Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Asia 0 Views

နည်းပညာဆိုင်ရာပြဿနာကြောင့် ကမ္ဘာတစ်ဝန်း ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည့် Facebook နှင့် အင်စတာဂရမ်တို့ကို ပြန်လည်အသုံးပြုနိုင်ပြီဟု Meta ကုမ္ပဏီ ပြောကြား

March 6, 20241 Min Read
Share
Facebook Twitter

နည်းပညာဆိုင်ရာ ပြဿာနာကြောင့် နှစ်နာရီကျော်ကြာပြတ်တောက်ခဲ့ရပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အသုံးပြုသူ ထောင်ပေါင်းများစွာကို သက်ရောက်ခဲ့ပြီးနောက် Meta ကုမ္ပဏီပိုင် Facebook နှင့် အင်စတာဂရမ်တို့ကို မတ် ၅ ရက်တွင် ပြန်လည်အသုံးပြုနိုင်ပြီဟု ယင်းကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာ X တွင် ဖော်ပြခဲ့သည်။

ကမောက်ကမဖြစ်မှုများသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲဝန်းကျင်တွင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအများစုက Facebook နှင့် အင်စတာဂရမ်တို့ကို Log in ဝင်မရဖြစ်နေကြောင်း Facebook ၏ ပြိုင်ဘက်လူမှုမီဒီယာဖြစ်သည့် X တွင် ပို့စ်တင်ခဲ့ကြသည်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီသည် ယင်းဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့ပြီး ထိုအချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားသည့် လက္ခဏာမျိုးကို မတွေ့ရဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြတ်တောက်မှု အများဆုံးဖြစ်ပွားချိန်တွင် Facebook သုံးမရသူ ၅၅၀,၀၀၀ နှင့် အင်စတာဂရမ် အကောင့် ဝင်မရသူ ၉၂,၀၀၀ ကျော်ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်လာကြောင်း ပြတ်တောက်မှုများကို စောင့်ကြည့်နေသော Down detector ဝက်ဆိုက်က ဖော်ပြခဲ့သည်။

“ဒီနေ့စောစောပိုင်းလောက်မှာပဲ ကျွန်တော်တို့ပေးနေတဲ့ ဝန်ဆောင်မှုအချို့ကို အသုံးပြုရာမှာ လူအချို့ အခက်အခဲဖြစ်နေတဲ့ နည်းစနစ် ပြဿနာပေါ်ပေါက်ခဲ့ပါတယ်။ ဝန်ဆောင်မှုကို သုံးလို့မရဖြစ်နေတဲ့ လူတိုင်းအတွက် ပြဿနာကို ကျွန်တော်တို့ဖြေရှင်းပေးခဲ့ပါတယ်” ဟု Meta ပြောရေးဆိုခွင့်ရှိသူ အန်ဒီစတုန်းက X တွင် ပို့စ်တင်ခဲ့ပြီး ချို့ယွင်းချက်ဖြစ်ပေါ်ရသည့်အကြောင်းကို အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပေ။

Meta ကုမ္ပဏီသည် WhatsApp နှင့် Thread တို့အပါအဝင် app အချို့၌ နေ့စဉ်ဝင်ရောက်အသုံးပြုနေသူ ၃ ဒသမ ၁၉ ဘီလျံခန့်ရှိနေသည့် ကုမ္ပဏီဖြစ်သည်။

WhatsApp Business အတွက် ပရိုဂရမ်အင်တာဖေ့တွင်လည်း ချို့ယွင်းချက်များဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

သို့ရာတွင် WhatsApp နှင့် Threads တို့၌ဖြစ်ပေါ်ခဲ့သော ပြတ်တောက်မှုများသည် အနည်းအကျဉ်းသာဖြစ်သည်ဟု Downdetector ဝက်ဆိုက်က ဖော်ပြခဲ့သည်။

Meta ဝန်ထမ်းအချို့သည် ၎င်းတို့၏အလုပ်ခွင်တွင် အသုံးပြုနေသော စနစ်များထဲ Log in ဝင်မရဖြစ်ခဲ့သောကြောင့် ၎င်းတို့အလုပ်ထုတ်ခံရပြီဟုပင် ထင်မှတ်ခဲ့ရကြောင်း Bling မက်ဆေ့ app တွင် ယင်းဝန်ထမ်းများက ဖော်ပြနေကြသည်ကို ရိုက်တာသတင်းဌာနက တွေ့ခဲ့ရသည်။

ပြတ်တောက်မှုဖြစ်ပေါ်ရသည့် အကြောင်းသည် ယခင်တွစ်တာဟုခေါ်ခဲ့သော လူမှုမီဒီယာ X တွင် ရေပန်းအစားဆုံး အကြောင်းအရာဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း X ပိုင်ရှင် အီလွန်မက်စ်က “ခင်ဗျားဟာ ဒီပို့စ်ကို ဖတ်နေရတယ်ဆိုရင် ဒါဟာကျွန်တော်တို့ဆာဗာတွေ အလုပ်လုပ်နေတာကြောင့်ပဲဖြစ်ပါတယ်” ဟု Meta ကုမ္ပဏီကို ထိုးနှက်ခဲ့သည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleစီးပွားရေးအသွင်ပြောင်းလဲမှု လုပ်ဆောင်မည်ဟု တရုတ်က ကတိပြုခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးမှု ငါးရာခိုင်နှုန်းရှိရန် ရည်မှန်း
Next Article ပါတီကိုယ်စားလှယ်ရွေးကောက်ပွဲနေ့က မဲပေးကြရန် တေလာဆွစ်က တိုက်တွန်းခဲ့သော်လည်း ဂျိုးဘိုင်ဒင်ကို ထောက်ခံသည့်အရိပ်အယောင် ယခုအထိ မပြသ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.