Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

ကုန်သွယ်မှုလမ်း အခက်အခဲများကြောင့် မြဝတီနယ်စပ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၁၁ လတွင် ပို့ကုန်နှင့်သွင်းကုန် ယခင်နှစ်ကာလတူကထက် ထက်ဝက်ခန့်လျော့ကျ

March 5, 20241 Min Read
Share
Facebook Twitter

နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော်လည်း ကုန်သွယ်မှုလမ်း အခက်အခဲများကြောင့် မြဝတီနယ်စပ်မှ ပြည်ပသို့ပို့ကုန်ရော ပြည်တွင်းသို့ သွင်းကုန်ပါ များစွာလျော့ကျလာသည့်အတွက် ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်သစ် ၁၁ လပြည့်ရန် တစ်ပတ်အလိုတွင် ယခင်နှစ်ကာလတူကထက် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၇၈၀ ဒသမ ၁၂၉ သန်းထိ လျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ခုဘဏ္ဍာ နှစ်သစ်ဖြစ်သော ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ထိ ထိုင်းနိုင်ငံဘက်သို့ လယ်ယာထွက်ကုန်ပြောင်း ဆန်နှင့် ရေသယံဇာတ ငါးပုစွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၉၅ ဒသမ ၇၇၀ သန်းဖိုးသာတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက တင်ပို့ခဲ့သည့် အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၂၂ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၅၉ ဒသမ ၈၉၃ သန်း ထိလျော့ကျလျက်ရှိကြောင်း စီးပွားကူးသန်းဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ပို့ကုန်တင်ပို့မှုလျော့ကျလာခြင်းမှာ ကုန်သွယ်ရေးမူဝါဒအပြောင်းအလဲနှင့် ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲများကြောင့်ဖြစ်ပြီး ယခုနှစ်တွင် တရားမဝင်ကုန်သွယ်မှုမှာလည်း ယခင်ထက်အားကောင်းလာသည်ဟု နယ်စပ်ကုန်သွယ်တစ်ဦးက ပြောကြားသည်။

ထို့အတူ ထိုင်းနိုင်ငံထုတ်ကုန်စည်များ ပြည်တွင်းစျေးကွက်သို့ တရားဝင်တင်သွင်းမှုမှာလည်း ယခင်နှစ်ကထက်လျော့ကျလျက်ရှိပြီး၂၀၂၃ခု ဧပြီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်ထိ အမေရိကန် ဒေါ်လာ ၇၉၀ ဒသမ ၁၉၁ သန်းသာ ကုန်သွယ်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့သည့် အမေရိကန်ဒေါ်လာ ၁၂၁၀ ဒသမ ၄၂၇ သန်းနှင့် နိုင်းယှဉ်ပါက ဒေါ်လာ ၄၂၀ ဒသမ၂၃၆ သန်း လျော့ကျလျက်ရှိကြောင်း သိရသည်။

မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်း၏ အရေးပါသော မြဝတီဒေါနတောင်ကျော် အာရှလမ်းသစ်မှာ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ ရက်က စတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲနောက်ပိုင်း ယခုအချိန် ယာဉ်အသွားအလာ ရပ်ဆိုင်းထားဆဲဖြစ်သည်။

ယင်းမတိုင်ခင်မြဝတီနယ်စပ်ကုန် သွယ်ရေးစခန်းတိုက်ခိုက်ခံရပြီးနောက် ကုန်သွယ်မှုမှာ ကြန့်ကြာမှုများ ရှိလာပြီး ကုန်စည်စီးဆင်းမှုမှာလည်းယခင်ထက် နှောင့်နှေးလျက်ရှိရာမှ ယခုအခါခက်ခဲကြမ်းတမ်းသော ထို့ကော်လမ်းမှသာ ယာဉ်ငယ်နှင့် ခြောက်ဘီးယာဉ်များသာ သွားလာနေရသဖြင့် နယ်စပ်ကုန်သွယ်မှုမှာမရှိသလောက် လျော့ကျသွားခြင်းဖြစ်သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမန္တလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာခြင်းမရှိသည့် ယာဉ်များကို အရေးယူခြင်းမပြုသေးဘဲ မတ် ၂ ရက်မှ ၁၃ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်နေ
Next Article ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံးနှင့် လွိုင်လင်မြို့နယ်တို့တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် တစ်လကျော်အတွင်း စစ်ဘေးရှောင်ဦးရေ ၉၅၀၀၀ ကျော်ရှိလာ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.