Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Tuesday, June 17
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က ၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက်အစီအစဉ်များ မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေကြောင်းလိုင်းကို မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်းအခမ်းအနား ကျင်းပ

March 11, 20241 Min Read
Share
Facebook Twitter

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI က၂၀၂၄ ခုနှစ်အတွင်း လုပ်ဆောင်သွားမည့် မဟာဗျူဟာမြောက် အစီအစဉ်များ အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် မိတ်ဖက်လေကြောင်းလိုင်းဖြစ်သည့် AIR KBZ လေကြောင်း လိုင်းအား မင်္ဂလာလေကြောင်းလိုင်းအမည်ဖြင့် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားအား မတ် ၈ ရက်က ရန်ကုန်မြို့ရှိ lotte hotel တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနား၏ ရည်ရွယ်ချက်မှာ MAI က၂၀၂၄ ခုနှစ်အတွက် ရည်မှန်းချက် ကြီးမား သော ကွန်ရက်ချဲ့ထွင်မှုအစီအစဉ်ကို ထုတ်ဖော် ပြသရန်ဖြစ်ပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင် မှုများနှင့် မြန်မာ့ခရီးသွားလုပ်ငန်းကို ပိုမိုအား ကောင်းလာစေရန် ရည်ရွယ်သည့် ပူးပေါင်း ဆောင်ရွက်မှုများအကြောင်း တင်ဆက်ပြသရန် ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ MAI ၏ မိတ် ဖက်များ၊ မီဒီယာကိုယ်စားလှယ်များ၊ ခရီးသွား အေးဂျင့်များနှင့် MAIနှင့် mingalar စီမံခန့်ခွဲ မှုအဖွဲ့များမှ အဖွဲ့ဝင်များအပါအဝင် ဧည့်သည် တော်များတက်ရောက်ခဲ့ကြောင်း သိရသည်။

“လက်ရှိမှာ စိန်ခေါ်မှုများစွာရှိနေပေမယ့် MAI အနေနဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ် ကွန် ရက်ကို ထပ်မံတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ကျွန် တော်တို့ MAI ပျံသန်းနေတဲ့ ပြည်ပခရီးစဉ် အရေတွက် ၂၁ ထိ တိုးမြင့်လာနိုင်မှာဖြစ်တဲ့ ခရီးစဉ်သစ်တွေအနေနဲ့ မကြာမီမှာပဲ ချင်းမိုင်၊ ဗီယမ်ကျင်း၊ ဒါကာ နဲ့ ဒိုဟာမြို့တွေဆီကိုစတင် ပျံသန်းတော့မှာ ဖြစ်ပါတယ်။ အခုလို ထပ်မံပြေး ဆွဲမယ့် ခရီးစဉ်သစ်တွေက ခရီးသည်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို များစွာအကျိုးပြုမယ် လို့ ယုံကြည့်ပါတယ်ဟု MAI ၏ Acting Chief Executive Officer and Chief Commercial Officer ဖြစ်သူ Mr.Tanes Kumar က ပြော ကြားသည်။

ယင်းနောက် MAI လေကြောင်းလိုင်းသည် ၎င်း၏ Subsidiary ,Air KBZ အား ယခုအခါ Mingalar Aviation Services(Mingalar) ဟု အမည်ပြောင်းလဲလိုက်ကြောင်းကို တစ်ပြိုင် နက် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါအ ခမ်းအနားတွင် MAI လေကြောင်းလိုင်းအနေ နှင့် ATOM နှင့် တွဲဖက်အမှတ် သဘောတူညီ ချက်တစ်ခုကို ကြေညာခဲ့ပြီး အဆိုပါပွဲစဉ်အ တွင်း တွဲဖက် Tourism SIM တစ်ခုကို စတင် မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ အဆို ပါလုပ်ဆောင်မှုသည် မြန်မာနိုင်ငံတွင်း သင့် တင့်သော စျေးနှုန်းများနှင့် ကမာ့အဆင့်မီ ဖုန်း ခေါ်ဆိုမှုအရည်အသွေးတို့ဖြင့် ခရီးသည်များကို ထောက်ပံ့ပေးရန် ရည်ရွယ်ပြီး အကန့်အသတ် မရှိစနစ်နှင့် အချက်အလက်များကို တစ်စုတစ် စည်းတည်း ထားရှိထားပြီး MAI လေယာဉ်များ ပေါ်တွင် အဆိုပါ Sim ကဒ်အား လွယ်ကူစွာ ဝယ်ယူနိုင်ပြီး MAI ၏ Passenger Sales Agents များထံတွင်လည်း ဝယ်ယူနိုင်မည်ဖြစ် ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleမည်သည့်အချိန်၊ မည်သည့်ဖိုက်တာနှင့်မဆို ထိုးသတ်မည်ဟု ONE Championship ၏ မေးခွန်းအပေါ် အောင်လအန်ဆန် တုံ့ပြန်
Next Article လောက်ကိုင်မြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် ရွှေ့ပြောင်းပေးရန် MNDAA အဖွဲ့က အကြောင်းကြားထားဟုဆို
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.