Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Saturday, June 28
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဝင်ရောက်ဖြေသူ ကျောင်းသား/သူစုစုပေါင်း ၅၇၆၇ ဦးရှိပြီး ၂၄၆ ဦး ပျက်ကွက်

March 11, 20241 Min Read
Share
Facebook Twitter

မွန်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဝင်ရောက်ဖြေသူဆို ကျောင်းသား/သူ စုစုပေါင်း ၅၇၆၇ ဦးရှိပြီး ၂၄၆ ဦး ပျက်ကွက်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရင် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ၆၀၁၅ ဦးရှိပြီး ယနေ့(မတ် ၁၁ ရက်) တွင် စတင်ကျင်းပခဲ့သည့် မြန်မာစာ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူပေါင်း ၅၇၆၇ ဦးရှိကာ ပျက်ကွက်သူ ၂၄၆ ဦးရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “မွန်ပြည်နယ်အတွင်းမှာ တစ်ချို့မြို့နယ်တွေမှာဆိုရင် စာစစ်ဌာနတစ်ခုတည်းဘဲ ထားရှိတယ်လို့သိရတယ်။ အဓိကကတော့ စာမေးပွဲဝင်ရောက်ဖြေဆိုကြတဲ့ ကျောင်းသား၊ ကျောင်းသူအရေအတွက်က နည်းသွားတယ်။ မနှစ်တုန်းကလည်း ၆၀၀၀ ဝန်းကျင်ဘဲရှိခဲ့သလို ဒီနှစ်မှာလည်း စာမေးပွဲဖြေဆို ၆၀၀၀ ဝန်းကျင်ဘဲရှိပါတယ်” ဟု ပြောကြားသည်။

စာမေးပွဲဖြေဆိုခဲ့သည့် မြို့နယ်များအလိုက် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်း ၄၆၁ ဦး၊ ဘီးလင်းမြို့နယ်အတွင်း ၃၉၃ ဦး၊ သထုံမြို့နယ်အတွင်း ၄၅၉ ဦးနှင့် ပေါင်မြို့နယ်အတွင်း ၄၃၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ထို့အတူ မော်လမြိုင်မြို့နယ်အတွင်း ၁၄၄၈ ဦး၊ ချောင်းဆုံမြို့နယ်အတွင်း ၄၄၇ ဦး၊ ကျိုက်မရောမြို့နယ်အတွင်း၊ ၃၀၃ ဦး၊ မုဒုံမြို့နယ်အတွင်း ၇၄၈ ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်း ၆၂၅ ဦးနှင့် ရေးမြို့နယ်အတွင်း ၄၅၃ ဦး စုစုပေါင်း ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မွန်ပြည်နယ်အတွင်း စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၂၂၀ ဦးအနက်မှ မြနမာစာဖြေဆိုသည့်နေ့တွင် ၅၇၆၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleလောက်ကိုင်မြို့ ဗမာတန်းရှိ နေအိမ်ဆိုင်ခန်း ၆၀ ကျော်ကို ဖျက်သိမ်းမည်ဖြစ်သဖြင့် ရွှေ့ပြောင်းပေးရန် MNDAA အဖွဲ့က အကြောင်းကြားထားဟုဆို
Next Article ယူကရိန်း၏ ဒရုန်း ၄၇ စင်းကို ဖျက်ဆီးခဲ့ကြောင်း ရုရှား ပြောကြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.