Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 2 Views

မြန်မာ နိုင်ငံခြားရေးဒုတိယဝန်ကြီးနှင့် လာအို နိုင်ငံခြားရေးဒုတိယဝန်ကြီး၊ အာဆီယံအထူးကိုယ်စားလှယ်တို့ သီးခြားစီတွေ့ဆုံပြီး အာဆီယံ၌ မြန်မာနိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

March 2, 20242 Mins Read
Share
Facebook Twitter

မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် လာအို နိုင်ငံခြားရေးဒုတိယဝန်ကြီး၊ အာဆီယံ အထူးကိုယ်စားလှယ်တို့ သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဗီယင်ကျန်းမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ပြုလုပ်ခဲ့သည့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်း ချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ (၁၃)ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်ခရီးစဉ်အတွင်း နိုင်ငံခြား ရေးဒုတိယဝန်ကြီးဦးလွင်ဦးသည် အထက်ပါ တွေ့ဆုံဆွေးနွေးမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ် သည်။

အဆိုပါ အစည်းအဝေးကာလအတွင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုတိယဝန်ကြီးဦး လွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr.Phoxay Khaykham-phithoune တို့နှင့်သီးခြားစီတွေ့ဆုံခဲ့ပြီး အာ ဆီယံတွင် မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက် မှုများနှင့်မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ အကြား အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အ ဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၃) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက် အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေး ဆွဲရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် အ ဖွဲ့၏ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအ ဝေးကို ကျင်းပခဲ့ကြောင်းသိရသည်။

ယင်းအစည်းအဝေးကို အာဆီယံဥက္ကဋ္ဌ ဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် Mr. Chatoulong Bouasisavathနှင့်အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက်စာတမ်းရေးဆွဲရေးဆိုင်ရာ အမြဲတမ်းဦးဆောင်အဖွဲ့ဝင် မလေးရှားနိုင်ငံ၏ ထင်ပေါ် ကျော်ကြားပုဂ္ဂိုလ် နှင့် အငြိမ်းစားသံအမတ်ကြီး Mr. Dato Zainuddin Yahya တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာ ဆီ ယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်း ရေးမှူးချုပ်နှင့်ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြောင်းသိရသည်။

ဒုတိယဝန်ကြီးဦးလွင်ဦးက အစည်းအ ဝေး လက်ခံကျင်းပခြင်းအတွက် ပူးတွဲဥက္ကဋ္ဌ များအား ကျေးဇူးတင်ရှိကြောင်း၊ အာဆီယံ အသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ၏ အာ ဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်း ဆိုင်ရာ မဟာဗျူဟာစီမံချက် မူကြမ်းရေးဆွဲ ရေးတွင် တိုးတက်မှုများရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အဆင့်မြင့်ကိုယ်စားလှယ် များအား ချီးကျူးကြောင်းပြောကြားခဲ့ပြီး အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက် အ ဝန်းဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရာ တွင် ဖွဲ့စည်းမှုပုံစံ၊ ဆောင်ရွက်မည့်နည်းလမ်း နှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအား ကောင်းရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်း စဉ်များအား အကောင်အထည်ဖော်ရန် သင့် လျော်သည့် မဏ္ဍိုင်သတ်မှတ်ရေးတို့အပေါ် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ထို့နောက် မဏ္ဍိုင်(၃)ရပ်လုံးနှင့် သက် ဆိုင်သည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း ၍ စီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့(HLTF-EI)နှင့်အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းမဏ္ဍိုင် (Comm-ittee for the ASEAN Socio-Cultural Community)တို့နှင့်ဆွေးနွေး တိုင်ပင်ခြင်းဖြင့် ယင်းလုပ်ငန်းစဉ်များကို သင့်လျော်သည့် ကဏ္ဍတွင် ထည့်သွင်းရေး အကြံပြု ဆွေးနွေး ခဲ့ပြီး အနာဂတ်တွင် ပိုမိုတိုးတက်ကောင်းမွန် သည့် အာဆီယံဖြစ်ပေါ်လာရေးအတွက် လူ ငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ စီးပွားရေး အဖွဲ့အစည်းနှင့်ပညာရှင်များနှင့် တွေ့ဆုံမှု ကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် အရေးကြီး ကြောင်းအလေးပေး ပြောကြားခဲ့ ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံ အသိုက် အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေး ဆွဲရေး ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးမှ တင်ပြသည့် အကြံပြု ချက်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ် ခဲ့ပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေ ဖြင့် (၁၄)ကြိမ် မြောက် အစည်းအဝေးမတိုင်မီ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာစီမံချက်မူကြမ်းပထမ အကြိမ်ရေးဆွဲမှုကို အွန်လိုင်းမှတစ်ဆင့် ညှိ နှိုင်း ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စင်း ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ရောက်ရှိ
Next Article တောင်သူ လယ်သမား မျိုးဆက်သစ်များက လယ်ယာကုန်ထုတ် လုပ်ငန်းများတွင် စိတ်ပါဝင်စားလာစေရန်အတွက် လယ်ယာကဏ္ဍစီမံကိန်းများကို အလေးထားဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း တစညပါတီဥက္ကဋ္ဌ ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.