Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Boxing 0 Views

ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်း အောင်လအန်ဆန် ဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆို

March 19, 20241 Min Read
Share
Facebook Twitter

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်းဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆိုခဲ့သည်။

အောင်လအန်ဆန်က”Kill Cliff FC နဲ့ အတူရှိနေရတဲ့နေ့ရက်တွေက တကယ့်ကို ပြီးပြည့်စုံတဲ့ရက်တွေပါပဲ။ ငြီးငွေ့စရာကောင်းတဲ့စကားတွေပြောတတ်တဲ့ အလိမ်အညာသမား မဖြစ်ချင်ပါနဲ့ ONE Championship။ ကျွန်တော်က ပွဲထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ကို ပွဲတစ်ပွဲပေးဖို့ ဖုန်းခေါ်ဆိုပါတော့”ဟု သူ၏ Facebook လူမှုကွန်ရက်မှ နေ၍ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက အောင်လအန်ဆန်ကို Instagram လူမှုကွန်ရက်မှနေ၍ စိန်ခေါ်စကားဆိုထားသည်။

ရှာမေးလ်အာဒိုဂန်က ”မစ္စတာချက်ထရီ(ONE CEO) ခင်ဗျားမှာ သံသယတွေရှိနေရင် ကျွန်တော့်ကို ONE Championship မှာ ပွဲပေးလိုက်ပါ။ ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ။ ချန်ပီယံဟောင်း အောင်လအန်ဆန်နဲ့ ထိုးသတ်ချင်ပါ တယ်။ ကျွန်တော် သူ့ကို(အောင်လအန်ဆန်) နှစ်ချီအတွင်း အလဲထိုးပြမှာပါ။ ဒါဟာ ကျွန်တော့်အတွက် သိပ်လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ စက်တင်ဘာကျရင်တော့ ဒီရစ်ဒါနဲ့ ဆုံတွေ့ချင်ပါတယ်”ဟု ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်သည် ယခင်ကလည်း အောင်လအန်ဆန်ကို ယခုကဲ့သို့ စိန်ခေါ်စကားများ ပြောဆိုခဲ့ဖူးသည်။

ရှာမေးလ်အာဒိုဂန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တရုတ်ဖိုက်တာ ဖန်ယုံနှင့် နောက်ဆုံးထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

ရှာမေးလ်အာဒိုဂန်သည် ပရော်ဖက်ရှင်နယ် MMA ပွဲ ၉ ပွဲ ထိုးသတ်ထားရာ ၉ ပွဲစလုံးအနိုင်ရရှိထားပြီး ရှုံးပွဲမရှိဖိုက်တာတစ်ဦးဖြစ်သည်။

ရှာမေးလ်အာဒိုဂန် အနိုင်ရရှိထားသည့် ၉ ပွဲတွင် အလဲထိုး ၄ ပွဲ၊ ချုပ်ကွက်ဖြင့် တစ်ပွဲ၊ အမှတ်ဖြင့် ၄ ပွဲဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ(၆) ပွဲဖြစ်ပြီး (၁၂) လအတွင်း (၃) ပွဲထိုးသတ်ခွင့်ပေးရမည့် အချက်ပါဝင်ကြောင်း သိရသည်။

ထိုစဉ်က အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုထားခြင်းမရှိသော်လည်း လာမည့်လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် စာချုပ်ကိစ္စရပ်အတွက် သဘောတူညီမှုမရမီက လာမည့်ဧပြီတွင် ၎င်း၏ပွဲကိုမြင်တွေ့ရမည်ဟု ပြောကြားထားသည်။

အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမည်ဟု အစောပိုင်းကတည်းကပင် ကြွေးကြော်ထားသော်လည်း လက်ရှိ မစ်ဒယ်ဝိတ်ချန်ပီယံ မာလီခင်က အောင်လအန်ဆန်နှင့် မထိုးသတ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleဖူလ်ဟမ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းမှာ လက်ခံနိုင်စရာမရှိဟု ဆွန်ဟောင်မင် ဆို
Next Article တူရကီစူပါလိဂ်ပွဲစဉ်ဖြစ်သည့် ထရက်ဇွန်စပေါ်-ဖီနာဘာချီပွဲအပြီးတွင် အိမ်ရှင်အသင်းပရိသတ်များက ကွင်းအတွင်းဝင်ရောက်၍ ဖီနာဘာချီကစားသမားများအား တိုက်ခိုက်မှုဖြစ်ပွား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.