Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Friday, June 27
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
World 1 Views

အလံဖြူထောင်ရန် ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး၏စကားကြောင့် ယူကရိန်းက ဗာတီကန်သံတမန်ကို ဆင့်ခေါ်

March 13, 20241 Min Read
Share
Facebook Twitter

ရုရှားနှင့်စစ်ပွဲပြီးဆုံးသွားစေရန် အလံဖြူထောင်ရမည်ဟု ပြောခဲ့သောပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းကပယ်ချလိုက်ပြီး ယူကရိန်းသည် ဘယ်တော့မှအညံ့ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့အလံဟာ အဝါရောင်နဲ့ အပြာရောင်ဖြစ်ပါတယ်။ အဲဒီအလံဟာ ကျွန်တော်တို့ ရှင်သန်၊သေဆုံး၊ အောင်နိုင်တဲ့ အလံဖြစ်ပါတယ်”ဟု အလံဖြူထောင်ရန် ယူကရိန်း သတ္တိရှိထားသင့်သည်ဟု ပုပ်ရဟန်း မင်းကြီးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာ မတ် ၁၀ ရက်တွင် ယူကရိန်းနိုင်ငံ ခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်စေ့စပ်ဆွေး‌နွေးသင့်သည်ဟု ဆွစ်ဇာလန်ရုပ်သံလွှင့်ဌာန RTS နှင့် အင်တာ‌ဗျူးတွင် အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြောကြားခဲ့သည်။

“အ‌ခြေအနေကို မြင်သူတွေဟာ အသန်မာဆုံးသူတွေဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူတွေကို ထည့်စဉ်းစားပါ။ အလံဖြူထောင်ဖို့ သတ္တိရှိပါ။ စေ့စပ်ဆွေးနွေးပါ”ဟု ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အဆိုပါ အင်တာဗျူးကို ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗာတီကန်က ပြောသည်။

ကောင်းသည့်ဘက်တွင် ရပ်တည်ရန်၊ ဆန့်ကျင်ဘက်တွင် တစ်သားတည်းရပ်တည်ပြီးစေ့စပ်ဆွေးနွေးရေးကို တောင်းဆိုခြင်းမပြုရန် ကူလီဘာကပုပ်ရဟန်းမင်းကြီးကို တောင်းဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ မတ် ၁၁ ရက်တွင် ယူကရိန်းက ဗာတီကန်သံတမန်ကို ကိယက်ဗ်မြို့သို့ ဆင့်ခေါ်ခဲ့သည်။ အလံဖြူထောင်ရန်စဉ်းစားသင့်သည်ဟု ပြောကြားခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်၏စကားက ယူကရိန်းကို ဒေါသထွက်စေခဲ့သည်။

“ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ရဲ့ပြောကြားချက်တွေကြောင့် ဗာတီကန်သံတမန် အပိုစတိုလစ်နန်စီယိုကို ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ ဖိတ်ကြားခဲ့ပါတယ်”ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှု မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။

အလံဖြူထောင်ရေးအတွက် ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့သော စကားများနှင့် ပတ်သက်၍ ဗာတီကန်သံတမန်တစ်ဦးဖြစ်သော လစ်သူယေးနီးယားဘုန်းတော်ကြီး ဗစ်ဗာဒက်ကူလ်ကိုကက်စ်ကလည်း စိတ်ပျက်မိသည်ဟု ကိယက်ဗ်ကို ပြောကြားခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖြည့်စွက် ဖော်ပြခဲ့သည်။

ပုပ်ရဟန်းမင်းကြီးက ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်းကို တောင်းဆိုလိုက်ခြင်းနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးအန်နာလီနာဘဲယားဘော့က ပြင်းထန်စွာဝေဖန်လိုက်ပြီး ပုပ်ရဟန်းမင်းကြီး၏ ရပ်တည်ချက်ကို နားမလည်ဟု ပြောကြားခဲ့သည်။

“ကျွန်မ နားမလည်ပါဘူး။ ကိုယ်တိုင် မြင်ရမယ်ဆိုရင်တော့ အချို့ဟာတွေကို နားလည်နိုင်မယ်လို့ ထင်ပါတယ်”ဟု ဘဲယားဘော့က မတ် ၁၀ ရက် ညပိုင်းတွင် အစိုးရရုပ်သံလွှင့်ဌာန ARD ကို ပြောကြားခဲ့သည်။

ဘဲယားဘော့သည် စစ်ပွဲစတင်ကတည်းက ကိယက်ဗ်ကို အကြိမ်ကြိမ်သွားခဲ့သူဖြစ်သည်။

“စစ်ပွဲကြောင့် ဒုက္ခရောက်နေကြရတဲ့ ယူကရိန်းကလေးတွေကို စကားပြောကြည့်တဲ့အခါ ပုပ်ရဟန်းမင်းကြီး ဘယ်မှာလဲလို့ ကျွန်မကိုယ်ကျွန်မပြန်ပေးမိပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ အဲဒါတွေကို သိထားရပါမယ်”ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ၎င်း၏မဟာမိတ်များသည် ယခုအချိန်တွင် အင်အားမပြပါက ငြိမ်းချမ်းရေး ရှိလာလိမ့်မည်မဟုတ်ဟု ၎င်းက ပြောကြားခဲ့သည်။

ဂျာမနီသည်ရုရှားကျူးကျော်မှုကို ခုခံတွန်းလှန်နေသော ယူကရိန်းကို စစ်ရေးအကူအညီ ဒုတိယအများဆုံးပေးနေသော နိုင်ငံဖြစ်သည်။ အမေရိကန်က ယူကရိန်းကိုအများဆုံး ကူညီထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleရုရှားနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် UEC ဥက္ကဋ္ဌ ရုရှားနိုင်ငံသို့ သွားရောက်
Next Article နျူကလီးယားထိပ်ဖူးအများအပြား သယ်ဆောင်နိုင်သည့် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယက အောင်မြင်စွာစမ်းသပ်
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.