Close Menu
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile

Subscribe to Updates

Get the latest creative news from FooBar about art, design and business.

What's Hot

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 2024

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 2024

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 2024
Facebook X (Twitter) Instagram
Thursday, June 19
Facebook X (Twitter) Pinterest Instagram
ION Daily
  • Home
  • Local
  • World
    • Asia
  • Finance
  • Health
    • Global Anti-epidemic
  • Sports
    • Soccer
    • Golf
    • Boxing
  • Entertainment
  • Automobile
ION Daily
Finance 0 Views

မန္တလေးတိုင်းဒေသကြီး မြို့နယ်တောင်သူများအတွက် ၂၀၂၃ ခုနှစ် ဆောင်းချေးငွေကို ယနေ့အချိန်အထိ ကျပ်သန်းပေါင်း ၁၄၅၂ ဒသမ ၈၀ ထုတ်ချေးပေးထားပြီး ချေးငွေကာလကို နောက်ထပ်တစ်လ ထပ်တိုးထားကြောင်း သိရ

December 30, 20231 Min Read
Share
Facebook Twitter

မန္တလေးတိုင်းရှိ မြို့နယ် ၁၃ မြို့နယ်မှ တောင်သူများအား ဆောင်းသီးနှံချေးငွေထုတ်ချေးပေးရန် ကျပ် သန်းပေါင်း ၄၀၀၀ ကျော် ထုတ်ချေးပေးရန်လျာထားပြီး တောင်သူများအား စတင်ထုတ်ချေးပေးနေကာ လက်ရှိအချိန်အထိ ကျပ်သန်း ၁၄၅၂ ဒသမ ၈၀ ကို ထုတ်ချေးပေးထားပြီး ဆက်လက်ထုတ်ချေးနေသည်ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

“မန္တလေးတိုင်းဒေသကြီးရှိ တောင်သူများအား ၂၀၁၉ ခုနှစ် ဆောင်းသီးနှံချေးငွေထုတ်ချေးပေးမှုမှာ ၁၉ ဒသမ ၈၂ ဘီလျံသာ ထုတ်ချေးပေးခဲ့ပြီး ၂၀၂ဝခုနှစ် ဆောင်းချေးငွေကို ၂၀ ဒသမ ၀၄၄ ဘီလျံ ထုတ်ချေးပေး ခဲ့ကြောင်း၊ ၂၀၂၂ ဆောင်းချေးငွေကို ၇၅၆ ဒသမ ၆၀ ကျပ်သန်း ထုတ်ချေးခဲ့ကြောင်း၊ ယခုနှစ်တွင် ၂၀၂၃ ဆောင်းသီးနှံချေးငွေကို ကျပ်သန်း ၄၀၀၀ ကျော် လျာထားပြီး ကျပ်သန်း ၂၀၀၀ က ထုတ်ချေးပေးဖို့အတွက် ခွင့်ပြုချက်ရရှိထားပြီး ချေးငွေလိုအပ်ချက်ရှိပါက ထပ်မံ၍ ခွင့်ပြုချက်ရယူသွားမည်” ဟု မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောကြားသည်။

“ဆောင်းချေးငွေကို တောင်သူတွေ အဆင်ပြေအောင်လို့ ချေးငွေကာလကို နောက်ထပ်တစ်လ ထပ်တိုး ထားပါတယ်။ မန္တလေးတိုင်းဒေသကြီး မြန်မာလယ်ယာဖွံ့ဖြိုး ရေးဘဏ်အနေနဲ့ ယနေ့ ၂၉ရက်နေ့အထိ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာပေါင်း ၁၁၄ ရွာရှိ တောင်သူဦးရေ ၃၂၆၈ ဦးရဲ့ စိုက်ပျိုးဧကပေါင်း ၁၄၁၆၅ ဧက အတွက်ကို ကျပ်သန်းပေါင်း ၁၄၅၂ ဒသမ ၈၀ ကျပ်သန်းကို ထုတ်ချေးပြီးဖြစ်ပါတယ်။ ပထမ လျာထားချက်အနေနဲ့ ချေးငွေနောက်ဆုံး ထုတ်ချေးပေးသည့်ရက်က ဒီဇင်ဘာလ လကုန်အထိ သတ်မှတ်ထားပါတယ်။ သို့သော် လက်ရှိဖြစ်ပေါ်နေတဲ့ သွားလာရခက်ခဲတဲ့အခြေအနေတို့ကို ငဲ့ကွက်သော ကြောင့် ၂၀၂၃ ဆောင်းချေးငွေကာလကို ၂၀၂၄ ခုနစ် ဇန်နဝါရီလကုန်အထိ သက်တမ်းတိုးထားပြီး ထုတ်ချေးပေးသွားမှာပါ။ တောင်သူများအနေနဲ့ မိမိတို့၏စိုက်စရိတ်ချေးငွေများကိုအချိန်မီထုတ်ချေးကြဖို့ ပြောကြားလိုပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီး မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ အနေဖြင့် ဆောင်းချေးငွေကို ၂၀၂၃ အောက်တိုဘာ ၉ ရက်နေ့ ကနေ ၂၀၂၃ ဒီဇင်ဘာလ လကုန်အထိ ထုတ်ချေးပေးရန်ယခင်က ကာလသတ်မှတ်ထားကြောင်၊း ယခုအခါ တောင်သူများ အဆင်ပြေစေရန် တစ်လ ထပ်တိုးပြီး ချေးငွေများ ထုတ်ချေးပေးနေကြောင်း၊ စိုက်ပျိုးချေးငွေပေးရာတွင် စပါးတဧကကို ကျပ် ၁၅၀၀၀၀ နှုန်း၊ မြေပဲ၊ ပဲတီစိမ်း၊ နှမ်းဝါ၊ ကုလားပဲ၊ မတ်ပဲ၊ ပြောင်း စသည့် အခြားသီးနှံများအတွက် တစ်ဧကလျှင် ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရသည်။

- Google Ads - Demo
Share. Facebook Twitter WhatsApp Email
Previous Articleပုဂံခရီးစဉ်ဒေသသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ၂၅ ရက်အထိ ခရီးသွား ၂ ဒသမ ၃၂ သန်း လာရောက်လည်ပတ်ခဲ့ကြပြီး နှစ်သစ်ကူးပိတ်ရက်အတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများ ရာခိုင်နှုန်း ၈၀ အခန်းများပြည့်နေ
Next Article နစကဥက္ကဋ္ဌနှင့် ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး နေပြည်တော်၌ တွေ့ဆုံပြီး မြဝတီမြို့အနီး၌ အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်နေမှုကို ပူးပေါင်းတိုက်ဖျက်ရမည့် အခြေအနေများ ဆွေးနွေး
LATEST NEWS
Entertainment

ရင်သွေးလေးမွေးဖွားသွားပြီဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ ဟေလီ

August 24, 202401 Min Read

ဂျက်စတင်ဘီဘာ နဲ့ ဟေလီတို့စုံတွဲဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ သြဂုတ် ၂၃ ရက်က Instagram မှာ ဂျက်စတင်ဘီဘာက သူ့ကလေးရဲ့ခြေထောက်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။…

Fashion

SAMUEL ROSS နှင့်ပူးပေါင်း၍ Hublot ၏ ဖန်တီးမှူသစ် BIG BANG TOURBILLON SR_A   

August 24, 202401 Min Read

ထင်ရှားပေါ်လွင်သော နာရီအမျိုးအစားများစွာကို ပေးစွမ်းသည့် Hublot သည် Big Bang Tourbillon ၏ ထူးထူးခြားခြား ဗားရှင်းအသစ်တစ်ခုကို ဖန်တီးရန် ဗြိတိန်အနုပညာရှင်၊ ဒီဇိုင်နာ Samuel…

Business

ကမ္ဘာမှာ ဒေါ်လာ ၁၀၀ ဘီလီယံအထက် ပိုင်ဆိုင်သူ ဘယ်နှစ်ဦး ရှိပါလိမ့်?

August 21, 202402 Mins Read

Elon Musk (အီလွန်မက်စ်)၊ Jeff Bezos (ဂျက်ဖ်ဘေဇို့စ်) နှင့် Mark Zuckerberg (မာ့ခ်ဇက်ကာဘတ်) တို့သည် ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀…

Demo
About Us
About Us

ION Daily delivers breaking news, headlines and top stories from business, automobile, sports, entertainment and more in the Myanmar and worldwide.

Facebook

Type above and press Enter to search. Press Esc to cancel.