Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ပြည်သူ့စစ်မှုထမ်းများ ခေါ်ရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ် မရှိသေးကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

February 22, 20242 Mins Read
Share
Facebook Twitter

ပြည်သူ့စစ်မှုထမ်းများခေါ်ရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ်မရှိသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၀ ရက် ထပ်မံအသိပေးရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

”နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ပြီးလျှင် ဦးစားပေးအလိုက် ဝန်ထမ်း ခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေ ဒါတွေသည်လည်း ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနေ့မှာ ရှင်းလင်းပြောကြား လိုတာကတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ် မရှိသေးကြောင်း ရှင်းလင်းစွာ ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ရန် ယခင်တည်းက ပြသထားခဲ့သည့် ဥပဒေ ဖြစ်သည့်ကြောင်း၊ ယင်းဥပဒေနှင့်ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်းဝန်ထုပ်ဝန်ပိုး မဖြစ်ရန်ဆိုသည့်အကြောင်းနှင့် သတ်မှတ်အပိုင်းအခြား အတွင်း သင့်လျှောက်ပတ်သော အင်အားသာတာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဥ့်လည်း လျှောက်သာပျားလည်းဆွဲသာအခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားပြီးဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံပြောကြားသည်။

ထို့ပြင် ဖေဖော်ဝါရီ ၁၇ ရက်တွင် YMBA အသင်းနှင့်တွေ့ဆုံစဉ်ကလည်း ပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးနှင့်ပတ်သက်၍ နစကဥက္ကဌက သတ်မှတ် အသက်အပိုင်း အခြားအတွင်း သင့်တင့် လျှောက်ပတ်သော အင်အားကိုသာ သတ်မှတ် ကာလအတွင်း တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော် အတွက်၊ ပြည်သူလူထု အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထုတ်ပြန် ထားသည့် ဥပဒေကိုလေ့လာခြင်းမရှိဘဲ အခြေအမြစ်တေသတင်းမှားသည့် ထင်မြင်သုံးသပ်ချက်များပေါ်အခြေခံပြီး သွေးတိုးလှုံ့ဆော်နေခြင်းများရှိသဖြင့် မိဘပြည်သူများသတိပြု ကြရန်လိုကြောင်း ပြောကြားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် နစကဥက္ကဌက မြန်မာ သံအမတ်ကြီးများနှင့် တွေ့ဆုံစဉ်၌လည်း အရန်တပ်ဖွဲ့ ဥပဒေနှင့်ပတ်သက်ပြီး အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းအဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေး အပ်မည် ဖြစ်ကြောင်း ပြောကြားထားပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

”ပြည်သူလူထုအားလုံးသိရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ခြင်းဖြစ်ပါ တယ်။ ဒါ့အပြင်နိုင်ငံတော်ဝန်ကြီး ချုပ်အနေနဲ့ မကြာခဏပြောကြားခဲ့တာတွေရှိပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်ဖို့၊ နိုင်ငံတစ်ခုတည်မြဲဖို့အတွက် နိုင်ငံရေးစွမ်းအား Political Might၊ စီးပွားရေးစွမ်းအား economic Might၊ နဲ့ ကာကွယ်ရေးစွမ်းအား MIlitary Might ကောင်းဖို့လိုအပ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေးစွမ်းအားက အဓိကပဲ။ ဒါမှကျန်တဲ့ စွမ်းအားတွေကို မြှင့်တင်နိုင်တယ်ဆိုတာလည်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ သီအိုရီတွေ အယူအဆတွေ မျိုးစုံရှိပေမယ့် ရှုပ်ရှုပ်ထွေးထွေးမပြောလိုပါဘူး။ တစ်ခုပဲပြောလိုပါတယ်။ စီးပွားရေးအင်အား တောင့်တင်း ဖို့ဆိုရင် ရိုးရိုးရှင်းရှင်းလေး ကျမ်းရိုး ဘောကဗေဒမှာ ပြောထားတဲ့အတိုင်း ကုန်ထုတ် စွမ်းအားစုတွေတောင့်တင်းဖို့လိုတယ်။ ကုန်လုပ်ဆက်ဆံရေး စနစ်တကျခိုင်မြဲဖို့လိုပါမယ်။ ကုန်ထုတ်စွမ်းအားစုဆိုတဲ့ နေရာမှာ ဆန်းသစ်တဲ့အယူအဆတွေမျိုးစုံပေါ်လာမှုနဲ့ ယခင် ကျမ်းရိုးဘောဂဗေဒအတိုင်းဆိုရင်တော့ land labour capital ပါပဲ။ ကုန်ထုတ် စွမ်းအားစုနဲ့ မြေယာလုပ်အားအရင်းအနှီးပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို အလေး အနက်ထားပါတယ်။ လုပ်အားဆိုတဲ့နေရာမှာ လူသားအရင်းအနှီး human capital သည် အလေးထားရမှာဖြစ်ပါတယ်။ ဒီထဲမှာ Labour လုပ်အားဆိုတာပါပါတယ်။ ဒါတွေကို ကျွန်တော်တို့ကအစိုးရတစ်ရပ်အနေနဲ့အမြဲတမ်းအလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံရေးစွမ်း အားတွေ၊ စီးပွားရေးစွမ်းအားတွေ၊ ကာကွယ်ရေးစွမ်းအားတွေ ဒီနိုင်ငံတော် အတွက်လိုအပ်တဲ့စွမ်းအားစုတွေကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ဘက်ညီမျှတ စွာကျင့်သုံးသွားမှာပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးနှင့်ပတ်သက်၍ ကောလာဟလများလွှင့်ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက် ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုများဖြစ်အောင် လုပ်ဆောင်နေမှုများ တွေ့ရကြောင်း၊ယခင်ကတည်းက အင်အားနှင့်တကွ တွက်ချက်တင်ပြပြီးဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်

သည့် အကြုံးဝင်နိုင်သည့် အင်အား ၁၃ သန်းရှိကြောင်း၊ ၁၃ သန်းအနက် အမျိုးသားအင်အား ၆ သန်းကျော်ရှိကြောင်း၊ ၆ သန်းထဲမှ ၁ ရာခိုင်နှုန်း ၆ သောင်း နီးပါးလောက်သာ ခေါ်ယူနိုင်မည်ဖြစ်ပြီး အလှည့်ကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်သည့်နေရာတွင် အခြားနိုင်ငံများ၌လည်း အလှည့်ကျအကြုံးဝင်သည့်အလျှောက် တာဝန်ထမ်းဆောင် ရခြင်းဖြစ်ကြောင်းဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမန်ယူနောက်ခံလူ လုခ်ရှော လအနည်းငယ် အနားယူရမည်ဖြစ်ပြီး ယူရိုပြိုင်ပွဲကို လွဲချော်ဖွယ်ရှိ
Next Article ဖေဖော်ဝါရီ ၁၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ ဒသမ ၇ သန်းနီးပါးရှိလာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.