Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, June 19
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Local 1 Views

ပုဂံခရီးစဉ်ဒေသသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၂၅ ရက်အထိ ခရီးသွား ၂ ဒသမ ၃၂ သန်း လာရောက်လည်ပတ်ခဲ့ကြပြီး နှစ်သစ်ကူးပိတ်ရက်အတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများ ရာခိုင်နှုန်း ၈၀ အခန်းများပြည့်နေ

December 30, 20233 Mins Read
Share
Facebook Twitter

ပုဂံခရီးစဉ်ဒေသသို့ ၂၀၂၃ ခုနှစ် ဇန်န ၀ါရီလမှ ဒီဇင်ဘာ ၂၅ ရက်အထိ ခရီးသွား၂ ဒသမ ၃၂ သန်း လာရောက်လည်ပတ်ခဲ့ကြပြီး နှစ်သစ်ကူး ပိတ်ရက်အတွက် ဟိုတယ်၊မိုတယ် နှင့် တည်းခိုရိပ်သာများ ၈၀ ရာခိုင်နှုန်း အခန်း များပြည့်နေကြောင်း စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သို့ ဃသလငိ -၁၉ ကပ်ရောဂါဖြစ်ခဲ့သည့်၂၀၁၉ ခုနှစ်နောက်ပိုင်းလေးနှစ်အတွင်း ပုဂံခရီးစဉ် ဒေသသို့ ၂၀၂၂ ခုနှစ်က ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ယခု၂၀၂၃ ခုနှစ် ဇန်န ၀ါရီ လမှ ဒီဇင်ဘာ ၂၅ ရက်အထိ လူဦးရေ ၂ ဒသမ ၃၂ သန်း ဝင်ရောက်ခဲ့ပြီး နှစ်အလိုက် နှိင်းယဉ်ကြည့်ပါက ပြီးခဲ့သည့် နှစ်ထက် ယခုနှစ်မှာ ခရီးသွားဘုရားဖူးဧည့်သည် နှစ် ဆ ဝင်ရောက်လာကြောင်း၊ လူဦးရေ တစ် သန်းကျော် ပိုမိုလာရောက်လည်ပတ်ခဲ့ကြ ကြောင်း၊ နှစ်သစ်ကူး ပိတ်ရက်အတွက် လည် ပတ်ရန် ဟိုတယ် မိုတယ် တည်းခိုရိပ်သာများ အခန်းယူထားမှု ၈ဝရာခိုင်နှုန်း ရှိသည်ဟု ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံ ရုံးခွဲ) ထံမှ သိရသည်။

“ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ ခရီးစဉ်ဒေသမှာဆို ဟိုတယ် မိုတယ် တည်းခို ရိပ် သာ ၈၉ လုံးကို ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ ပုဂံ ခရီးစဉ် မှာ ဇန်နဝါရီကနေ အခု ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ခရီးသွားဧည့်သည် ဝင် ရောက်မှုက ၄၅၇၉၅၆ ဦး ရှိပြီး နိုင်ငံခြားသား ဝင်ရောက်မှုက ၁၄၄၁၉ ဦး ရှိပြီး စုစုပေါင်း ၄၇၂၃၇၅ ဦး ဝင်ရောက်လာတယ်။ ရွှေစည်းခုံ စေတီတော်မှာ ဇန်နဝါရီကနေ အခု ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ဝင်ရောက်မှုက၂၃၂၉၂၈၇ ဦး ဝင်ရောက်ခဲ့တယ်။ ဗူးဘုရားစေတီတော်မှာ ဇန်နဝါရီကနေ အခု ဒီဇင်ဘာ ၂၅ ရက်အထိ ၁၀၀၀၉၇ ဦး လာရောက်ခဲ့ပြီး လောကန္ဒာ ဘုရားစေတီမှာ ဇန်နဝါရီကနေ အခု ဒီဇင်ဘာ ၂၅ ရက်အထိ ၇၈၆၆၃၁ ဦး လာရောက်ခဲ့ တယ်။ ပုပ္ပား ခရီးစဉ်မှာ ဇန်နဝါရီကနေ အခု ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ၂၀၀၉၂၂ဦး ဝင်ရောက်လာတယ်။ ပြည်တွင်းခရီးသွား ဧည့်သည်တွေ ဒီဇင်ဘာလမှာ ၃၁၉၀၁ ဦး တည်းခိုခဲ့ကြပြီး ပြည်ပ က ၁၅၁၁ ဦး စုစုပေါင်း ၃၃၄၁၁ ဦးတည်းခိုခဲ့ကြတယ်။ ယခု ဒီဇင်ဘာ လမှာ ရွှေစည်းခုံစေတီတော်ကို ၁ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ ၁၂၉၈၇၉ ဦး ဝင် ရောက်ခဲ့တယ်။ ဗူးဘုရားစေတီ မှာ ၆၈၅၅၅ ဦး ဝင်ရောက်ခဲ့တယ်။ လောကနန္ဒာ စေတီ တော်မှာ ၁၁၃၅၂ ဦး လာရောက်ပြီး ပုပ္ပား ခရီးစဉ်မှာ ဒီဇင်ဘာ ၁ ရက်ကနေ ၂၅ ရက် အထိ ၆၉၁၇ ဦး လာရောက်ခဲ့တယ်”ဟု ဟို တယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီး ဌာန (ပုဂံရုံးခွဲ)မှလက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောကြား သည်။

“ ပုဂံ ခရီးစဉ်ဒေသမှာဆို ၂၀၂၂ ခုနှစ် က ၁ ဒသမ ၀၈ သန်း ဝင်ရောက်ခဲ့တယ်။ယခု နစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ အခု ဒီဇင် ဘာ၂၅ ရက်အထိ လူဦးရေ ၂ ဒသမ ၃၂ သန်း ဝင်ရောက်ခဲ့တယ်။ နှစ်အလိုက် နှိုင်းယှဉ် ကြည့်ပါက ပြီးခဲ့တဲ့နှစ်ထက် ယခုနှစ်က ခရီး သွားဘုရားဖူးဧည့်သည် နှစ်ဆ ဝင်ရောက် လာတယ်လို့ပြောလို့ရမယ်။ ယခု ကောက်ယူမှု အများဆုံး လာရောက်တဲ့ ရွှေစည်းခုံ စေတီ တော်ရဲ့ စာရင်းကောက်ယူထားပါတယ်။ ဒီ နှစ် ခရီးသွားတွေ အများဆုံးသွားရောက် လည်ပတ်တဲ့နေရာတွေက ဗိသုကာပညာရပ် တွေ ရှိတဲ့ စေတီတော် တွေ နံရံဆေးရေးပန်းချီ ရှိတဲ့ နေရာတွေက မြင်းကပါ ဂူပျောက်ကြီး အပ္ပာယ်ရတနာ စိုးမင်းကြီး မင်းနန်းသူ နံမည် ကြီးဘုရားတွေ ဓာတ်ပုံ ရိုက်လို့ ကောင်းတဲ့ နေရာတွေ အများဆုံးသွားကြတယ်။ ဆင်ဖြူ ရှင်ကျောင်းတိုက် ဦးကြည်ပွေ့ကန် တာမနေ ဘုရား တို့ သွားကြပါတယ်။ ဟိုတယ်ခရီးက ခရီးစဉ်အသစ် ခုနစ်ခု အကောင်ထည်ဖော် ထားပါတယ်။ ကျောက်မျက်မော်ဘုရား ဆို ညနေ နေဝင်ချိန်အလှကို ကြည့်ချင်စရာ ဖြစ် အောင် ဖော်ဆောင်ထားတယ် ဆက်စပ်တဲ့ ဇီးအိုလှရွာ ကျောက်ရေကန် မန်ကျဉ်းကိုးပင် စက်စပ်ယိုရွာ သဲပြင်တောရွာတို့သွားရောက် ကြတယ်။ ဒီနှစ် ပုပ္ပားတောင်မကြီး တောင် တက်ပွဲမှာ ပြည်သူလူထုတွေ အများဆုံး လာ ရောက်ခဲ့ကြတာ တောင်တက်ကြတာ သိရပါ တယ်။ ခရီးစဉ်ဒေသ အသစ်တွေ ဖော်ဆောင် ထားတော့ ပုဂံကို လာရောက်တဲ့သူတွေ တစ်ရက်နေမယ့်အစားနှစ်ရက်နေနိုင် အောင် ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ရန် ဟိုတယ် ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းတွေ ပေးနေ ပါတယ် ”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။

ပုဂံခရီးစဉ်ဒေသရှိ သမိုင်းဝင် အထင် ကရ ဘုရားများဖြစ်သည့် ရွှေစည်းခုံဘုရား၊ တုရင်တောင်စွယ်တော်မြတ်စေတီ၊လောက နန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေဆံတော် စေတီ တော်မြတ်ကြီး၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရားကြီး၊ စူဠာမဏိဘုရား၊ မဟာငှက်ပစ်တောင်ဘုရား၊ ကျောက်ဂူဥမင်၊ မဟာဗောဓိဘုရား၊ ဗူးဘု ရား၊ ကန်တော့ပလ္လင်ဘုရား၊ မနုဟာဘုရား၊ပြဿာဒ်ကြီးဘုရား၊ဓမ္မရာဇကဘုရား၊ အလို တော်ပြည့်ဘုရား၊ ထီးလိုမင်းလိုဘုရား၊ ပြ ဿာဒ်ကြီး ဘုရားနှင့် သဗ္ဗညုဘုရားကြီး ၀ိ နည်းဓိုလ်ဘုရားစု၊ ဆင်ဖြူရှင်အုတ်ကျောင်း၊ ရင်မနားဘုရားစု၊ ခေမင်္ဂဘုရားစု၊သစ္စာမဏ္ဍိုင် ဘုရားစု၊ ရွှေနန်းရင်တောအုတ်ကျောင်း တိုက် ဘုရားစု၊ မင်းအိုချမ်းသာဘုရား၊ မြေဘုံသာ ဘုရားစု၊ လောကထိပ်ပန်ဘုရား၊ လောက အုတ် သျှောင် ဘုရားတို့တွင် သီတင်းကျွတ် ပွဲတော်တွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ ကြသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ် မြေသို့ လာရောက်သည့်အခါ ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ဓလေ့ထုံးတမ်းစဉ် လာများ၊ သဘာဝရေမြေရှုခင်းအလှများ၊ ဒေသမျိုးစိတ်ကျေးငှက်သတ္တဝါလေးများ၊ အနု ပညာလက်ရာများအပြင် တစ်ဆက်တစ်စပ် တည်းသွားရောက်နိုင်သည့် ခရီးစဉ်ခုနစ်ခု ကိုလည်း သွားရောက်လည်ပတ်နိုင် အတွက် ဟိုတယ်နှင့် ခရီးမှလည်း ခရီးစဉ်များကို ဖော် ဆောင်ထားကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleအက်စတွန်ဗီလာကွင်းလယ်ကစားသမား ဒူးဂလပ်စ်လူးဝစ်ဇ်အား ပြန်လည်ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်
Next Article မန္တလေးတိုင်းဒေသကြီး မြို့နယ်တောင်သူများအတွက် ၂၀၂၃ ခုနှစ် ဆောင်းချေးငွေကို ယနေ့အချိန်အထိ ကျပ်သန်းပေါင်း ၁၄၅၂ ဒသမ ၈၀ ထုတ်ချေးပေးထားပြီး ချေးငွေကာလကို နောက်ထပ်တစ်လ ထပ်တိုးထားကြောင်း သိရ
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.