Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Wednesday, June 18
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 0 Views

၇၆ နှစ်မြောက် တပ်မတော်(ရေ)နေ့ အခမ်းအနားတွင် ကမ်းထိုးတိုက်ရေယာဉ် နှစ်စီး၊ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် နှစ်စီးနှင့် မြစ်တွင်းသွားကင်းလှည့်ရေယာဉ် တစ်စီး တပ်တော်ဝင်ခဲ့

December 25, 20232 Mins Read
Share
Facebook Twitter

(၇၆) နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ် စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံကမ်းခြေ စောင့်တပ်ဖွဲ့သို့ စစ်ရေယာဉ်များ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရေတပ်စခန်း ဌာနချုပ်မှူးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။

အခမ်းအနားအစီအစဉ်အရ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် က တပ်တော်ဝင်စစ်ရေယာဉ်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်း တင်ပြခဲ့ပြီး ရေတပ်သင်္ဘောကျင်းဌာနချုပ် ဌာနချုပ်မှူးက ဗျူဟာ စစ်ရေယာဉ်စုမှူးထံ စစ်ရေယာဉ်များနှင့်ပတ်သက်သော စာရွက်စာတမ်းများ၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှူးက မြန်မာနိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်ထံ တပ်မတော်(ရေ)မှ လွှဲပြောင်းပေးအပ်သည့် စစ်ရေယာဉ်များနှင့် ပတ်သက်သော စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် တပ်မတော်(ရေ)၏ (၇၆)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့အခမ်းအနား ဖြစ်သကဲ့သို့ တပ်မတော်(ရေ)အတွက် ၃၃ မီတာ ကမ်းထိုးတိုက်ရေယာဉ် နှစ်စီး၊ ပြည်ပမှ နည်းပညာလွှဲပြောင်းခဲ့ပြီး တပ်မတော်(ရေ)က ကိုယ်တိုင်တည်ဆောက်ခဲ့သည့် သတ္တမ မြောက်နှင့် အဌမမြောက် ၂၇ မီတာ Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် နှစ်စီး၊ မြစ်တွင်းသွားကင်းလှည့်ရေယာဉ် တစ်စီးတို့ တပ်တော်ဝင်အခမ်းအနားဖြစ်သည့် အပြင် ကမ်းခြေစောင့်တပ်ဖွဲ့ကို ကမ်းလွန်ကင်းလှည့်ရေယာဉ် ၁ စီး၊ ကမ်းခြေစောင့် တိုက်ရေယာဉ် ၂ စီး လွှဲပြောင်းပေးသည့် အခမ်းအနားဖြစ်သည့်အတွက် တပ်မတော် (ရေ)နှင့်ကမ်းခြေစောင့်တပ်ဖွဲ့တို့အတွက် ထူးခြားလေးနက်သည့် စွမ်းအား တစ်ရပ်ကို ထပ်မံဖြည့်ဆည်းပေးနိုင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် အဆင့်လိုက် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့် တိုက်ပွဲဝင် အသင့်ရေတပ်(Three Dimensional Combat Ready Navy)အဖြစ် ခြေလှမ်းသစ် တစ်ရပ်ကို တက်လှမ်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ် ပင်လယ်ပြင်များ သို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ် (Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့် စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန် ဒေသတွင်းအင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာ အမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက် အနေဖြင့် မိမိအကျိုးစီးပွားများ ဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အား ပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

တပ်မတော်(ရေ)၏ ရည်မှန်းချက် အဆင့်တိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်များ လိုအပ်သလို အဆိုပါ စစ်ရေယာဉ်များကို ကိုင်တွယ် မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝသော ရေတပ် စစ်သည်တော်များ ဖြစ်စေရေး အမြဲတမ်းလေကျင့်နေရန် လိုအပ်မည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က တပ်တော်ဝင်အခမ်းအနားအထိမ်းအမှတ် စစ်ရေယာဉ်ပုံစံငယ်များကို ဂါရဝပြု ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က တပ်တော်ဝင် ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အရာရှိ၊ စစ်သည်များ အတွက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ပေးအပ်သော ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြကြောင်း၊ ၎င်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ)က တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ် ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော်(ရေ)အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်း(၈)ချက်တီးခြင်းနှင့် တပ်တော်ဝင် လုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleနေပြည်တော် ပျဉ်းမနားမြို့ရှိ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်း၌ ကျင်းပသည့် ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက်
Next Article ဒီဇင်ဘာအားလပ်ရက်များအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးအများအပြား လာရောက်ပြီး ပုပ္ပါးတောင်မကြီးပေါ်သို့လည်း တက်ရောက်သူများပြား
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.