Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

နေပြည်တော် ပျဉ်းမနားမြို့ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက်

December 25, 20232 Mins Read
Share
Facebook Twitter

ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ ရန်အောင်(၁)ရပ်ကွက်ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာတင်မောင်အေးနှင့် ခရစ်ယာန် ဘာသာ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန် ဘာသာဝင်ရပ်မိရပ်ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းသို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေး၊ ဘုန်းတော်ကြီး စိုးလင်းအောင်နှင့် ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး အခမ်းအနားကို စတင်ကျင်းပရာ ခရစ္စမတ်မွေးနေ့အခမ်းအနားအား အဖွင့်မေတ္တာဖြင့် ဘုန်းတော်ကြီး စိုးလင်းအောင်က ဖွင့်လှစ်ပေးကာ ခရစ်ယာန်ဘာသာဝင် လူငယ်များက ဓမ္မသီချင်းဖြင့် သီဆိုချီးမွမ်းခဲ့ကြောင်း၊ ယင်းနောက် နေပြည်တော်ကောင်စီနယ်မြေ၊ ခရစ်ယာန်အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာ တင်မောင်အေး က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူး တော်ချီးမွမ်းခြင်း အခမ်းအနားသို့ နိုင်ငံ့တာဝန်များ မအားလပ်သည့်ကြားမှ တိုင်းရင်းသား ပြည်သူများကို ချစ်သည့်စိတ်၊ နိုင်ငံတော် အေးချမ်းငြိမ်သက်စေလိုသည့် ပြင်းပြသည့် ရည်မှန်းချက်များဖြင့် မိမိတို့ ခရစ်ယာန်ဘာသာဝင်များကို အလေးအနက်ထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် လာရောက် ချီးမြှင့်ပေးသည့်အတွက် မိမိတို့ ခရစ်ယာန် ဘာသာဝင်များအနေဖြင့် အထူးကျေးဇူးတင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်တကွ အဖွဲ့ဝင်များအားလုံး ခရစ္စမတ်ကာလတွင် ငြိမ်သက်ခြင်း၊ ဝမ်းမြောက် ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ပြည့်ဝပါစေ ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယခုကဲ့သို့ ခရစ္စမတ်ပွဲတော် နေ့ထူးနေ့မြတ်အခါသမယတွင် ခရစ်ယာန် ဘာသာဝင် များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ခရစ်ယာန်ဘာသာဝင်များအားလုံးနှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားများအပါအဝင် ကမ္ဘာ သူ၊ ကမ္ဘာသားများအားလုံး ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာ ရှိကြပါစေဟု ထပ်လောင်းဆန္ဒပြု မေတ္တာပို့သအပ်ပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် အများဆုံးကိုးကွယ်မှုရှိနေသည့် ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် အခြားသော ဘာသာဝင်များသည် ရှေးနှစ်ပေါင်းပဝေသဏီကတည်းက အတူတကွ နေထိုင်ခဲ့ကြပါကြောင်း၊ မည်သည့် ဘာသာကိုမျှ ထိခိုက်နစ်နာစေခြင်း၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူမျိုးမရွေး၊ ဘာသာမရွေး အပြန်အလှန် လေးလေးစားစား၊ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် နိုင်ငံတော်၏ ကောင်းကျိုးများကို ညီအစ်ကိုမောင်နှမရင်းစိတ်ထားဖြင့် တည်ဆောက်ခဲ့ကြပါကြောင်း၊ ဆက်လက်ပြီး တည်ဆောက်ကြရန် လိုအပ်သကဲ့သို့ ဘာသာရေးကို အလွဲသုံးစားပြုပြီး မိမိတို့နိုင်ငံသားများအချင်းချင်း အကြားတွင် စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်၊ လေးစား ယုံကြည်မှု လျော့ပါးပြီးမသင့်မြတ်အောင် လုပ်ဆောင်နေမှုများကိုလည်း အစဉ်သတိပြု ကာကွယ်ကြရန် လိုအပ်ပါကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကို အခြေပြုထားခြင်းဖြစ်သည့်အတွက် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်းချမ်းမှုလိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ငြိမ်းချမ်းရေးတံခါးများ အမြဲဖွင့်လှစ်ထားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်သည့် အစိုးရ တိုင်းသည် ငြိမ်းချမ်းရေးအတွက် အလေးအနက်ထား အစဉ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ကြွရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ခရစ်ယာန်ဘာသာဝင်များအနေဖြင့်လည်း မိမိတို့နေထိုင်ရာဒေသ၊ မိမိတို့နေထိုင်ရာနိုင်ငံတော် ထာဝရငြိမ်းချမ်းရေးရရှိနိုင်ရေး အတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှနည်းလမ်းများဖြင့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပြောကြားလိုပါကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့်ဆရာတော်များ၊ သီလရှင်များ၊ ကက်သလစ်လူငယ်အဖွဲ့များ၊ ခရစ်ယာန်ဘာသာဝင်ရပ်မိရပ်ဖများနှင့်အတူ “တိတ်ဆိတ်ည သန့်ရှင်းည ကျူး” ဓမ္မသီချင်းကို စုပေါင်းသံပြိုင်သီဆိုချီးမွမ်းကြကြောင်း သိရသည်။

ထို့နောက် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့ထံ ဘုန်းတော်ကြီး စိုးလင်းအောင်နှင့် သီလရှင် နော်ဂျူးဒစ်တို့က ခရစ္စမတ်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင် သစ်သီးခြင်းနှင့် အလှူငွေများ ပြန်လည်ပေးအပ်သည်။

နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်း အနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင် ဆရာတော်ကြီးများနှင့် ဆရာ တော်များ၊ ကက်သလစ်လူငယ်အဖွဲ့များနှင့် ခရစ်ယာန်ဘာသာဝင် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အထိမ်းအမှတ် မိတ်သဟာယ နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleချယ်လ်ဆီးအသင်း ယခုနှစ်အတွင်း ရှုံးပွဲအများဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်လာပြီး အခွင့်အရေးအသုံးမချနိုင်သည့်စာရင်းတွင် ထိပ်ဆုံးမှဦးဆောင်နေ
Next Article ၇၆ နှစ်မြောက် တပ်မတော်(ရေ)နေ့ အခမ်းအနားတွင် ကမ်းထိုးတိုက်ရေယာဉ် နှစ်စီး၊ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် နှစ်စီးနှင့် မြစ်တွင်းသွားကင်းလှည့်ရေယာဉ် တစ်စီး တပ်တော်ဝင်ခဲ့
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.