်ပင်ထားသည့်အတွက် ယခုအခါ ထို့ကော်ကိုးဒေါနတောင်ကျော်လမ်းမှသာ မဖြစ်မနေသွားလာနေကြရခြင်းဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဘုရားသုံးဆူမြို့သို့ အခြားအရပ်ဒေသများမှ လာရောက်လိုသူများအနေဖြင့် မြို့ဝင်ခွင့်လက်မှတ်ရရှိမှ မြို့တွင်းသို့ ဝင်ရောက်ခွင့်ရမည်ဟုသိရ
Next Article တရုတ်ကျောင်းသားများကို မနှောင့်ယှက်ရန် တရုတ်ပြည်သူ့လုုံခြုံရေးဝန်ကြီးက အမေရိကန်ကို တိုက်တွန်း
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.